Preview

“စစ်ကောင်စီရဲ့ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေဟာ အထွေထွေသတ်ဖြတ်ပွဲကြီးဆင်နွဲဖို့သဘောပါပဲ”

ဖေဖော်ဝါရီ ၁၄/ ၂၀၂၃ | ကြည့်ရှုသူ :1241
အင်တာဗျူး

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

 

စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပြည်သူ့စစ်တွေနဲ့ ဌာနေလုံခြုံရေးအဖွဲ့တွေလုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ခွင့်ပြုမယ်လို့ ၂၀၂၃၊ ဇန်နဝါရီ(၃၁) ရက်စွဲနဲ့  စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။ဒါဟာ လွန်ခဲ့တဲ့ ၄၆ နှစ်က ပြဋ္ဌာန်းထားတဲ့ လက်နက်ကိုင်ဆောင်ရေးမူကိုအနည်းငယ် ပြုပြင်ပြီး ပြန်လည်ထုတ်ပြန်လာတာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေကဆိုပါတယ်။

 

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ြည်သူလူထုက သူတိုရဲ့ လုံခြုံရေးအတွက် တောင်းဆိုတာတွေရှိပါတယ်။ ကျနော်တို့အနေနဲ့ တကယ့်ကိုပဲ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လိုအပ်နေတဲ့သူတွေ၊ ခြိမ်းခြောက်မှု ခံနေ၇တဲ့သူတွေ၊ လက်နက်နဲ့ ပတ်သက်ပြီးတော့ စည်းကမ်း စနစ်တကျ ကိုင်နိုင်မယ့် သူတွေကိုပဲ အများအားဖြင့် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်လို့ပြောဆိုထားတွေကိုလည်း တွေ့၇ပါတယ်။

 

လိုင်စင် ပါမစ်တွေနဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် လက်နက်အမျိုးအစား ငါးခုရှိပြီး အဲဒီထဲမှာသေနတ် 9 MM အမျိုးအစား ပစ္စတိုPoint 22 အမျိုးအစား သေနတ်၊ ရိုင်ဖယ်နဲ့ စက်ကလေး အမျိုးအစားသေနတ်၊ အမဲလိုက် သေနတ်နဲ့ လေသေနတ် အမျိုးအစားတွေ ခွင့်ပြုပေး သွားမှာလို့ သိ၇ပါတယ်။

ဒီလက်နက်ကိုင်ဆောင်ခွင့် ဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းပြီးတင်ပြပေးလိုက်ပါတယ်။

 

မေး - စစ်ကောင်စီကနေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ပြန်လည်ခွင့်ပြုပေးမယ့်အပေါ်ဘယ်လို မြင်ပါသလဲ

ဖြေ - (၇၅) နှစ်ပြည့်ပြီးနောက်ပိုင်းမှ တစ်ခါမှ မလုပ်ဖူးတဲ့ အရပ်ဖက်ကိုလက်နက်ကိုင်ဆောင်ခွင့် ပေးမယ်ဆိုတဲ့ ဥပဒေ ကြီးပြဌာန်းလိုက်တာတော့ အံ့သြစရာပေါ့ဗျာ။ဒါပေမယ့် တကယ် ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ အခြေကိုကြည့်ရင်တော့ သိပ်တော့မဆန်းပါဘူး။

 

မေး - မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ  လက်နက်ကိုင်ဆောင်ခွင့်ပြုဖို့ဆိုတာက တကယ် လိုအပ်လို့လား ခင်ဗျာ။ ဘယ်လို အခြေအနေတွေကြောင့် ဒီလောက် အန္တရာယ်များတဲ့ ခုလိုဥပဒေမျိုးကို စစ်ကောင်စီထုတ်၇တာပါလဲ

