Preview

ဒေါ်ထုမေ( အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် အင်တာဗျူး

မတ် ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :5933
အင်တာဗျူး

ကျွန်မတို့နိုင်ငံရေးစနစ်မကောင်းမွန်တဲ့ ဒီနိုင်ငံမှာ နေကြတဲ့ အမျိုးသမီးတွေမှမဟုတ်ဘူး။ ကျန်ရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ဘယ်အခွင့်အရေးကိုမှ ကျွန်မတို့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး

 

 ဒေါ်ထုမေ( အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဟောင်း)

 မနေ့က မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ဖြစ်ပါတယ်။အဲဒီနေ့မှာ ရခိုင်ပြည်က အမျိုးသမီးတွေအရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ဒေါ်ထုမေ  (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)ကိုဆက်သွယ်မေးမြန်းပြီးတင်ပြလိုက်ပါတယ်။

မေး- ဒေါ်ထုမေခင်ဗျား။ဒီနေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆိုတော့လေ ရခိုင်ပြည်မှာအမျိုးသမီးတွေရဲ့  အနေအထားလေးတွေကိုသိချင်ပါတယ်။ နည်းနည်းလောက် သုံးသပ် ပေးပါလားဗျာ။

ဖြေ- မြန်မာတစ်နိုင်ငံလုံးအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအပါအဝင်ရခိုင်ပြည်မှာရှိကြတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေဟာအတိုင်းအတာတစ်ခုထိ မေးခွန်းထုတ်စရာရှိပါတယ်။ ပုံမှန်အခြေအနေထက်တော့အမျိုးသမီးများရဲ့ လုံခြုံရေးသည် စိုးရိမ်စရာများနဲ့ ပြည်နှက်လို့ရှိနေပါတယ်။ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်မှာနေပြီးတော့ တိုက်ပွဲတွေမရှိတဲ့အခါကျလို့ရှိရင် အတိုင်းအတာတစ်ခုထိကျွန်မတို့ လုံခြုံတယ်လို့ ပြောလို့၇ပါမယ်။ ဒါပေမဲ့ အကုန်လုံးက ၁၀၀ရာခိုင်နှုန်း ပြည့်ပြည့်စုံစုံ လုံခြုံနေသလား ဆိုလိုရှိရင်တော့ကျွန်မတို့ လုံခြုံရေး ကဏ္ဍမှာပြောမယ် ဆိုလို့ရှိရင်တော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ ကိုယ်ပိုင်းဆိုင်ရာ လုံခြုံမှုထဲမှာမှ နှစ်ခုစလုံးကတော့အတိုင်းအတာတစ်ခုအထိ လုံခြုံတယ်လို့ ပြောလို့၇ပေမဲ့ ဒီလုံခြုံမှုကို ၁၀၀ရာခိုင်နှုန်း လုံခြုံတယ်လို့တော့ ပြောလို့မရနိုင်ပါဘူးရှင့်။


မေး- အမျိုးသမီးတွေရဲ့ လုံခြုံရေးက ရာနှုန်းပြည့် မရှိဘူးဆိုတော့ဒါ နဲ့ ပတ်သတ်ပြီးတော့ရော ဘာတွေဆောင်ရွက်ရင် ၇နိုင်မလဲလို့ဒေါ်ထုမေတို့အနေနဲ့ သုံသပ်ထားတာရှိပါသလဲခင်ဗျာ။

