ဒေါက်တာလှကျော်ဇော
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနအာရှအ၇ အထူးကိုယ်စားလှယ် Mr. Deng Xijun ဟာ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့မှုအပေါ် တရုတ်အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူဒေါက်တာလှကျော်ဇောကို မေးမြန်းပြီး သူရဲ့ သဘောထားအမြင်များကို တင်ပြပေးလိုက်ပါတယ်။
မေး- မင်္ဂလာပါဆရာမကြီး ဒေါက်တာလှကျော်ဇော ခင်ဗျား။
ဖြေ- ဟုတ်ကဲ့။မင်္ဂလာပါ။
မေး- ကျနော်တို့အရင်ဆုံးပေါ့လေ၊ အခုကျနော်တို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှအ၇အထူးကိုယ်စားလှယ် Mr. Deng Xijun ဆိုတာပေါ့လေ၊ အဲတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်က နေပြည်တော် ရောက်လာပြီးတော့ စစ်ခေါင်းဆောင်တွေနဲ့တွေ့ခဲ့တယ်။အခု မတ်လဆန်းမှာလည်း ဒုတိယအကြိမ် မြန်မာနိုင်ငံကို ထပ်ပြီးတော့ရောက်လာတာသိထား၇ပါတယ်။ အဲတော့ အဓိကသိချင်တာက မြန်မာပြည်ရဲ့အရေးမှာ တရုတ်အထူးကိုယ်စားလှယ် ခန့်ထားတဲ့ ရည်ရွယ်ချက်။ ဒီအပေါ်မှာ ဘယ်လို ဆရာမကြီးမမြင်လေးအရင်ဆုံး သိပါ၇စေ ခင်ဗျာ။
ဖြေ- ဒီလိုဗျ။တရုတ်ပြည်က ပြောနေတာတော့ ကြာပြီ။ ဟို ဗမာပြည်ရဲ့ ပြည်တွင်း စစ်ကြီးကိုရပ်စေချင်နေတာပေါ့ဗျာ။ အဲတော့ ဒီ အနှစ် ၇၀ ကြာပြည်တွင်းစစ်ကြီးဟာတဲ့ ဒီအတိုင်းသွားလို့ကတော့ နယ်စပ်ဒေသတွေမှာ တိုက်ခိုက်နေတဲ့လူမျိုးစု၊ တော်လှန်ရေး အင်အားစုတွေကလည်း သူတို့ရဲ့ ပြောက်ကျားစနစ်နဲ့တိုက်နေတာကိုမြို့ပေါ်တက်တိုက်လို့မ၇သလိုပဲ နော့။ ဗမာ့စစ်တပ်ကလည်း သူတို့ရဲ့အားသာချက်ဖြစ်တဲ့ လက်နက်ကြီးတွေနဲ့ ဒီတောကြိုအုံကြား၊ပြောက်ကျားစနစ်နဲ့တိုက်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကိုလည်း နိုင်အောင်တိုက်နိုင်မှာမဟုတ်ဘူးတဲ့။ အဲတော့ ဒီလိုနှစ်ဖက် တိုးလို့တန်းလန်းပေါ့နော်။အနှစ် ၇၀ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးဟာ ဒီတိုင်းပဲဆက်သွားနေရင်တော့ ဗမာပြည်ကြီးဟာ ကျရှုံးနိုင်ငံကြီးဖြစ်လိမ့်မယ်။သူကျရှုံးရင် သူတစ်နိုင်ငံတည်းကျရှုံးမှာမဟုတ်ဘူး။ အနီးအနား ပတ်ဝန်းကျင်က လူတွေပါဆွဲခေါ်သွားနိုင်တယ်။ ဒါကြောင့်မလို့ ဗမာပြည်ကြီးရဲ့ ပြည်တွင်းစစ်ကြီးကိုရပ်တန့်အောင်အတွက် ဗမာပြည်အပေါ်မှာ စေတနာထားတဲ့ အဖွဲ့အစည်းတွေ၊ ဥပမာ-ကုသမဂ္ဂတို့၊ အာဆီယံတို့၊သက်ဆိုင်တဲ့ အိမ်နီးနားချင်းနိုင်ငံကြီးတွေ ဝင်ရောက်ပါဝင်ပြီးတော့ စေ့စပ် ဆွေးနွေးဖြေရှင်းပေးသင့်တယ်လို့သူတို့ (တရုတ်) ပြောနေတာကြာပြီ။၂၀၁၅ ကိုးကန့်အရေးအခင်းဒုတိယအကြိမ်ပြန်ပြီး တိုက်ပွဲတွေဖြစ်နေကတည်းက တရုတ်ကအဲလိုပြောနေတယ်။အဲလို သတင်းစာတွေကရေးတယ်။အဲတော့ အဲဒီဟာရဲ့ အဆက်ပဲထင်တယ်။ အဲဒီနောက်ပိုင်းမှာ တရုတ်ပြည်အနေနဲ့ကဗမာပြည်အတွက် အထူးကိုယ်စားလှယ်.. အဲလိုပဲလွတ်လွတ်နေတာတွေ့တယ်။ အဲတော့ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ဒီလိုနိုင်ငံတွေမှာအဲလို Hot Spot လို့ခေါ်တာပေါ့ဗျာ။ဒီလို ပြည်တွင်းစစ်တွေ မီးလောင်နေတာ၊ ပြဿနာတွေ တက်နေတဲ့ နိုင်ငံတွေမှာ အထူး ကိုယ်စားလှယ်ထားတာ အထူးအဆန်းတော့မဟုတ်ဘူးဗျ။ သူတို့က ဒီကိစ္စတွေမှာ ဝင်ပြီးတော့ စေ့စပ်ပေးတာ ဘာတာရှိတယ်။ခင်များတို့ ကြားလား မပြောတတ်ဘူး။ ဆော်ဒီအာရဗျနဲ့အီရန်တောင်မှ သံတမန်ဆက်ဆံတော့မယ်ဆိုတာ၊တရုတ်က ကြားဝင်စေ့စပ်ပေးတာပဲလေ။ အဲတော့ အဲဒါမျိုးတွေက သူကအများကြီးဗျ။ ဟို ဥပမာအားဖြင့် ဆူဒန်လိုနေရာမျိုး။ နောက် အာဖရိကတိုက်ကတချို့နေရာတွေမှာ သူတော်တော်များများဝင်ပြီးတော့ ပါတယ်။ ဆိုမာလီတို့ဘာတို့။အဲဒီမှာ တော်တော်များများဝင်ပြီးတော့ ဒီ အပူမီးတွေ အေးအောင်လုပ်တာကိုး။အဲတော့ ဗမာပြည်ကို သူတို့က ကြည့်တဲ့အခါမှာလည်း ဗမာပြည်ဟာသူတို့အတွက် အတော်အရေးပါတယ်ဗျ၊ အိမ်နီးနားချင်းနိုင်ငံမှာ။ ဘာဖြစ်လို့လဲဆိုတော့ဒီဆက်စပ်နေတာ ကီလိုမီတာ ၃၀၀၀ ကျော်လောက်ရှိတာကိုး။ အဲဒီဒေသတွေ တစ်လျှောက်လုံးကလည်းလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေပဲဖြစ်နေတာဖြစ်တော့သူက ဒါတွေကို တတ်နိုင်သမျှအေးချမ်းအောင် သူက လုပ်ချင်နေတာလေ။ ဒါမှလည်း သူရဲ့ မဟာဗျူဟာတွေ ဖြစ်တဲ့ ဒီပိုးလမ်းမ ခရီးစဉ်တို့၊နောက်လုပ်နေတဲ့ အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်နဲ့ဆက်စပ်ထားတဲ့လွတ်လပ်တဲ့ဈေးကွက် ဒေသကြီးတို့ဘာတို့၊ ဒီသူ့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေအောင်နိုင်မှာ ဖြစ်တာကိုး။ ဒီ့အတွက်သူက နယ်စပ်ဒေသမှာရှိတဲ့တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်တပ်အကြား သူတတ်နိုင်သမျှ အောင်သွယ်လုပ်ပေးနေတယ်ထင်တယ်။ဒီအတွက် အဆက်မပြတ်သွားနေတာပဲ။ အဲတော့ ကျမတို့က ကိုယ့်ဗမာပြည် ကိစ္စဖြစ်တော့မြင်နေ၇တာပေါ့။ ဒါပေမဲ့ သူတို့ တရုတ်သံတမန်တွေက တခြားဒေသတွေမှာလည်းအဲလိုပဲ လှုပ်ရှားနေတာတွေ့၇ပါတယ်။
မေး-ဟုတ်ကဲ့ဆရာမကြီး။ ဆရာမကြီး ပြောသလိုပေါ့လေ၊ ကျနော်တို့ ငြိမ်းချမ်းရေးက မရသေးတာနှစ်ပေါင်း ၇၀ ကြာနေပြီပေါ့လေ။ အဲတော့ ဒီမြန်မာ့နိုင်ငံရေးအကျပ်အတည်းပြည်တွင်းရေးကိုလည်း တရုတ်က ကြားဝင်စေ့စပ်မှုတွေကတောက်လျှောက်လုပ်နေပေမဲ့လည်းပေါ့လေ၊ အခုအချိန်အထိတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ဖြစ်နေတဲ့တိုက်ပွဲဟာ မရပ်သေးဘူးပေါ့။အဲတော့ ဒီ တရုတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ထောက်ပံ့တာမျိုးတွေလည်းရှိနေတယ်။ သူ့ရဲ့သြဇာခံအဖြစ်လည်း ရှိနေတယ်ဆိုတော့ တရုတ်က မီးစ တစ်ဖက် ရေမုတ်တစ်ဖက် ပေါ်လစီများ ဖြစ်နေသလားလို့။ အဲဒါ တရုတ်ရဲ့အမှန်တကယ်မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့ အနေအထားရှိပါ့မလား။ ဆရာမကြီး အဲဒါကိုရော ဘယ်လိုများသုံးသပ်ချင်ပါလဲခင်ဗျာ။