ဖြေ - ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီအခြေနဲ့ပတ်သက်ပြီးတော့မင်းအောင်လှိုင်ကိုယ်တိုင်ရှင်းပြတဲ့ အထဲမှာ ဗမာပြည်မှာ ဖြစ်နေတဲ့ မြို့နယ်ပေါင်း ၃ရမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်ပေါ့ဗျာတိုင်းပြည်မှာ လက်တွေ့ သူတို့ အနေနဲ့ အုပ်ချုပ်နိုင်စွမ်းမရှိတဲ့ မြို့နယ်၃၇ မြို့နယ်ရှိတယ်ပေါ့ဗျာ။ သူတို့ အုပ်ချုပ်နိုင်တဲ့ နယ်ကလည်း ၁၉၀ လောက်ပဲရှိတယ်ဆိုတာကိုဝန်ခံလိုက်တာပေါ့ဗျာ။ အဲ့ဒါ ဘာလို့ ဖြစ်တာလဲ ဆိုတော့ သူတို့က အကြမ်းဖက်သမားလို့ စွပ်စွဲပြောဆိုနေတဲ့ NUG ဦးဆောင်တဲ့ PDFတွေPDF အားလုံးက တပ်ရင်း ၅၀၀ ကျော်လောက်ရှိပြီးပေါ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်းရှိပြီပေါ့ ဒါက အခုဆိုရင် သူတို့ကလည်း ရွေးကောက်ပွဲုပ်မယ်။ PDF နဲ့ NUG ကလည်း ဒီရွေးကောက်ပွဲကို ဖျက်ဆီးမယ်ဆိုပြီး ကြေညာထားတယ်။ ပီးရင် အခု ဒီနှစ် ၂၀၂၃ကို NUG က  ဗမာပြည်မှာ စစ်အင်အားအခြေအနေက အပြောင်းအလဲဖြစ်ပြီးတော့စစ်အုပ်စုအဆုံးသတ်မယ့် နှစ်လို့ ကြွေးကြော်နေတယ်။ တစ်ချိန်ထဲမှာ စကစ ဘက်ကည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာနေတတယ်။ အဲဒီ အနေအထားအောက်မှာ သူက တစ်ပြည်လုံးမှာ သူတို့ ပြောဆိုတဲ့ စရင်းဇယားတွေအရဆိုရင် အစိုးရရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ ကြံ့ခိုင်ရေးပုဂ္ဂိုလ်တွေ သတ်ဖြတ်ခံ၇တာ ၁၅၀၀ ကျော်ပြီလို့ သူက ပြောတယ်။ အဲ့ဒီအခါကျတော့ အခုလက်ရှိအခြေအနေက သူတို့အကြမ်းဖက်လုပ်ငန်းတွေလုပ်နေတဲ့ တစ်ချိန်ထဲမှာလည်ပြည်သူတွေရဲ့ အကျအဆုံးရှိ နေတယ်ဆိုပြီး ထုတ်ဖော်ဝန်ခံ၇တာပေါ့ဗျာအဲ့ဒီအခြေအနေမှာ သူတို့ အစိုး၇က ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးမယ် ဘုန်းကြီးတွေ တစ်ချို့ကို လက်နက်တပ်ဆင်ပေးမယ် သူတို့ မဘသ ဘုန်းကြီးအချို့ လက်နက်တပ်ဆင်ပေးပြီး သူ့လူတွေကို လက်နက်တပ်ဆင်ပေးဖို့အထိ ဆုံးဖြတ်လာတာပေါ့။ သူတို့က လူထုလို့ ပြောပေမယ့် လူထုဆိုတာ သာမန်ပြည်သူလူထုမဟုတ်ပါဘူး သူတို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တာဝန်ရှိတဲ့သူတွေရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိတဲ့ သူတွေ အဲ့ဒါတွေကို သူတို့ ကိုယ့်ကိုကိုယ်ခုခံ ကာကွယ်နိုင်စွမ်းရှိအောင် လက်နက်ထုတ်ပေးမယ့် ဆိုတဲ့ သဘောပြောလာတာပါ။

 

မေး - ဒီဥပဒေက  စစ်ကောင်စီ နောက်လိုက်တွေအတွက် သက်သက်လုပ်တဲ့ ဥပဒေမျိုးလား။ဘယ်လိုကြောင့်ထင်ပါလဲ

ဖြေ - လက်နက်ထုတ်ပေးတယ်ဆိုတဲ့ နေရာမှာလဲ သူတို့မှာ သဘောထားနဲ့ ဦးတည်ချက်တွေကပါပြီးသာပါတစ်ခုက ဘာလဲဆိုတော့ နိုင်ငံတော်ကို သစ္စာမဖောက်၇ဆိုလိုတာက သူတို့ကို တုန့်ပြန့် ဆန့်ကျင်တဲ့ အင်အားစုမဖြစ်၇ဘူးပေါ့ ဗျာ နောက်တစ်ခုက စစ်ကောင်စီရဲ့ အဖွဲ့စည်းအဆင့်ဆင့်က နေပြီးတော့ အမိန့်ညွန်ကြားချက်တွေကို နာခံအကောင်အထည်ဖော်မယ့်သူဖြစ်၇မယ်ဆိုတာ ပြောတာပေါ။ ဆိုလိုတာက ဒီလက်နက်ထုတ်ပေးမယ်ဆိုတာ သာမန်ပြည်သူလူထုမဟုတ်ပါဘူး။ သူတို့ကို အကာကွယ်ပေးမယ့် သူတို့ ပေးတဲ့ အမိန့်ကို နာခံဆောင်ရွက်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပေးမယ့်သဘော၊ သူတို့ခိုင်းတာကို လုပ်ရမယ်ဆိုတဲ့ သဘောပါ။ဒါက တိုင်းပြည်မှာ လုံခြုံမှုကင်းမဲ့နေတဲ့ အကြောင်း ထုတ်ဖော်ဝန်ခံ၇တဲ့အောက်မှာ ပေါ်ပေါက်လာတဲ့အစီစဉ်ဖြစ်တယ်လို့ မြင်ပါတယ်။