ဖြေ-ဒီအမျိုးသမီးရယ်မှမဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသား လုံခြုံဖို့ဆိုလို့ရှိရင် နိုင်ငံဟာ တည်ငြိမ် အေးချမ်းဖို့လိုပါမယ်။ နိုင်ငံတည်ငြိမ်ဖို့ကနေပြီးတော့နိုင်ငံရေးစနစ်နဲ့ အများကြီးသက်ဆိုင်ပါတယ်။ လက်ရှိ ၇ခိုင်ပြည်အပါအဝင်မြန်မာနိုင်ငံအခြေအနေဟာ တစ်တိုင်းပြည်လုံးအားဖြင့် ဒီလုံခြုံရေးအခြေအနေအ၇ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေရှိတဲ့ အခါမှာ အမျိုးသမီးတွေမှမဟုတ်ဘူး။ နိုင်ငံသူနိုင်ငံသားများအားလုံးရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာအခြေအနေရှိတယ်။ ဥပမာအမျိုးသမီးတွေဟာ ဆိုလို့ရှိရင် ပိုပြီးအားနွဲ့တဲ့ အခြေအနေမှာရှိနေတဲ့အခါမှာ  ကျွန်မတို့ အခုအခြေအနေအောက်မှာ  အမျိုးသမီးများရဲ့ လုံခြုံရေးကလည်း စိုးရိမ်၇တဲ့ အခြေအနေမှာ ဖြစ်ပါတယ်။ အမျိုးသမီးများက နေပြီးတော့နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ပါစေ။နိုင်ငံရေးစနစ်ကြောင့်ဖြစ်ပါစေ။ အမျိုးသမီးများ တန်းတူရေး၇ဖို့အတွက်ကြိုးစားတဲ့ အခြေအနေမျိုးမှာ  လုံခြုံရေးကဏ္ဍ အားနည်းခြင်းကလည်းဘဲ သာမန်ဘ၀မှာ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ကိုယ်ပိုင်ဆိုင်ရာလုံခြုံမှု မရနိုင်ခဲ့လို့ရှိရင်တော့ဒီသာတူညီမျှ ရရှိမှုကို ကြိုးစားတဲ့အခါမှာ အတားအဆီးတွေအဟန့်အတားတွေ အများကြီးရှိနိုင်ပါတယ်ရှင့်။

 
မေး- ုတ်ကဲ့။ အခု ရခိုင်ပြည်မှာဆိုရင် အဓိကအားဖြင့်တော့ နိုင်ငံရေးအပိုင်းမှာပေါ့။လူမှုအဖွဲ့အစည်းတွေမှာရော အမျိုးသမီးတွေရဲ့ ပါဝင်မှုနှုန်းကရောအရင်အတိုင်းပဲ ရှိနေလား။ တိုးတက်လာလား။ ဘယ်သုံးသပ်ပါလဲဗျာ။

ဖြေ- ကျွန်မလေ့လာသုံးသပ်သလောက် ကြလို့ရှိရင် အမျိုးသမီးပါဝင်မှုက ဒီလိုမျိုးနိုင်ငံအခြေအနေမှာ အများကြီးပါဝင်နိုင်စရာ ရှိတယ်လို့ ကျွန်မ မထင်ပါဘူး။နဂိုတည်းက ပြီးခဲ့တဲ့ ၅ နှစ်၊ ၁၀ နှစ် အတောအတွင်းနဲ့ နှိုင်းစာမယ်ဆိုလို့ရှိရင် အမျိုးသမီးပါဝင်မှုကပိုပြီးတော့ အများကြီးလျော့ကျနိုင်ပါတယ်။ကျွန်မတို့ ရပ်ရွာအခြေအနေမှာသော်လည်းကောင်း၊  ပြီးတော့ မြို့နယ်အခြေအနေ CSO အစရှိသဖြင့် ပါတီနိုင်ငံများအပါအဝင် ဒီအခြေအနေမှာ နိုင်ငံရေးတို့ကို လက်လှမ်းနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။နိုင်ငံရေးအခြေအနေကို ဖန်တီးနိုင်တဲ အခြေအနေ မဟုတ်တဲ့အတွက်ကြောင့်ကျွန်မတို့ အမျိုးသမီးများရဲ့ ကဏ္ဍပေါင်းစုံ ပါဝင်ရေးဟာ အများကြီး အားနည်းလို့ ရှိနေနိုင်ပါတယ်ရှင့်။

 
မေး-  ရခိုင်မှာဆိုရင်လေတချို့က ဝေဖန်ပြောဆိုမှုတွေရှိတယ်။ ၇ခိုင်မှာ ဓလေ့ထုံးစံအ၇ အမျိုးသမီးတွေကိုနှိမ်တာတို့၊ ခွဲခြားဆက်ဆံတာတို့ ရှိတယ်ပေါ့။ အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲဗျာ။

