Preview

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် EAO (၅)ဖွဲ့ တွေ့ဆုံပွဲ ရလဒ်တွေက ဘာတွေလဲ ?

ဒီဇင်ဘာ ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :1223
အင်တာဗျူး

(ALP ဒု- ဥက္ကဋ္ဌ စောမြရာဇာလင်းကို နိရဉ္စရာသတင်းဌာနက မေးမြန်းတင်ပြသည်)

 စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  (PPSP) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၅ ဖွဲ့တို့ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်ထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းဆွေးနွေးပွဲသို့  တက်ရောက် ဆွေးနွေးခဲ့ကြသူများမှာ PNLO နာယက ခွန်ဥက္ကာ၊ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊DKBA စစ်ဦးစီးချုပ်စောစတီး၊ KNU/KNLA PC ဒုတိယဥက္ကဋ္ဌ  ဒေါက်တာနော်ကပေါ်ထူးနှင့် LDUဒုဥက္ကဋ္ဌ တို့ဖြစ်ကြသည်။  ၎င်းဆွေးနွေးပွဲတွင် ၀၀၈နာဂစ် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရှိ၇ပါသည်။အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်းအဖွဲ့ ၅ ဖွဲ့က ထုတ်ပြန်ကြေညာချက်တစ်စောင်ကိုဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ  ALP ဒုဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းကို နိရဉ္စရာသတင်းထောက်တစ်ဦးက မေးမြန်းပြီး တင်ပြပေးလိုက်ပါသည်။

မေး-  ဒီ ၃ ရက်ကြာတွေ့ဆုံဆွေးနွေးပွဲမှာပေါ့ ဘယ်လို သဘောတူချက်မျိုးတွေများ ရရှိခဲ့ပါသလဲ ခင်ဗျာ။

ဖြေ- သတင်းအချက်အလက်အစုံကိုတော့ Statementမှာတော့ ထုတ်ဖော်ပြောလေ့ပြောထတော့ မရှိဘူး။ယေဘူယျအားဖြင့်ပဲ ပြောလို့၇မှာ ဖြစ်ပါတယ်။ အဓိက ကတော့၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက်ဆိုရင် အချက် ၁၀ ချက်ကို ရခဲ့တာရှိပါတယ်။ အဲ့ဒီ ၁၀ချက်ဟာဆိုရင် အဆိုပြုမူကြမ်းအဖြစ် ရရှိတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံကိုကျ လွှတ်တော်မှာမှပဲ အတည်ပြုသွားလို့ ဖြစ်တဲ့အတွက်ကြောင့်အခုရရှိထားတာသည် လွှတ်တော်မှာ အတည်ပြု ဖို့အတွက် ရရှိထားအဆိုမူကြမ်းသာဖြစ်တယ်လို့ပဲပြောလို့၇မှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ အချက် ၄ ချက်ထဲက ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာအချက်ကို ပြောခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံတစ်ခုမှာဆိုရင် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်အောင်သွားတော့မယ်ဆိုရင် ပါတီစုံ ဒီမိုကရေစီစနစ်ကိုလက်ခံရမယ်။အဲ့ဒါတွေကို လက်ခံဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရှိ တယ်။ နောက်ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အဲ့တည်ဆောက်ရေးကတော့ NCA စာချုပ်ချုပ်ကတည်းကလဲ ပါတယ်။ - နောက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုလည်း ပူးတွဲပြီးတော့မှ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးသဘောတူညီချက်ရခဲ့တာရှိပါတယ်။

 မေး- နောက်ထပ်ရော ဘယ်လို ဆွေးနွေးမှုမျိုးတွေနဲ့သဘောတူချက်ရရှိခဲ့တာမျိုးတွေ ရှိသေးပါသလဲ ခင်ဗျာ။

ဖြေ- နောက်ပြီး တရားဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးရေး တည်ငြိမ်ရေးနဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေကျင်း ပနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ အတွက်ကိုလည်း EAOs ဘက်ကအလေး ထားပြီးဆွေးနွေးခဲ့တာတွေရှိပါတယ်။ အဲ့ဒါတွေကသဘောတူညီချက်တွေရခဲ့တာ။ အားလုံးသဘောတူညီချက်တွေအပေါ်မှာမူတည်ပြီးတော့ လက်မှတ်ထိုးဖို့ဆိုတဲ့သဘောတူညီချက်တွေလဲ ရခဲ့တာဖြစ်ပါတယ်။ ရှိပါတယ်။