 

မေး - ဒီလက်နက်ကိုင်ဆောင်ရေးဥပဒေက ပြည်သူတွေအတွက် ဆိုးကျိုးတွေကရောဘာတွေဖြစ်လာနိုင်ပါသလဲ။

ဖြေ - လက်နက်တပ်ဆင်ခွင့်မ၇ခင်ကတောင်မှ သူတို့လူတွေ ပြည်သူလူထုအပေါ် အမျိုးမျိုးနှိပ်စက် အာဏာပြအခွန် အမျိုးမျိုးကောက်လုပ်နေတဲ့အချိန်မှာ လက်နက်ပါရှိသွားပြီဆိုရင်တော့အရင်ကထက် စကစနောက်လိုက်အင်အားစုတွေအနေနဲ့ ပိုပြီးတော့ အကြမ်းဖက်သောင်းကျန်းမှုတွေပြည်သူလူထုအပေါ် ဖိနှိပ်အနိုင်ကျင့်မှုတွေပိုပြီးလုပ်ဖို့ အခွင့်အလမ်းရှိလာမှာကတော့ အသေအချာပါပဲအဲ့ဒီကြားထဲမှာ ပြည်သူလူထုကြားထဲမှာ ပေါ်ပေါက်တဲ့အမှုအခင်းတောင် တိုင်စရာမရှိတရားစွဲစရာမရှိတဲ့ ထွေထွေတရားဥပဒေ စိုးမိုးမှုယိုယွင်းနေတဲ့ အခြေအနေ အောက်မှာ မုချ စစ်ကောင်စီလိုလားတဲ့ အင်အားစုတွေရဲ့ ပြည်သူလူအပေါ်ဖိနှိပ်မှုတွေက ပိုပြီးတော့ များလာမှာ သေချာပါတယ်။ သို့ သော်အဲ့ကိစ္စတွေအတွက်လည်း ကျနော်တို့ကထူးပြီးတော့မစိုးရိမ်ပါဘူး။ အခြေနေက သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး ဆိုလိုတာက အဲ့ဒါတွေအပေါ် လူထုကမခံမရပ်နိုင်လို့ ပြန်ပြီးတော့ တုန့်ပြန် တိုက်ခိုက်နေတဲ့ အခြေအနေအအောက်မှာ သူတို့လက်နက်ကိုင်လာရင် သာမန်ပြည်သူတွေကလည်း လက်နက်မဲ့ တုန့်ပြန်မယ့် အနေအထားတစ်ရပ် ပေါ်ပေါက်လာလိမ့်မယ်လို့ယုံကြည်မိပါတယ်။

 

မေး - နောက်ဆုံးအနေနဲ့  ဒီလက်နက်ကိုင်ဆောင်ခွင့် ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုရောဘာများ တိုက်တွန်းချင်ပါသလဲခင်ဗျား။

ဖြေ - ပြည်သူတွေအပေါ်မှာ ဖိနှိပ်မှုတွေများနေတဲ့ အခချိန်မှာ အခုလို လက်နက် တပ်ဆင်ပေးတယ်ဆိုတာ မြင်းဂျိုတက်ပေးတဲ့အလုပ်ပါပဲ၊ အဲ့ဒါတွေက လိုက်ကန်ရုံမကဘူး။ လ လိုက်ပြီးတော့ ခွေ့ လိုက်ပြီးတော့ သတ်ဖြတ်တဲ့အနေအထားတွေအထိ ပိုတိုးပွားလာမယ့် အနေအထားတွေကတော့ သေချာပါတယ်။ တစ်လျှောက်လုံး ပြည်သူအပေါ်လက်နက်တွေကိုင် ဗိုလ်ကျပြီး ပြည်သူလူထု လက်ထဲကို ဘယ်တုန်းကမှ လက်နက်မအပ်ရဲတဲ့ ကောင်တွေအခု သူ့နောက်လိုက်တွေကို လက်နက်တပ်ဆင်ပေးတယ်ဆိုတော့ အထွေထွေ သတ်ဖြတ်ပွဲကြီး ဆက်ပြီးကျင်းပတော့မယ့် ကျင်းပခွင့်၇တော့မယ့် အနေအထားဖြစ်လာတဲ့ အခါမှာပြည်သူ လူထုဘက်ကလည်း အဲ့ဒီအခြေနေနဲ့ ကိုက်ညီစွာ ကိုယ့်အင်အားကိုယ် စုဖွဲ့ပြီး တုန့်ပြန်ခုခံဖို့ပြင်ဆင်ထားဖို့လိုပြီးလို့ တိုက်တွန်းချင်ပါတယ်။

 

(ဖြေကြားပေးမှုအတွက် ဦးသန်းစိုးနိုင်အားကျေးဇူးတင်ရှိပါတယ်။)

 

(NN – 25)

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.