ဖြေ- ကျွန်မတို့အမျိုးသမီးကို နှိမ်တာ၊ ခွဲခြားဆက်ဆံတာတော့ အပေါ်ယံကို ကြည့်လို့ရှိရင်တော့ကျွန်မတို့ အခုချိန်မှာ ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိတယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးအရေးကို မြင့်တင်နေကြတဲ့ မိသားစုတွေ အမျိုးသားတွေလည်း အများကြီးရှိပါတယ်။အဲသလိုဘဲ အမျိုးသမီးကို လေးစားကြတဲ့ ပတ်ဝန်းကျင်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း တရားဥပဒေစိုးမိုးမှု အားနည်းအခါမှာသော်လည်းကောင်း၊ မျိုးသမီးများကိုတန်ဖိုးထားမှု အားနည်းတဲ့ ပတ်ဝန်းကျင်မှာသော်လည်းကောင်း အဲလိုနေရာမှာဆိုလို့ရှိရင် အမျိုးသမီးများ အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိနေတာကိုတော့ တွေနိုင်ပါတယ်။ဒါကြောင့်မို့လည်း မိသားစု တစ်ခုမှာသော်လည်းကောင်း၊လူမှုပတ်ဝန်းကျင်မှာသော်လည်းကောင်း၊ လူမျိုးတစ်မျိုးအကြား မှာသော်လည်းကောင်း၊ ကျွန်မတို့အမျိုးသမီးများသည်လည်း လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် သာတူညီမျှရရှိမှုကိုမိသားစုတစ်စုက စပြီးတော့ ကြိုးစားအားထုတ်၇မှာ ဖြစ်ပါတယ်။ကျွန်မတို့ တန်းတူလို့ ပြောလိုက်ပြီဆိုလို့ရှိရင် နှိုင်းယှဉ်တာကအမျိုးသားနဲ့ ဖြစ်တဲ့အတွက်ကြောင့် မိသားစုတစ်စုမှာ ရှိတာကဖခင်တွေဖြစ်တယ်။အကိုတွေဖြစ်တယ်။ ခင်ပွန်းတွေဖြစ်တယ်။ မောင်တွေဖြစ်တယ်။ အဲ့လိုအမျိုးသားတွေကလည်းပဲ အမျိုးသမီးတွေအတွက် လုံခြုံအောင် ကာကွယ်မှုရှိအောင်၊ ခွဲခြားဆက်ဆံမှုတွေ မရှိ၇အောင်၊အမျိုးသမီးဆိုပြီး မနှိမ်၇အောင်ဝိုင်းဝန်း အားထုတ်ကြဖို့လိုပါတယ်။ ာကြောင့်ဆို အမျိုးသမီးဆိုပေမယ့် ကိုယ့်သားသမီးတွေ၊ ကိုယ့်ချွေးမတွေ၊ကိုယ့်ညီမတွေ၊ ကိုယ့်အမေတွေ၊ ကိုယ့်အဘွားတွေဖြစ်သလို အမျိုးသမီးဆိုပေမယ့်သူတို့တွေလည်း လူသားတွေဖြစ်တယ်။ကိုယ့်မိသားစုကအစကိုယ့်မိသားစုမှာရှိနေကြတဲ့ အခြေခံ မိသားစုကအစ မနှိမ်ကြဖို့ကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ကြိုးစားအားထုတ်၇မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ကနေပြီးတော့ လူမှုပတ်ဝန်းကျင် တစ်ခုလုံးကို ခြုံကြည့်လိုက်လို့ရှိရင်အပေါ်ယံအားဖြင့်က ဒီလိုမျိုး နှိမ်တယ်။ ခွဲခြားဆက်ဆံတယ်လို့ တွက်ကောင်းတွက်နိုင်ပါတယ်။ကျွန်မတို့ အဲဒါကို ပိုတိုးတက်အောင် လုပ်မယ်ဆိုလို့ရှိရင် ညာရေးကဏ္ဍတို့အစရှိသဖြင့် တိုးတက်လာအောင် လုပ်ဆောင်ဖို့လိုပါမယ်။အမျိုးသမီးတွေ ကိုယ်နှိုက်ကလည်းအမျိုးသမီးများရဲ့ အခွင့်အရေးကို သိရှိနားလည်ပြီးသာတူညီမျှတဲ့ ဘ၀တွေကို ရရှိရေးကို ကြိုးစားဖို့လိုအပ်ပါတယ်ရှင့်။

 
မေး- ၇ခိုင်ပြည်မှာ ၇ခိုင်မျိုးနွယ်စုတွေလည်း ရှိပါတယ်ခင်ဗျာ။အဲတော့ တချို့မျိုးနွယ်စုတွေမှာ ဆိုလို့ရှိရင် အမျိုးသမီးတွေက စာပေတတ်မြောက်မှု အားနည်းတာ  ပြီးရင် လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်မှုတွေ တော်တော်အားနည်းတာတွေကို တွေ့၇ပါတယ်။သူတို့အမျိုးသမီးတွေကို ဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုနည်လမ်းတွေနဲ့ လုပ်ရင်ရနိုင်လေလို့ ဆရာမတိုက သုံးသပ်ပါလဲဗျာ။