 မေး- ဆွေးနွေးခဲ့တာတွေက ၇လဒ်တွေက တိုင်းရင်းသားပြည်သူတွေအတွက်ရော၊  EAOs အတွက်ရော ဘယ်လောက် အကျိုး သက်ရောက်မှုရှိတယ်လို့ထင်မြင်မိပါသလဲ 

ဖြေ- NCA လက်မှတ်ထိုးထားကြတဲ့ အဖွဲ့အားလုံးသည် အဓိက မိမိအတွက်မိမိပါတီအတွက် ဆိုတာမျိုးတွေထက် ပြည်ထောင်စုအရေးကို အဓိကထားပြီးတော့မှ ကြိုးပမ်းကျတဲ့ဟာများပါတယ်။ပြည်ထောင်စုတစ်ခုလုံးထဲမှာ ကိုယ်တို့တွေလဲပါဝင်နေတယ်အဲ့ဒါကြောင့် မလို့ ပြည်ထောင်စု အေးချမ်း၇မယ်ပြည်ထောင်စုတည်ငြိမ်အေးချမ်းရမယ် ဆိုတဲ့ စဉ်းစားချက်တွေကပိုများပါတယ်။ အဲ့ဒါကြောင့်မလို့ ဆွေးနွေးတဲ့ အခါမှာလည်းပဲ အဓိက တိုင်းပြည်အပြောင်းအလဲဖြစ်လာမယ်ဆိုရင် ပြည်ထောင်စုရဲ့ စနစ်တွေ ပြောင်းလဲ ို့ လိုအပ်တယ်။ အဲ့ဒါကြောင့်မလို့ပြည်ထောင်စုရဲ့ အရေးကိုပဲ အဓိကထားဆွေးနွေးကြတာဖြစ်ပါတယ်။ ပြည်သူအတွက်ဆွေးနွေးတယ် ဆိုရင်မမှားပါဘူး။

 မေး- ဆွေးနွေးပွဲမှာ NCA ၇ ဖွဲ့အထဲက NMSPနဲ့ SSPP ဖွဲ့ (၂) ဖွဲ့ မတက်ရောက်ခဲ့ဘူးဆိုတော့လေ၊အဲ့ဒီအပေါ်ရော ဘယ်လိုမှတ်ချက် ပြုချင်ပါသလဲ

ဖြေ- တိုင်းပြည်တစ်ခုလုံးရဲ့ ဖွံ့ဖြိုးရေး တည်ငြိမ်းအေးချမ်းရေးနဲ့ဒီမိုကရေစီဆန်တဲ့ နိုင်ငံရေး စနစ်ဖြစ်လာဖို့ ကိစ္စတွေကိုတော့ ဆွေးနွေးပါတယ်။ အဓိကကတော့ဒီကာလမှာ ၅ ဖွဲ့ကတော့ ဆွေးနွေးပြီးပြီ နောက်ဆိုရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့ ပါလာနိုင်တယ် ပြီးတော့ ရ ဖွဲ့ အေးအေးဆေးဆေး ဆွေးနွေးနိုင်အောင်သဘောတူညီချက်ကို မှတ်တမ်းထားရှိနိုင်ခဲ့တယ်။ အမြန်ဆုံးတွေ့ဆုံနိုင်ဖို့ ဆိုတာမျိုးကိုဆွေးနွေးနိုင်ခဲ့ကြတယ်။ ပြီးရင် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်နေတာပေါ့ ဒီပဋိပက္ခတွေ လျော့ချဖို့ လိုအပ်တယ်။ NCA ရဲ့ မူအရဆိုရင် စစ်ကို စစ်နဲ့ မဖြေရှင်းဘူး။ အင်အားသုံးပြီးမဖြေရှင်းဘူး။ပြဿနာကို အင်အားသုံးပြီးတော့မှ မဖြေရှင်းဘူး၊ NCA ရဲ့ လမ်းကြောင်းအတိုင်း ဒိုင်ယာလော့ ( Dialogue) ကနေပြီးတော့မှ သွားမယ်။ နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကိုဖန်တီးပြီးတော့မှ ပြသာကို စားပွဲဝိုင်းမှာ အဖြေရှာမယ်ဆိုတဲ့  NCA လမ်းကြောင်းအတိုင်းကိုပဲသွားဖို့အတွက်ကို ဆောင်ရွက်သွားဖို့ဆိုတာကို မှတ်တမ်းတွေ ရရှိခဲ့ပါတယ်။