ဖြေ-ဒီလိုတော့ရှိတယ်ဗျ။ဟို နိုင်ငံကြီးတွေကတော့သူတို့မှာ မဟာ သေနကဗျူဟာ နည်းလမ်းရှိသလို နည်းနာပေါင်းစုံလည်းရှိတာလေ။ခင်ဗျားပြောသလိုပဲတစ်ဖက်က ထောက်ခံအားပေးနေတာတွေလည်းရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ တရုတ်ရဲ့ အဓိကလုပ်ဟန်တွေကတော့ ကျမကြည့်နေတာဥပမာအားဖြင့် ‘၀’ ဒေသလို့ပေါ့နော်၊ မိုင်းလားဒေသတို့မှာသူ့ရဲ့လုပ်ဟန်တွေကတော့ သူက ဒီဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့စီးပွားရေးကိုပဲ အားသွန်လုပ်တယ်ဆိုလို့ရှိရင် ဘယ်လောက်ခက်ခဲ၊ဘယ်လောက် ခေတ်နောက်ကျတဲ့ဒေသ၊ ဘယ်လောက်အချက်အလက်နည်းပါးတဲ့ဒေသပဲဖြစ်ဖြစ်၊ပြည်သူလူထုတွေ၊ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ကောင်းကောင်းမွန်မွန်နေလို့၇တယ်ဆိုတဲ့ စံပြဒေသလေးဖြစ်အောင် သူတို့လုပ်ပေးနေတာတွေ့၇တယ်။အဲတော့ ၀ဒေသမှာပဲဖြစ်ဖြစ်၊ မိုင်းလားဒေသမှာပဲဖြစ်ဖြစ်၊ သူ့အနေနဲ့ရင်းနှီးမြုပ်နှံတာတွေလုပ်တယ်။ ကျန်းမာရေးဘာရေးအတွက် ကူညီတာတွေလုပ်တယ်။အဲတော့ အဲမှာသွားပြီးတော့ ရင်းနှီးမြုပ်နှံပြီးတော့ လူတွေကို အတတ်ပညာမြင့်ပေးတာဘာတာ၊ ဒါတွေ အကုန်လုံးလုပ်နေတာတွေ့ရတဲ့အတွက်၊ဒီဘက်ကလည်း ကြိုးစားနေပုံတော့ ၇တယ်။ ဒါပေမဲ့ စဉ်းစားကြည့် သူတစ်ဖက်သတ်တည်းကြိုးစားနေလို့မ၇ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီကအင်မတန့်ကို ရက်ရက်စက်စက် ပြည်သူတွေကို နှိပ်စက်နေတာ ဖြစ်တဲ့အတွက် ဒီဟာကိုလည်း သူကပြည်သူလူထုရဲ့မျက်နှာကိုလည်း ကြည့်ဖို့လိုသေးတယ်လေ။ အဲတော့ကျမကကြည့်တာ တရုတ်ရဲ့ပေါ်လစီက တစ်စုံတစ်ရာ ပြောင်းလဲတယ်လို့မြင်တယ်။ဟိုတုန်းက န၀တ၊ နအဖ ခေတ်တုန်းကလို တစ်ခါတည်း ပုံအောပေးတာမဟုတ်ဘဲနဲ့ စစ်ကောင်စီကိုလည်း တစ်ဖက်လှည့်နဲ့ပြောဆိုပြီးတော့သိမ်းသွင်းနေတယ်လို့မြင်ပါတယ်။အဲတော့ သူက စစ်ကောင်စီကို ပြောဖို့၊ ဆိုဖို့၊ ဆက်ဆံဖို့ကျတော့ ခင်များ၊ အခုအမေရိကန်တို့၊ အနောက်နိုင်ငံတို့လို ပြင်းပြင်းထန်ထန်ပြောနေလို့ဘယ်သူကနားထောင်မှာလဲဗျ။ အဲဒါကြောင့်မို့လို့ သူကကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတော့ပြေပြေပြစ်ပြစ်ဖြစ်အောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်။
