ဦးဖေသန်း (ရခိုင်ဝါရင့်နိုင်ငံရေးသမား)နိရဥ္စရာ၊ဒီဇင်ဘာ ၁၄/၂၀၂၂
တိုင်းပြည်ကို အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် (AA)နဲ့ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ (၄) ကျော်ကာလအတွင်းမှာရခိုင်ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃၀ ကျော် ၄၀ နီးပါး သေဆုံးခဲ့ပြီးအများအပြားလည်း ဒဏ်ရာရရှိခဲ့သလို ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦအများအပြားလည်း ပျက်စီးခဲ့၇ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်အင်းကြီးကျေးရွာသား ၁၀ ဦးကိုသတ်ဖြတ်ခဲ့သလို မောင်တောမြို့နယ်မြောက်ပိုင်းကဂြစ်ချောင်းကျေးရွာကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် မြိုတိုင်းရင်းသား ၁၃ ဦးသေဆုံးခဲ့ပါတယ်။ တစ်ခြားကျေးရွာတွေကိုလည်းလက်နက်ကြီးနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါ့ပြင် ရခိုင်ပြည်အတွင်း လမ်းပမ်းဆက်သွယ်ရေးတွေကိုဖြတ်တောက်ပြီး ရိက္ခာတွေဖြတ်၊ဆေးဝါးတွေဖြတ်၊ လောင်စာဆီတွေဖြတ်တွေ ပြုလုပ်ပြီး ရခိုင်ပြည်သူတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့ကာ အစွမ်းကုန်ဖိနှိပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုလို ၇ခိုင်ပြည်သူတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ် ဖိနှိပ်မှုတွေကို တစ်သီးတစ်တန်းကြီး ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုဟာ အခုတစ်ခါ အတုအယောင် ရခိုင်ပြည်နယ်နေ့မှာ ပျော်ပွဲရွှင်ပွဲတွေကိုစစ်တွေမှာ ပြုလုပ်ပြီး ရခိုင်လုထုကို စည်းရုံးဖို့ ကြိုးစားနေပါတယ်။ ဒီအပေါ်မှာ ရခိုင်ပြည်က ဝါရင့်နိုင်ငံရေးသမား တစ်ဦးလည်းမြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဖေသန်းကို ၇ခိုင်ပြည်နယ်နေ့နဲ့ပတ်သက်ပြီး သူ့အမြင်ကို နိရဉ္စရာသတင်းဌာက မေးမြန်းကြည့်တော့သူက အခုလို ပြောဆိုပါတယ်။
မေး- အပစ်အခတ်တွေရပ်စဲပြီးနောက် လက်ရှိ၇ခိုင်က မြို့နယ်အားလုံးမှာ စစ်ကောင်စီက ဦးဆောင်ပြီး (၄၈)ကြိမ်မြောက် အတုအယောင်ရွှေရည်စိမ် ၇ခိုင်ပြည်နယ်နေ့ကို စည်စည်ကားကားကျင်းပနေတာတွေ့၇ပါတယ်။ ဆိုတော့ ပထမဆုံးအနေနဲ့ ပြည်နယ်နေ့နဲ့ပတ်သက်ပြီး ဆရာ့အမြင်လေးသိချင်ပါတယ်။
ဦးဖေသန်း- ကျနော်တို့မြင်တာတော့ ဒီပြည်နယ်နေ့ဟာစက္ကူထက်ကပေးထားတဲ့ ပြည်နယ်နေ့၊ စက္ကူကျားပြည်နယ်နေ့၊ ၇ခိုင်တွေအတွက် ဘာမှ အခွင့်အရေး မရှိတဲ့ ပြည်နယ်နေ့။ ပြည်နယ်တစ်ခုရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊သယံဇာတခွဲဝေခွင့် စသည်ဖြင့် ဘာမှပါတာမဟုတ်ဘူး။ ဘာမှပေးထားခြင်းမရှိဘူး။ဒါကြောင့် ပြည်နယ်နေ့ကိုတော့ ကျနော်တို့အနေနဲ့ အသိအမှတ်ပြုလို့မရပါဘူး။ ဒီလိုမျိုး အသိအမှတ်ပြုလိုက်ရင်လည်း အဲ့ဒီပြည်နယ်နေ့ကပေးတဲ့အခွင့်အရေးလောက်ပဲ၇မယ်။ ဒါကြောင့်စစ်ကောင်စီကတော့ တိုင်းရင်းသားတွေ၊ အခြားလူမျိုးတွေကို စည်းရုံးတဲ့အနေနဲ့မင်းတို့ကိုငါတို့ အခွင့်အရေးပေးတယ်။ ပွဲလမ်းသဘင်တွေကျင်းပပေးတယ်ဆို
မေး- ပြည်နယ်နေ့နဲ့ ပတ်သက်ပြီးရခိုင်လူထုရဲ့အမြင်ကိုရော ဆရာဘယ်လိုမြင်ပါလဲ။
ဦးဖေသန်း- ပြည်နယ်နေ့ဆိုတာကနိုင်ငံရေးနဲ့ဆိုင်တယ်။ နိုင်ငံရေးအနှစ်သာရရှိတဲ့ ပြည်
မေး- အခုလိုစစ်ကောင်စီကကျင်းပတဲ့ ပြည်နယ်နေ့မှာ သီချင်းဆိုမယ့် ရခိုင်အဆိုတော်တွေရော၊ပြည်နယ်ကောင်စီကိုရော လူထုကြား လက်မခံမှုတွေနဲ့ ဝေဖန်မှုတွေရှိနေတာကိုကြားရပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုများပြောချင်ပါလဲ။
ဦးဖေသန်း- အဆိုတော်တွေဆိုတာလည်းရခိုင်ပြည်ရဲ့စွမ်းအားတွေပဲ။ သူတို့တွေ အမျိုးသားရေးသီချင်းတွေဆိုတုန်းကတော့ လက်ခုပ်တီးပေးလို့၇တယ်။ ဒါပေမယ့် အခုလို ကျွန်ဖြစ်နေတဲ့လူမျိုးတစ်မျိုးအတွက် ပေးတဲ့ကျွန်ဆုကို အား၇ဝမ်းသာနဲ့သွားပြီးယူတယ်။ဂုဏ်ပြုတယ် ဆိုတာကတော့ဒီအဆိုတော်တွေအတွက် ပုံရိပ်ကျတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်လည်းရှက်ဖို့ကောင်းတဲ့ကိစ္စဖြစ်ပါ
မေး- နောက်ဆုံးမေးခွန်းအနေနဲ့အခုစစ်ကောင်စီကျင်းပနေတဲ့ ပြည်နယ်နေ့ကို ၇ခိုင် ပြည်သူတွေအနေနဲ့ရောပါဝင်ဆင်နွဲသင့်လားပေါ့လေ။ ဒီအပေါ်မှာရော ဆရာဘယ်လိုပြောချင်ပါလဲ။
ဦးဖေသန်း- ရခိုင်လူထုကတော့ဒီပွဲကို ရင်ခုန်မှာမဟုတ်ဘူး။ ဒါပေမယ့် အဆိုတော်တွေဆိုရင်တော့သွားကြည့်ချင်ရင်သွားကြည့်မယ်။ ဒါကြောင့်ထိုက်တန်တဲ့ အားပေးမှုတော့ရမှာမဟုတ်ဘူး။ ဒါပျော်ပွဲရွှင်ပွဲသပ်သပ်လို့