ပြီးရင် NCAလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အခါမှာ Join Ownership ပုံစံမျိုးနဲ့ပဲ သွားလာကြတာဖြစ်တယ်။အခြားပြည်သူတွေရဲ့ အကျိုးကို ပြောချင်တာကတော့ အရပ်သားတွေကို ကာကွယ်၇မယ်ဆိုတာ NCA ရဲ့ အနှစ်သာ၇ဖြစ်ပါတယ်။ NCA ရဲ့ အနှစ်သာ၇အတိုင်းပဲ  ဆွေးနွေးတာဖြစ်ပါတယ်။

 မေး-နေရပ်စွန့်ခွာမှုတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတာမျိုးတွေရှိခဲ့တယ်လို့ သိ၇ပါတယ်၊ အဲ့ဒါလေးလဲ ပြောပြပေးစေလိုပါတယ်ခင်ဗျာ။

ဖြေ-ပြည်သူတွေဟာ အခုချိန်မှာ နေရပ်စွန့်ခွာပြီးတော့ ဟိုရောက်ဒီရောက်ဖြစ်နေတာဖြစ်တယ်၊အဲ့တော့ ပြည်သူတွေရဲ့ ဒုက္ခဟာကိုယ်တွေရဲ့ ဒုက္ခဖြစ်တယ် ပြည်သူတွေအပေါ်မှာ စာနာမှု နားလည်မှုကအများကြီးလိုအပ်တယ်။ အဲ့ဒီအတွက်ကြောင့် လူသားချစ်စာနာထောက်မှု ကိစ္စရပ်တွေကိုလည်း ပူးပေါင်းဆောင်ရွက်သွားဖို့အတွက်မနေ့ကနှစ်ဦး နှစ်ဖက်ဆွေးနွေး သဘောတူညီခဲ့ကြတာရှိတယ်။ အဲ့ဒါတွေဟာ နှစ်ဦး နှစ်ဖက်အတွက် ကောင်းတဲ့အချက်လို့ ပြောချင်ပါတယ်။

 ေး- ဒီဆွေးနွေးပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ ရော တိုင်းရင်းသားပြည်သူတွေကိုဘယ်လိုအမှာစကားပါးခြင်းပါသလဲ ခင်ဗျ

ဖြေ-အခု ကျမတို့ ကြိုးပမ်းနေခြင်းသည် တစ်ဦးတည်းအတွက်တစ်ယောက်တည်းအတွက်မဟုတ်ဘူး။ တစ်ဖွဲ့ တစ်ပါတီအတွက်မဟုတ်ဘူး။  ပြည်ထောင်စု တည်ငြိမ်အေးချမ်းရေး ပြီးရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိလာဖို့ လိုအပ်တယ်။ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဆွေးနွေးပွဲမှ တဆင့် နိုင်ငံရေးအနှစ်သာရရှိရှိ ရရှိနိုင်ဖို့ရာအတွက်ကြိုးပမ်းဆောင်ရွက်နေခြင်းပဲဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ အခုဆွေးနွေးပွဲကရရှိလာတဲ့ ပဏာမအောင်မြင်မှုသည် ပြည်သူလူထု တစ်ရပ်လုံးအတွက် ကောင်းတဲ့ ရလဒ်ဖြစ်တယ်။ ဒီထက် မက အောင်မြင်အောင်လဲကျမတို့ ကြိုးပမ်းသွားရမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီပဏာမရရှိခြင်းသည် ပင်လျှင် အားလုံးအတွက်ကောင်းတဲ့ ရရှိခြင်းဖြစ်တယ်လို့ အမှာစကားပါးချင်ပါတယ်။

 (ပြီး)

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.