မေး-ဟုတ်ကဲ့ပါ ဆရာမကြီး။အဲတော့ ဒီ ကျနော်တို့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာဆိုလို့ရှိရင်လည်း ဒီ၇ခိုင်က AA အဖွဲ့နဲ့ တရုတ်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိတယ်လို့လည်းကျနော်တို့သိထားရပါတယ်။ အဲတော့ ရခိုင်မှာဆိုလို့ရှိရင်လည်းတရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေက အများကြီးပေါ့။ ဟို ကျောက်ဖြူ SEZတို့လို၊ တစ်ခါရေနံပိုက်လိုင်းတို့လို ဒါတွေကလည်း ရှိတယ်ပေါ့လေ။ အဲတော့တရုတ်နဲ့ AA အပေါ်မှာထားတဲ့သဘောထားက ဘယ်လိုများဖြစ်နိုင်ပါလဲ။အဲဒါလေး ဆရာမကြီး သုံးသပ်ပေးပါအုံးခင်ဗျား။
ဖြေ-ဟို AA ကလည်းဗြောင်ပြောထားတာပဲလေ။ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကျနော်တို့အကာအကွယ်ပေးပါမယ်လို့။ အဲတော့ AA တင်မကဘူး။ကျမကြည့်နေတာလေ။ ခင်ဗျား စဉ်းစားကြည့်ပေါ့။ တရုတ်ရဲ့ရင်းနှီးမြုပ်နှံတွေက နည်းတာမှ မဟုတ်ပဲနော့်။ ဘယ်သူမှဝင်ပြီးတော့နှောက်ယှက်တာ မတွေ့ပါဘူး။ အစောပိုင်းတုန်းကတော့ လှိုင်သာယာကစက်ရုံတွေဘာတွေ၊ ဝင်ဖျက်တာ၊ ပြုတာတွေရှိတယ်။ အဲဒါကို တရုတ်ကလည်းသဘောထားတာ စစ်ကောင်စီက ထောက်လှမ်းရေးတွေလုပ်တယ်လို့ပဲသဘောထားတယ်။ အဲတော့ ပြည်သူလူထုအနေနဲ့ကလည်း ခင်များစဉ်းစားကြည့်။အခု လှိုင်သာယာတို့ဘာတို့ကအဝတ်ချုပ်စက်ရုံတွေဘာတွေက အလုပ်လက်မဲ့ပြဿနာတွေကိုတော်တော်များများဖြေရှင်းပေးထားတာလေ။ အဲတော့ ဒီဟာနဲ့ပတ်သက်လို့တော့ကျမတို့ပြည်သူလူထုရော၊ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ PDF တွေပဲဖြစ်ဖြစ်၊ ဘာတွေပဲဖြစ်ဖြစ်နားလည်ပုံရတယ်ဗျ။ တရုတ်ကိုတော့ သိပ်ထိထိခိုက်ခိုက်၊ဟိုတင်းအကြိုက်ပေါ့ဗျာ။ အခု အမေရိကန်အပါအဝင် အနောက်နိုင်ငံအကြိုက်၊ပါးစပ်ကတော့ ပြောချင်ပြောမယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ကျတော့တော်တော်ရှောင်ကြတာတွေ့တယ်။ အဲတော့ AA က ဗြောင်ကို ဖွင့်ပြောထားတာလေ။ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေကိုသူတို့ မထိခိုက်စေ၇ပါဘူးလို့ပြောထားတာပဲ။ တရုတ်တင်မဟုတ်ပါဘူး။အိန္ဒိယ ရင်းနှီးမြုပ်နှံမှုတွေလည်း အဲဒီဘက်မှာရှိပါတယ်။ ဒါတွေဟာ ကျမတို့ဗမာပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် လောလောဆယ်ပေါ့နော်၊ ပြည်သူလူထုရဲ့နေထိုင်စားသောက်မှုကို တစ်စုံတစ်ရာ ဖြေရှင်းပေးနေတဲ့ အတွက် ဒါတွေကိုတော့ထိခိုက်အောင်လုပ်လို့တော့မဖြစ်ဘူး။ သို့သော်လည်း ကျမတို့ဗမာပြည်သူတွေရဲ့ ရင်ထဲမှာ သေချာသိ၇မှာက ဗမာပြည်ကြီးရဲ့ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ်၊ ဒီစစ်ကောင်စီနဲ့တော့မဖြစ်နိုင်ဘူးဆိုတာ ကျမတို့သိ၇မယ်။ ဒီစစ်ကောင်စီ၊ စစ်အုပ်စု၊စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးမှသာလျှင် ကျမတို့တိုင်းပြည်ဟာ တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးလည်းရမယ်၊တကယ့်ဖွံ့ဖြိုးတိုးတက်ရေးလည်း၇မယ်။ အဲတော့ အဲလိုမရခင်စပ်ကြားမှာ၊ တိုင်းသူပြည်သားတွေရဲ့ နေ့စဉ်နေထိုင်မှုဘ၀၊ စားရေးသောက်ရေးပြေလည်အောင်တော့တချို့ကိစ္စလေးတွေတော့ ရေတိုအနေနဲ့ ခွင့်ပြုရတာလေးတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျမတို့ပြည်သူတွေရဲ့ ရင်ထဲကရေရှည်လုပ်ဟန်ကတော့ ကျမတို့ ပြည်သူတွေ အသိဆုံးပါပဲ။ ဒီတော်လှန်ရေးကိုကျမတို့ လျော့လို့မဖြစ်ဘူး။ ကျမတို့ နည်းသဏ္ဍာန်ပေါင်းစုံနဲ့ ဆက်လုပ်သွားဖို့လိုတယ်။အဲတော့ AA ကအခုနေမှာ စစ်ကောင်စီနဲ့သူက အပစ်အခတ်ရပ်စဲထားတယ်ပဲထား၊ ဒါလည်း သူ့အဖွဲ့အစည်းအနေနဲ့ သူ့ဟာသူဆုံးဖြတ်ပိုင်ခွင့်နဲ့ သူလုပ်တာပဲလေနောf။ သူ့ဒေသရဲ့ အကျိုးစီးပွားပေါ်မှာ ကြည့်ပြီး။ဒါပေမဲ့ သူက စစ်ကောင်စီနဲ့ အပြတ်အသတ် ပူးပေါင်းပြီးတော့ ပြည်သူကိုပြန်ဖိနှိပ်တာမှ မဟုတ်ဘဲ။ ဒါကို ကျမတို့လည်း နားလည်ဖို့လိုတယ်။အဲတော့ စစ်ကောင်စီကို တိုက်တဲ့နေရာမှာ နည်းလမ်းပေါင်းစုံနဲ့ တိုက်၇မှာပေါ့ဗျာ။တချို့က စေ့စပ်ဆွေးနွေးတာကို သဘောတူရင်၊ သဘောကျရင် လုပ်ပါစေပေါ့နော်။လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်တဲ့သူက လက်နက်ကိုင်တော်လှန်ရေးကိုပဲလုပ်ပေါ့နော်။ တခြားနည်းလမ်း CDM လုပ်တဲ့သူရှိမယ်။မြို့ပြပြောက်ကျားလုပ်တဲ့သူရှိမယ်။ နည်းသဏ္ဍာန်ပေါင်းစုံနဲ့ လုပ်ဖို့လိုတယ်လေ။ အဲဒါကြောင့်မလို့စစ်ကောင်စီကို ဆန့်ကျင်နေသူဟူသမျှကို ကျမတို့က တတ်နိုင်သမျှကိုယ်နဲ့သဘောထားချင်းမတူလို့၊ ကိုယ်နဲ့ တိုက်ပွဲသဏ္ဍာန်မတူလို့ရန်သူလုပ်ဖို့ မဟုတ်ပါဘူး။ဒီစစ်ကောင်စီ ဒီလောက်တောင်၊စစ်အာဏာရှင်စနစ်၊ ဒီလောက်တောင် သက်ဆိုးရှည်နေတာလည်း ကျမတို့ စစ်အာဏာရှင်စနစ်ကိုတိုက်ပွဲဝင်တဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ စည်းလုံးညီညွတ်မှုမရလို့ဖြစ်တယ်။ကျမတို့ စည်းလုံးညီညွတ်မှုမရရင်၊ ဒီစစ်ကောင်စီ၊ ဒီစစ်အုပ်စုကိုမလိုလားတဲ့လူ ၁% ပဲဖြစ်ဖြစ်၊ ၂% ပဲဖြစ်ဖြစ်၊ မလိုလားတဲ့လူတွေအားလုံးစုစည်းပြီးတိုက်ရင် ဒီစစ်အုပ်စုက ပြိုမှာပဲ။ တစ်ခါမှကျမတို့ဗမာပြည်ဟာ ဒီလောက် တော်လှန်ရေးအလားအလာ ကောင်းတဲ့ အရှိန်မရဖူးဘူး။ဒီတစ်ခါ အင်မတန် အလားအလာကောင်းတဲ့အရှိန်ပဲ။ ကျမတို့ ဆက်လုပ်စရာရှိတာလုပ်၇လိမ့်မယ်။
မေး- ဟုတ်ကဲ့ဆရာမကြီး။ နောက်မေးခွန်းတစ်ခုကအဲဒါကတော့ အခုလိုမျိုး တရုတ် အထူးကိုယ်စားလှယ်က ဗမာပြည်ထဲရောက်နေတာခပ်စိပ်စိပ်ဖြစ်နေတယ်ဆိုသလိုပေါ့လေ။ နောက်တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်းပြီးခဲ့တဲ့လပိုင်းတုန်းက အင်ဒိုနီးရှားကို ရောက်တုန်းကပေါ့လေ၊ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ယူထားတဲ့ အင်ဒိုနီးရှားကို ရောက်သွားတယ်။ အဲဒီမှာလည်းအာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ချမှတ်ထားတာရှိတ ယ်ပေါ့။ အဲဒီဥစ္စာကိုလည်း တရုတ်ကလက်ခံတယ်ဆိုပြီး သူပြောသွားတာရှိတယ်လေ။ ဗမာပြည် အပေါ်မှာတရုတ်က ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပေမဲ့လည်း အာဆီယံဘက်မှာတော့သူ့အနေနဲ့ ဒီလိုတင်းမာတဲ့ဆက်ဆံရေးတွေ လက်ခံတဲ့အနေအထားမျိုးရှိနေတယ်။အဲဒီအပေါ်မှာရော ကွဲပြားတဲ့ ဆက်ဆံရေးမျိုးလည်း ရှိနေတယ်လို့ ကျနော်တို့ယူဆပါတယ်။အဲဒီအပေါ်မှာရော ဆရာမကြီးဘယ်လိုများမြင်ပါလဲဗျ။
ဖြေ- အာဆီယံရဲ့မူ ၅ ရပ်ပေါ့နော်၊ သူက သူပြောထားတဲ့ အထဲမှာ ပါတယ်လေ။ ဗမာပြည်မှာရှိတဲ့ stakeholders တွေအားလုံး၊ ပါဝင်တဲ့လူတွေအားလုံးဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ဆိုတဲ့ဟာ တစ်ခုပါတယ်လေ။ အဲတော့အခုဒီ အထူးကိုယ်စားလှယ်လုပ်နေတာလည်း ဒါပဲလေ။ သူ့ဒေသအလိုက်ဟိုတင်းပြုနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ ဒီစစ်ကောင်စီနဲ့ကြားမှာသူကစေ့စပ်နိုင်သမျှ စေ့စပ်အောင်၊ အပေးအယူလုပ်ပေးနေတာ၊အဲဒီဟိုတင်းတွေအားလုံး စကားပြောတဲ့ဆွေးနွေးပွဲပေါ်ရောက်လာအောင် ကြိုးစားတဲ့အပိုင်းတစ်ရပ်ပဲလေ။ အဲတော့ ဒါဘာမှသိပ်ပြီးတော့ ထူးခြားတယ်လို့တော့ကျမ မမြင်ဘူး။ မဟာဗျူဟာကြီးတစ်ခုလုံးကတော့ အားလုံးပါလာရေးပဲ။အားလုံးပါမလာခင်စပ်ကြား Bilateral ပေါ့။ဥပမာအားဖြင့် ၀အဖွဲ့နဲ့စစ်ကောင်စီနဲ့၊ မွန်အဖွဲ့နဲ့ စစ်ကောင်စီနဲ့၊ ကရင်အဖွဲ့နဲ့ စစ်ကောင်စီနဲ့။ဒီအသေးလေးတွေဖြစ်ဖို့အတွက် ဝိုင်းကြိုးစားနေတဲ့ကိစ္စပဲလေ။ အဲတော့ကိုယ်ကချလိုက်တဲ့၊ အာဆီယံက ချထားတဲ့ မဟာဗျူဟာ အချက်ကြီးတွေကို တရုတ်အထူးကိုယ်စားလှယ်ကတစ်ဖွဲ့ချင်းအလိုက်၊ သူသွားတာလည်း တစ်ဖွဲ့ချင်းအလိုက်ပဲသွားတယ်။ခင်များတို့ သတိထားမိလားနော့။ အဲတစ်ဖွဲ့ချင်းအလိုက်ပဲသွားပြီးတစ်ဖွဲ့ချင်းရဲ့တောင်းဆိုချက်တွေ၊ တစ်ဖွဲ့ချင်းရဲ့ နားလည်ချက်တွေ၊တစ်ဖွဲ့ချင်းရဲ့ လိုအပ်ချက်တွေကိုပဲ သူသယ်လာမှာပဲ။ အဲဒါနဲ့စစ်ကောင်စီနဲ့ ညှိနှိုင်းတာပဲဖြစ်မယ်ထင်တယ်။ ဒါဟာ ဗမာပြည်ပေါ်မှာရှိတဲ့ဗမာပြည်နဲ့ပတ်သက်တဲ့ State Holder ေတွအားလုံးပါလာရေးဆိုတဲ့တစ်ခုလုံး ခြုံတဲ့ စီမံကိန်းကြီးရဲ့ အပိုင်းတစ်ပိုင်းပဲလေ၊အဲလိုပဲဖြစ်မယ်ထင်တယ်။ တစ်ပြိုင်နက်ထဲ အကုန်လုံးပါဝင်တဲ့အစည်းအဝေးကြီးမဖြစ်ခင်စပ်ကြား နှစ်ဖွဲ့ကြား၊ သုံးဖွဲ့ကြား၊အဲလိုအစည်းအဝေးလေးတွေ ဖြစ်အောင်လုပ်နေတယ်လို့ပဲကျမကတော့ ကြည့်ပါတယ်။
