ရခိုင်ပြည်နယ်အတွင်း လတ်တလောရက်များအတွင်း စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိဘဲ လက်နက်ကြီးများဖြင့် လူနေ ကျေးရွာများထဲ ပစ်ခတ်နေသဖြင့် သေဆုံးသူများ တစ်နေ့ တစ်ခြားမြင့်တက်နေပါသည်။အဆိုပါ စစ်ကောင်စီတပ်က ရခိုင်ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများနှင့် ပတ်သက်ပြီးရက္ခိုင့်တပ်တော် ( AA) ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခအား ဆက်သွယ်မေးမြန်းပြီးတင်ပြပေးလိုက်ပါသည်။
နိရဉ္စရာ- မနေ့က နိုဝင်ဘာ ၁၆ရက်နေ့ မောင်တောမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ ရပ်ရွာထဲကို ပစ်ခတ်တဲ့အတွက် အရပ်သားပြည်သူတွေအစုလိုက် အပြုံလိုက်သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိခဲ့တယ်လို့သိ၇ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးအေအေဘက်က သိရှိထားတဲ့ အခြေအနေတွေကိုပြောပြပေးလို့ ၇နိုင်မလား။
ဦးခိုင်သုခ- မနေ့က နေ့လယ် ၁ နာရီလောက်မှာ မောင်တောမြို့နယ်၊ ကြိမ်ချောင်း နခခ(၇)ကနေပြီး လက်နက်ကြီး(၂) လုံးပစ်တာ ရှိတယ်။ အဲ့ဒီပစ်လိုက်တဲ့ ၂လုံးက ဂြိတ်ချောင်းမြိုရွာမှာ ကလေး ကင်ပွန်းတပ်ပွဲမှာ ကျရောက်ပေါက်ကွဲပြီး အဲ့ဒီပွဲကိုရောက်နေတဲ့အရပ်သားပြည်သူ (၁၁) ဦးသေဆုံးပြီး (၂၄) ယောက်ဒဏ်ရာရသွားတယ်လို့သိ၇တယ်။ တချို့ကို ကြိမ်ချောင်းမှာ ဆေးကုသနေပြီး နောက် ဒဏ်ရာပြင်းထန်သူတွေကိုတော့ မောင်တောဆေးရုံကိုယူသွားတယ်လို့သိ၇ပါတယ်။ နောက်ပြီး ဒီနေ့ မနက် ၁၁ နာရီက ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမ၇(၃ရ၇) နဲ့ (၅၃၉) တပ်ရင်းတွေက လက်နက်ကြီး တပ်တွေက (၁၀၅) မီလီမီတာလို့ထင်၇တဲ့လက်နက်ကြီး (၁၄) လုံး လှမ်းပစ်တာရှိတယ်။ အဲ့ဒီ လက်နက်ကြီးက ချောင်းတူရွာကို ကျရောက်ပေါက်ကွဲပြီးအပြစ်မဲ့ပြည်သူ အမျိုးသား(၃) ဦး သေဆုံးပြီး နောက်ထပ်အမျိုးသမီး (၂) နဲ့ အမျိုးသားတစ်ဦး စုစုပေါင်း (၃) ဦး ဒဏ်ရာ၇သွားတာ ရှိပါတယ်။
နိရဉ္စရာ- အခုလို သူတို့ စစ်ကောင်စီတပ်တွေ အနေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာဟာ အဲ့ဒီကျေးရွာဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့လို့ပါလား။ဒါမှမဟုတ် ဘာကြောင့် အခုလို ပစ်ခတ်တာဖြစ်တယ်လို့ ထင်ပါလဲ။
ဦးခိုင်သုခ- ဒါဟာ တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ကျနော်တို့ အရပ်သား ပြည်သူတွေကို မတရားပစ်ခတ်သတ်ဖြတ်နေတာတွေ ဖြစ်ပါတယ်။ အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေကိုမတရားပစ်ခတ်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို ကျနော်တို့ ရက္ခိုင့်တပ်တော် အနေနဲ့ အခြေနေပေးရင်ပေးသလိုကျနော်တို့ လက်တုံ့ ပြန်သွားမှာဖြစ်ပါတယ်။ တစ်ဖက်ကပြောရရင် တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့အရပ်သားပြည်သူတွေကို အခုလိုမျိုး မတရား ပစ်ခတ် သတ်ဖြတ်နေတာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာ ဖြစ်တယ်။ ဒီစစ်ရာဇဝတ်မှုတွေအတွက်လည်းမြန်မာစစ်ခေါင်းဆောင်တွေဟာ တာဝန်ယူမှု ၊ တာဝန်ခံမှုရှိ၇မှာဖြစ်ပါတယ်။
နိရဉ္စရာ- အခုလို လက်နက်ကြီးတွေနဲ့ကျေးရွာတွေကို ပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ဒေသခံတွေသေဆုံးမှုကလည်း တစ်နေ့ထက် တစ်နေ့တိုးလာနေပါတယ်။ ဒီအပေါ် မှာကော ဆရာတို့အနေနဲ့ ဘာများပြောချင်ပါလဲ။
ဦးခိုင်သုခ- မြန်မာစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးသူရဲဘောကြောင်စွာ ပစ်ခတ်နေတာက မြန်မာစစ်တပ်ရဲ့ စစ်သားမပီသမှု၊ ယောကျာ်း မပီသမှု၊ သူရဲဘောကြောင်မှုတွေကိုဖော်ပြနေတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ရှုံးနိမ့် မှုတွေကို ပြည်သူတွေအပေါ်အငြိုးအတေးထားပြီး ရခိုင်ပြည်သူတွေကိုလူမျိုးရေးအရအခုလို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာအဓိက ကြေးတပ်ဟာ မတိုးနိုင်ဖြစ်နေတဲ့ အတွက် လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူတွေကို အဓိကထားပြီးစစ်တိုက်တာတွေ့ရတယ်။ လေကြောင်းတိုက်ပွဲမှာလည်း အရင်က ၇ဟက်ယာဉ်တွေ၊ ဂျက်ဖိုက်တာတွေ အပြင် အခုတော့ ဒရုန်းတွေကိုပါတွင်တွင်ကျယ်ကျယ်သုံးပြီး အရပ်သားပြည်သူတွေကို ဒရုန်းတွေနဲ့ လာပစ်တာတွေ၊ ရွာထက်မှာဒရုန်းတွေ အချိန်ပြည့်ပျံဝဲပြနေတာတွေ၊ ဒါတွေဟာ ကျနော်တို့ ပြည်သူတွေကို မြန်မာစစ်တပ်ဘက်ကခြိမ်းခြောက်နေတာတွေ ဖြစ်ပါတယ်။ တစ်ဖက်က ပြောရမယ်ဆိုရင်တော့ ရခိုင်အမျိုးသားရေး လှုပ်ရှားမှုကိုပြည်သူတွေ မထောက်ခံရဲအောင် ၊ စိတ်ဓာတ်ရေးရာတွေ ပျက်စီးသွားအောင်၊ ကြောက်လန့်သွားအောင် မြန်မာစစ်ကောင်စီတပ်က သူရဲဘောကြောင်စွာ လုပ်နေတာ ဖြစ်ပါတယ်။ သို့သော် ကျနော်တို့ပြည်သူတွေရဲ့မျိုးချစ်စိတ်ဓာတ်နဲ့ လွတ်မြောက်လိုမှုကိုတော့ မြန်မာစစ်တပ်အနေနဲ့ အခုချိန်ထိ လုံး၀ချိုးနှိမ်လို့မရဘူးဆိုတာကိုတော့အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဖော်ပြနေတာဖြစ်ပါတယ်။ တစ်ဖက်မှာ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ရှုံးနိမ်းမှုတွေကိုသူတို့ကိုယ်တိုင်ဝန်ခံနေတာလည်းဖြစ်တယ်လို့ ကျနော်တို့က ဒီလိုပဲမြင်ပါတယ်။
နိရဉ္စရာ- အခုလို ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှုဖြစ်ပေါ်နေတဲ့ အတွက် ၇ခိုင်ပြည်သူတွေအနေနဲ့ အားမလို အားမရဖြစ်နေကြတာတွေရှိနေပါတယ်။စစ်ကောင်စီအပေါ် ရက္ခိုင့်တပ်တော်အနေနဲ့ ဘယ်လိုတုံ့ပြန်သွားဖို့ရှိပါသလဲ။
ဦးခိုင်သုခ- ကျနော်တို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (AA) အနေနဲ့ကတော့ ကျနော်တို့ ပြည်သူတွေ ခုလို မတရားသတ်ဖြတ်ခံ၇မှုအတွက် ဘယ်လိုအခြေအနေမှာမဆို ကျနော်တို့ဟာမဖြစ် ဖြစ်အောင် လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ (NN-7)