ဖြေ- ကျွန်မတို့ ဒီအမျိုးသမီးများရဲ့အခွင့်အရေးတွေကို မြင့်တင်ဖို့သော်လည်း၊ အမျိုးသမီးများရဲ့လိုအပ်ချက်တွေကို ကျွန်မတို့ဆောင်ရွက်မယ် ဆိုလို့ရှိရင် နိုင်ငံတော်ပိုင်းဆိုင်ရာမူဝါဒတွေက အတိုင်းအတာ တစ်ခုအထိ အရေးပါပါတယ်။ လူမှုပတ်ဝန်းကျင်မှာအမျိုးသမီးတွေပေါ်မှာ ဆက်ဆံရေး အဲ့ဒါတွေလည်း အရေးပါသလိုဒီအမျိုးသမီးများရဲ့ဘ၀ မြင့်တင်ဖို့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုမရှိဖို့ ပြီးလို့ရှိရင် ၇ခိုင်ပြည်မှာမှမဟုတ်ပါဘူး။ နေရာတိုင်းမှာ အမျိုးသမီးတွေပဲ ဖြစ်ဖြစ်၊ အမျိုးသားတွေဖြစ်ဖြစ်အနှိမ်မခံ၇ဖို့၊ ခွဲခြားဆက်ဆံမှုမခံရစေဖို့ အိမ်တွင်းအကြမ်းဖက်မှု မခံ၇စေဖို့ ဆိုလို့ရှိရင်သူရဲ့တိုင်းပြည်မှာ သတ်မှတ်ထားတဲ့ မူဝါဒကလည်း ဒီအမျိုးသမီးများအပေါ်မှာတိုက်ရိုက် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒီအမျိုးသမီးအရေးကိုဆောင်ရွက်တဲ့အခါ၊ မူဝါဒတွေကို ဆောင်ရွက်တဲ့အခါမှာ နယ်တွေမှာ၊ ရပ်ရွာမှာရှိတဲ့ အမျိုးသမီးတွေကို အထိအဆင်းလုပ်မယ် ဆိုလို့ရှိရင်ဆင်းပြီးတော့ ဒါတွေကို ကြိုးစားအားထုတ်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုလို့ရှိရင် နိုင်ငံရေးစနစ်ဟာ အတိုင်းအတာ တစ်ခုအထိ ကောင်းမွန်ဖို့လိုအပ်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးစနစ် မကောင်းမွန်ဘဲနဲ့ ဒီနိုင်ငံမှာ နေကြတဲ့အမျိုးသမီးတွေမှ မဟုတ်ဘူး။ ကျန်ရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့အခွင့်အရေး၊ ဘယ်အခွင့်အရေးကိုမှ ကျွန်မတို့ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှုတွေ ရှိမှသာလျှင်ဒီလိုမျိုးရှိပြန်တော့လည်း အမျိုးသမီးများအတွက် သီးသန့် အမျိုးသမီးများကိုခွဲခြားဆက်ဆံမှုမှ ကာကွယ်ရေး မူဝါဒတွေ ချမှတ်ပြီးလို့ရှိရင် ကျွန်မတို့ရပ်ရွာတွေ အဆင့်ထိ မိသားစုတွေအဆင့်ထိ မြင့်တင်ဖို့ နည်းလမ်းတွေကို ကျွန်မတို့စနစ်တကျ လုပ်ဆောင်မယ် ဆိုလို့ရှိရင် အမျိုးသမီးများအပေါ်မှာခွဲခြားဆက်ဆံမှု ပပျောက်တာတို့ အိမ်တွင်း အကြမ်းဖက်မှုတွေကိုလျော့ပါးလာတာတို့ ပြီးလို့ရှိရင် လုံး၀ပပျောက်အောင် လုပ်တာတို့၊အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်မှုကို ကာကွယ်နိုင်တာတို့ဒါတွေကို မူဝါဒတစ်ရပ် အနေနဲ့ကို ဆောင်ရွက်၇မှာ ဖြစ်ပါတယ်။အဲ့လိုမျိုး ဆောင်ရွက်ဖို့ကလည်း အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကိုစီမံခန့်ခွဲဖို့လုံလောက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ၊ လုံလောက်တဲ့ အရင်းအမြစ် နည်းပညာ ဒါတွေကိုအကုန်လုံး ဆောင်ရွက်ပြီးမှသာလျှင် ကျွန်မတို့ မူဝါဒတစ်ခုလုံးကိုခြုံငုံတဲ့  ပေါ်လစီတွေ ချက်မှတ်နိုင်မှာ ဖြစ်တယ်လို့ ကျွန်မက ယုံကြည်ပါတယ်ရှင့်။


