စစ်တွေ-ပေါက်တောရေကြောင်းလိုင်းပိတ်လိုက်တဲ့အပေါ် ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်ကို နိရဉ္စရာသတင်းဌာနက မေးမြန်းတဲ့အင်တာဗျူး ....
မြန်မာစစ်ကောင်စီဟာ ၇ခိုင်ပြည်အတွင်း မြို့နယ် တစ်ခုနဲ့တစ်ခု သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေး ကို ပိတ်ပင်ထားသလို စစ်တွေနဲ့ တစ်ခြားမြို့နယ်တွေအကြား ကုန်လမ်း၊ ရေလမ်းသွားလာမှုတွေကို ပိတ်ဆို့ထားပါတယ်။ ပေါက်တောမြို့နယ်ဟာ ၇ခိုင်ပြည်နယ်မြို့တော်နဲ့ ဆက်သွယ်တဲ့နေရာမှာ ရေလမ်းကို အဓိက အားကိုးနေ၇တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ပေါက်တောမြို့နယ်နဲ့ စစ်တွေမြို့အကြား ရေကြောင်းကနေ ဆက်သွယ်သွားမူတွေကို ဒီလ ၁၈ ရက်နေ့က စပြီး ရက်အကန့်အသတ်မရှိ တားဆီးပိတ်ပင်လိုက်ပါတယ်။ ဒီစစ်အုပ်စုရဲ့ လုပ်ရပ်အပေါ်ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်ကို နိရဉ္စရာသတင်းဌာနက မေးမြန်းတင်ပြလိုက်ပါတယ်။
---------
မေး- စစ်တွေပေါက်တော ရေကြောင်းခရီးတွေကို စစ်ကောင်စီက ပိတ်လိုက်တာနဲ့
ဖြေ- ပေါက်တောမြို့နယ်ဟာချောင်းတွေ၊ မြစ်တွေ၊ ကျွန်းတွေပေါများတဲ့ ဒေသတစ်ခုဖြစ်ပြီး ရေလမ်းကို အဓိကအားကိုးနေ၇တဲ့ မြို့နယ် ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်ကူးသန်းမှု လူ့အဖွဲ့အစည်းတစ်ခုရဲ့ အဓိလိုအပ်ချက်တွေဖြစ်ပါတယ်။အခုလို ရေလမ်း ဆက်သွယ်ရေးကို ဖြတ်တောက်တာက တော်တော် လူ့အခွင့်အရေးချိုးဖောက်တဲ့သဘောရှိတာပေါ့။ သမိုင်းဦးခေတ်ကတောင် ဒီလောက်အခြေအနေ မဆိုးဘဲနဲ့ အခုအခါဒီလောက် တိုးတက်နေတဲ့ခေတ်
မေး- အခုလိုရေလမ်းကြောင်းလမ်းကြောင်း
ဖြေ- ကုန်စည်စီးဆင်းမှုက စစ်တွေကတစ်ဆင့် တခြားနေရာတွေကိုစီးဆင်းတာလေ။ အခု စစ်တွေကို သွားလာနေတဲ့ ရေလမ်းကြောင်းကို ပိတ်ရင် လူသုံးကုန်ပစ္စည်း တွေအဆမတန်ဈေးမြင့်တက်သွားမယ်။ တစ်ရာတန်ကို တစ်ထောင်ပေးပြီးစား၇မယ်။ နောက်ပိုင်းဆိုရင် ကုန်သွယ်စီးဆင်းမှုမရှိရင် ပေါက်တောဒေသမှာရှိတဲ့သူတွေ ကျန်းမာရေး၊စားဝတ်နေရေး အစခပ်သိမ်းအခက်အခဲဖြစ်ပြီး လူတွေရဲ့ နေ့စဉ် ဘ၀ကို အကြီးအကျယ်ထိခိုက်မှုဖြစ်သွားနိုင်တယ်။ တည်ငြိမ်တဲ့ လူနေမှုဘ၀ကို ထိခိုက်ပျက်စီးသွားနိုင်တဲ့ အနေအထားကိုရောက်သွားနိုင်တယ်လို့ပြော၇မှာပေါ့။
မေး- ဘာလို့ စစ်ကောင်စီကအခုလို ၇ခိုင်ပြည်အတွင်းမှာရေလမ်းသွားလာမှုကို ပိတ်တယ်တယ်လို့ထင်ပါသလဲ။
ဖြေ- အခုက ၇ခိုင်ဒေသမှာ စစ်ရေးပဋိပက္ခပေါ့။ စစ်ရေးပဋိပက္ခဆိုလည်း စစ်အချင်းချင်းတိုက်ကြပေါ့။ ရက္ခိုင့်တပ်တော်ကို စစ်တိုက်မယ်ဆိုရင် သူတို့တိုက်လို့၇တာပဲ။ အခုက အဲ့လိုစစ်တိုက်တာမဟုတ်ဘဲ၊ ပြည်သူတွေကိုသက်သက်ငတ်ပြတ်အောင်
မေး- ၇ခိုင်ပြည်နယ်မှာ အဓိကအားထားနေရတဲ့ရေကြောင်းသွား
ဖြေ- ၇ေလမ်းကြောင်းကရခိုင်မှာ အဓိကဆက်သွယ်ရေးလမ်းကြောင်းပေါ့။ တစ်မြို့နဲ့ တစ်မြို့၊ တစ်ရွာနဲ့ တစ်ရွာ၊ရေလမ်းကို အဓိကထားသွားနေကြတာပါပဲ။ ဒါကိုပိတ်ဆို့ထားတဲ့
(ပြီး)