မေး-ဟုတ်ကဲ့။ အဲဒါဆိုရင်ဟို ကျနော်တို့လက်ရှိပေါ့လေ၊ နွေဦးတော်လှန်ရေးမှာ PDF တွေကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းပြီးတော့တော်လှန်ရေးဆင်နွဲနေတာတွေရှိတယ်ပေါ့။ အခုလောလောဆယ်မှာဆိုလို့ရှိရင်လည်းNLD ရဲ့ရွေးကောက်ပွဲ၇လဒ်ကိုစစ်ကောင်စီက ပယ်ဖျက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့လို NLD ပါတီရဲ့ခေါင်းဆောင်တွေကို သူတို့ဖမ်းဆီးပြီးတော့ထောင်ချထားတာတွေရှိတယ်ပေါ့လေ။ အဲတော့ နောက်ပိုင်းမှာရော ဒီဆရာမကြီးပြောသလိုဒီ stakeholders တွေနဲ့ စစ်ကောင်စီနဲ့တွေ့ဆုံဖို့အတွက်ဆိုလို့ရှိရင် ဒီဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ရောတွေ့ဆုံဆွေးနွေးလာနိုင်မယ့်အရေး တရုတ်ရဲ့ဆက်ဆံရေးက၊ တရုတ်ရဲ့ ညှိနှိုင်းရေးကအဲဒီအခြေအနေမျိုးတွေရော ရောက်နိုင်လာမလား။ ဆရာမကြီးဘယ်လိုများမြင်မိလဲ။
ဖြေ- ရောက်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီအထူးကိုယ်စားလှယ်မတိုင်ခင် ဆွန်ကော်ရှန်းဆိုတာ တစ်ယောက်ရှိသေးတယ်လေ။ ဗမာပြည်ကိုမင်းအောင်လှိုင်တို့ အာဏာသိမ်းပြီးပြီးချင်း ဆွန်ကော်ရှန်း သွားတာပဲ ဗမာပြည်ကို။အဲမှာ သူပထမဆုံးတွေ့ဖို့တောင်းတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တောင်းတာပဲ။ နောက်တစ်ခုကစစ်ကောင်စီက NLD ကိုမတရားအသင်းကြေညာမယ်လို့ လုပ်သေးတာပဲ။ အဲဒါလည်း တရုတ်ကပဲ ဘယ်လိုခေါ်မလဲတားထားတာပဲလေ။ အဲတော့ ဖြစ်လာမှာပါ၊ တစ်နေ့မဟုတ် တစ်နေ့။ အခု စစ်ကောင်စီအနေနဲ့သူတို့က သူတို့အာဏာကို ထိန်းထားနိုင်တယ်လို့ ထင်နေသရွေ့တော့ဘယ်သူနဲ့မှ ဆွေးနွေးမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်းဆွေးနွေးမှာမဟုတ်ဘူး။ ဒါကိုကျမတို့ ပြည်သူတွေက သိဖို့လိုတယ်။ကျမတို့ရဲ့တော်လှန်ရေး ရေရှိန်ကိုလျော့ပစ်လို့မ၇ဘူး။တဖြည်းဖြည်း စစ်ကောင်စီကို ဒီ့ထက်ပိုတိုးတဲ့ ဖိအားတွေ ဆက်ပေးရမှာ။ဆက်ပေးရင်းပေးရင်းနဲ့ တစ်နေ့ တစ်ကြိမ်ကြိမ်မှာ သူတို့စေ့စပ်ဆွေးနွေးပွဲစားပွဲကို ရောက်လာပါလိမ့်မယ်။
မေး- အဲတော့ ဆရာမကြီးနောက်ဆုံးမေးခွန်းလေးပါ။ ဒီလိုမျိုး တရုတ်အထူးကိုယ်စားလှယ်တွေက ဆွန်ကော်ရှန်းအပြင်ကိုအခုလည်း နောက်ထပ်အသစ်တစ်ယောက်ဖြစ်လာတယ်ဆိုတော့ ဗမာပြည်ရဲ့အရေးပေါ့လေ။အခုဆိုလို့ရှိရင် ၂ နှစ်ကျော်တာ ကာလအတွင်းမှာ တော်တော်လေးကိုလည်းတိုက်ပွဲတွေပြင်းထန်နေတယ်။ စစ်ကိုင်းတို့၊ တိုင်းရင်းသားဒေသတွေမှာလည်းတိုက်ပွဲတွေကြောင့် ဒေသတွေပျက်စီးတာတွေလည်း တော်တော်လေးများနေပါပြီ။အဲတော့ ဗမာ့နိုင်ငံရေးအခြေအနေအလားအလာပေါ့လေ၊ အကောင်းဘက်ကို မြင်မိသလား။ ဆရာမကြီး ဘယ်လိုများသုံးသပ်ချင်ပါသလဲ။နောက်ဆုံးမေးခွန်းလေးပါ။