 မေး- ဒီနေ့ကအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီနေ့နဲ့ပတ်သတ်ပြီးတော့ရော ဒေါ်ထုမေအနေနဲ့နောက်ဆုံးဘာတွေ ပြောစရာများ ရှိပါသေးလဲဗျာ။ ပြောပြပေးပါခင်ဗျာ။

ဖြေ- ဒီအမျိုးသမီးများတွေကို တန်ဖိုးထားဆက်ဆံမှသာလျှင် ကျွန်မတို့ အမျိုးသမီးတွေရဲ့ဘ၀စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ဘ၀ပိုင်းဆိုင်ရာ လုံခြုံမှုကိုခံစား၇ပါမယ်။ ကျွန်မတို့ အမျိုးသမီးတွေကို ကျန်းမာအောင်၊ပညာတတ်အောင်၊ ခွဲခြားဆက်ဆံမှု မရှိ၇အောင်၊ ဥပဒေဘောင် အတွင်းကနေပြီးတော့ကာကွယ်မှုတွေ ရရှိအောင်၊ ဆင်းရဲမွဲတည်မှု လျှော့ချနိုင်အောင်ဆိုလို့ရှိရင် ဥပမာအားဖြင့် လူကုန်ကူးမှုတွေ အပါအဝင် ဒါတွေကိုလျှော့ချနိုင်မယ်ဆိုရင် ကျွန်မတို့ မိသားစုတစ်စုစီက အစ ကိုယ်ရဲ့မိသားစုမှာရှိတဲ့အမျိုးသမီးတွေကို ကာကွယ်၇မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးပဲကိုယ့်ရဲ့ မိသားစုမှ တစ်ဆင် ပ်ရွာမှာ ရှိကြတဲ့ အမျိုးသမီးတွေကိုကာကွယ်၇မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နေပြီးတော့ ကျွန်မတို့ကို ကာကွယ်ဖို့ရာကဘယ်သူတွေရှိလဲ ဆိုလိုရှိရင် အမှန်တကယ် အမျိုးသမီးနဲ့ အနီးစပ်ဆုံးရှိနေကြတဲ့မိသားစုက ကာကွယ်ရပါမယ်။ အဲလိုဘဲ ရပ်ရွာတွေမှာဆိုရင် ကျွန်မတို့အမျိုးသမီးတွေကို ရပ်ရွာက နေပြီးတော့ စုပေါင်းပြီးတော့မှ ကာကွယ်၇တဲ့ စနစ်တွေ၊အမျိုးသမီးတွေ ဘ၀တွေ မြင့်တင်၇ဖို့ အခြေအနေတွေကို ကျွန်မတို့အခုချိန်မှာ လက်လှမ်းမီသလောက် ကျွန်မတို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။အမျိုးသမီးများရဲ့ ဘ၀ကို မြင့်တင်ဖို့ဆိုရင် ဒီပညာရေးမှာသော်လည်းကောင်း၊ကျန်းမာရေးမှာသော်လည်းကောင်း မြင့်တင်နိုင်လို့ရှိရင် နောက်မှအမျိုးသမီးများ နိုင်ငံစီးပွားရေးကို အထောက်အကူပြုတာတို့ ကျန်းမာရေးမှာဆိုရင်သားသမီးတွေကို ပိုပြီးတော့ ကျန်းမာတဲ့ ကလေးသူငယ်များဖွံ့ဖြိုးလာအောင် မိခင်က ဆောင်ရွက်ပေးတာမျိုးတို့  အထူသဖြင့် အမျိုးသမီးများကိုဥပဒေဘောင်အတွင်းက ကာကွယ်မှုကို ရရှိအောင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကကျွန်မတို့ကို ဆောင်ရွက်ပေးဖို့ လိုအပ်လျက်ရှိပါတယ် ဆိုတာ ကျွန်မအနေနဲ့မှတ်ချက်ပြုလိုပါတယ်ရှင့်။

 

(ပြီး)           အင်တာဗျူးရုပ်သံဖိုင်

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.