ဖြေ- ကျမတို့ ဗမာပြည်ဘယ်လိုအကောင်းဘက်ကို ဘယ်လို ပြောင်းလာနိုင်မလဲဆိုတာ စစ်ကောင်စီရဲ့ စဉ်းစားနည်းတွေ၊သူတို့လက်ဝါးကြီးအုပ်ထားတဲ့ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာကို လျော့ပေးမှသာလျှင်ကျမတို့တော်လှန်ရေး အောင်နိုင်မယ်။ ဘယ်အခါမှာ သူတို့လျော့မလဲ၊ သူတို့ကို ကျမတို့ဗမာပြည်သူတွေက တကယ့်ကို ရက်ရက်စက်စက်သဘောမတူတော့ဘူး၊ သူတို့ကို ကျမတို့ဒီပလ္လင်ပေါ်က မောင်းချတော့မယ်ဆိုတဲ့ အခြေအနေရောက်မှ သူတို့လျော့မှာ။အဲဒီအတွက် ကျတို့ရှေ့လျှောက်လုပ်စရာတွေတော့ အများကြီးဗျ။ဗမာပြည်မှာ ပြည်သူလူထုက ဟုတ်တယ်၊ ကျမတို့လည်း တော်လှန်ရေးလုပ်၇တာငြီးငွေ့ပါတယ်။ မလုပ်ချင်ပါဘူး။သို့သော်လည်း မတတ်နိုင်ဘူးဗျ။ ဒီစစ်အုပ်စုရှိနေသရွေ့ ကျမတို့လုပ်၇မှာ။ဒါကို ကျမတို့နားလည်ဖို့လိုတယ်နော့။ ကျမတို့ဆွေစဉ်မျိုးဆက်ပေါ့နော်၊ သားတွေ၊သမီးတွေ၊ မြေးတွေ၊ ဒီစစ်အုပ်စုလက်က လွတ်ဖို့ဆိုရင် ကျမတို့ ဘာပဲစွန့်လွတ်စွန့်လွှတ်ကြ၇မယ်ဆိုပြီး ဆက်လုပ်စရာလိုပါတယ်။ တော်လှန်ရေးကတော့ရှေ့လျှောက်ပြင်းထန်အုံးမှာပါ။ ဆက်လုပ်ကြရအုံးမှာပါ။ ဒီစစ်တပ်ကသူရရှိထားတဲ့အခွင့်ထူးတွေကို လက်မလွတ်မချင်း ကျမတို့တော်လှန်ရေးမအောင်နိုင်ပါဘူး။ ဒါကြောင့်မလို့ ဆက်ကြိုးစားကြပါလို့ပဲ ပြောချင်ပါတယ်။အဲဒီအတွက် ကျမတို့တစ်နိုင်ငံလုံး၊ တစ်ညီတစ်ညွတ်တည်း တစ်စိတ်တည်းတစ်ပေါင်းတည်း၊ ဆက်လက်ကြိုးစားကြပါ။ ညီညီညွတ်ညွတ် ကြိုးစားကြဖို့လိုတယ်။လက်နက်တော်လှန်ရေးအင်အားစု အားလုံးရော၊ ပြည်တွင်းပြည်ပအင်အားစုအားလုံးရော၊ ဆက်ပြီးကြိုးစားကြ၇ဖို့လိုတယ်။ တော်လှန်ရေးကတော့ခက်ခဲအုံးမှာပါဗျာ။
မေး-ဟုတ်ကဲ့ပါဆရာမကြီး။ တရုတ်အထူးကိုယ်စားလှယ်နဲ့ပတ်သက်ပြီးတော့လေ ကျနော်တို့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြည့်စွက်ပြီးပြောချင်တာမျိုး ဘာများရှိပါသလဲ။ ဖြည့်စွက်ပြီးပြောချင်တာတွေရှိရင်လည်းပြောပြပေးပါအုံး။
ဖြေ- တိုင်းပြည်ကြီးတွေကတော့အိမ်နီးနားချင်းနိုင်ငံတွေပဲဖြစ်ဖြစ်၊ အာဆီယံပဲဖြစ်ဖြစ်၊သူတို့ရဲ့ချမှတ်ထားတဲ့လမ်းစဉ်တွေကတော့ သူတို့တိုင်းပြည်အကျိုးစီးပွားအပေါ်က ချမှတ်မှာပဲ။အဲတော့ ဘယ်သူချည်းလာလာ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးပဲလာလာ၊ ကုလသမဂ္ဂကိုယ်စားလှယ်ကြီးပဲလာလာ၊ သူတို့ကလည်း နိုင်ငံတကာဖိအားအနေနဲ့ပေးတဲ့ အတွက် ကျေးဇူးတော့တင်၇မှာပေါ့ဗျာ။ ဒါပေမဲ့သူတို့ပြောတဲ့အတိုင်း ကျမတို့ လိုက်လုပ်နိုင်ချင်မှ လိုက်လုပ်နိုင်မယ်။ကျမတို့ ဗမာပြည်သူတွေက၊ ကျမတို့ တော်လှန်ရေးကိုနော့၊ စစ်ကောင်စီကိုအပြတ်ဖြုတ်ရေး၊ သွေးကြေးမှာ ဘာလဲ ဟိုတင်းမရှိဘူးဆိုတဲ့အတိုင်းပဲ၊ ကျမတို့ဆက်လုပ်စရာရှိတာ ဆက်လုပ်၇ဖို့ပဲ။ အဲတော့ သူများကပြောတာလည်း ပြောပေါ့ဗျာ။လာတာလည်း လာပေါ့ဗျာ။ ဒါပေမဲ့ ကျမတို့ပြည်သူတွေက ကိုယ့်တော်လှန်ရေးကိုကိုယ်ဆက်လုပ်ကြဖို့ပါပဲ။ ဒါပဲပြောချင်ပါတယ်။
မေး။ ။ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ဆရာမကြီး ဒေါက်တာ လှကျော်ဇောကို နိရဉ္စရာကကျေးဇူအများကြီးတင်ပါတယ် ခင်မျ။
ဖြေ။ ။ဟုတ်ကဲ့။ ဟုတ်ကဲ့။