- Web Master
- ၂၃ သြဂုတ် ၂၀၂၀
မေး- ပထမဆုံးအနေနဲ့
လက်ရှိ စစ်တွေမြို့ရဲ့ ရာသီဥတုအခြေအနေနဲ့ ဒေသခံပြည်သူတွေရဲ့ အနေအထားလေး
တစ်ချက်ပြောပြပေးပါဆရာ။
ဖြေ- လက်ရှိ
စစ်တွေမြို့ရဲ့အခြေအနေကတော့ လေငြိမ်နေတယ်။ မိုးတိမ်၊ မိုးသားတချို့ရှိတယ်။
လေကတော့ မတိုက်ဘူး။ လုံးဝငြိမ်နေတယ်။ ပူတာတော့ တော့်တော်ပူတယ်။ စစ်တွေ
မြို့ထက်မှာ လူတချို့ကဆိုရင် စစ်တွေနဲ့ မုန်တိုင်းနဲ့လွတ်တဲ့
နေရာတွေကို ပုဏ္ဏားကျွန်း၊ မြောက်ဦးတွေကို ရွေ့ပြောင်းတာရှိတယ်။
တချို့တွေကတော့ မရွှေ့ဘူးပေါ့နော်။
ဒီစစ်တွေမြို့ရဲ့ အာကျိတ်တောင်ကုန်းမှာရှိတဲ့ ကုန်းမြှင့်တွေမှာ ဝင်ရောက်ခိုလှုံနေတာတွေရှိတယ်။
အထူးသဖြင့် အဓိဌာန်ဆရာတော် ဘုရားကျောင်းရယ်၊ အရှင်ဉာဏစက္ကဘုန်းတော်ကြီးကျောင်းရယ်။
အဲ့အနီးအနားပတ်ဝန်းကျင်မှာ ခိုလှုံနေတဲ့သူတွေက အခုလောက်ဆိုရင်တော့
ကျွန်တော်တို့ မနေ့ကညနေစာရင်းချုပ်အရဆိုရင်တော့
မေး- ဟုတ်ကဲ့။
အဲ့လိုဆိုလို့ရှိရင် စစ်တွေမြို့ရဲ့ မုန်တိုင်းရှောင်လို့ ရနိုင်မယ့် ကုန်းမြှင့်နေရာဆိုလို့ရှိရင်
ဘယ်နေရာလောက်အဆင်ပြေမလဲ။ အဲ့နေရာတွေရော ပြည်သူ လူဦးရေဘယ်လောက်လောက်
ဝင်ဆံ့နိုင်မလဲ။
ဖြေ- စစ်တွေမြို့ရဲ့
အမြှင့်ဆုံးနေရာကတော့ အာကျိတ်တောင်ကုန်းက အမြှင့်ဆုံးနေရာပေါ့နော်။ အဲ့ဒီအနီးအနား
ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ဒီစာရင်းအရဆိုရင် ဘုန်းကြီးကျောင်းက
ခိုင်ခိုင်မာမာနဲ့ သေသေချာချာ ဆောက်ထားတဲ့ကျောင်းက အနည်းဆုံးမရှိဘူးဆိုရင်တော့
ကျောင်း ၁၀ကျောင်းကနေ
၁၅ကျောင်းအထိ ရှိမယ်လို့ ကျွန်တော်တို့တွက်ဆထားတယ်။ လူဦးရေအားဖြင့်ဆိုရင်တော့
ကျွန်တော်တို့ ၃သောင်း ပတ်ဝန်းကျင်လောက်ကိုတော့ ကျွန်တော်တို့
လှုံခြုံအောင်ထားနိုင်မယ်လို့တေ
မေး-ဆရာတို့အနေနဲ့ရော
ဒီလူဦးရေ ၃သောင်းလောက်ကို ထောက်ပံ့ထားမယ်ဆိုရင်ရော အခက်အခဲရှိနိုင်ပါ့မလား။
ဘယ်လိုတွေ စီစဉ်ထားပါလဲ ဆရာ။
ဖြေ-လက်ရှိတော့
ကျွန်တော်တို့ ဒီလူဦးရေ ၄ထောင်လောက်တော့ ရေဘေးရှောင်နေရာကို ရောက်နေကြပြီပေါ့နော်။
ဒီလူတွေအတွက်ကတော့ ဘာမှတော့ အခက်အခဲမရှိသေးဘူး။ ကျွန်တော်တို့ဆီမှာရှိတဲ့
ရံပုံငွေတွေရယ်၊ စေတနာရှင်တွေရဲ့ အလှူတွေနဲ့တော့ လောလောဆယ်
ထိန်းထားနိုင်တယ်ဗျာ။ နောက်လည်း ကျွန်တော်ထင်တယ်။ ဒီက အမျိုးသား ဘေးအန္တရာယ် အဆင့်ဆိုတော့ လုပ်ငန်းရှင်တွေဘက်ကလည်း ဝိုင်းဝန်းပံ့ပိုးကြလိမ့်မယ်လို့
မေး- ဟုတ်ကဲ့ပါ။
လက်ရှိ စစ်တွေမြို့ရဲ့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ကိုရော ဆရာအနေနဲ့ ဘယ်လိုမျိုး
သုံးသပ်ပါလဲ။
ဖြေ- မုန်တိုင်းနဲ့
ပတ်သတ်ပြီးတော့ သတိထားစရာကတော့ မုန်တိုင်းမဖြစ်ခင်ကာလရယ်၊ ဖြစ်နေတဲ့ကာလရယ်၊ ဖြစ်ပြီးတဲ့ကာလရယ်လို့
ရှိတယ်ပေါ့နော်။ အရေးကြီးဆုံးအပိုင်းက ကျွန်တော်တို့ မဖြစ်ခင်ကာလကို
ပိုပြီးတော့ ဂရုစိုက်စေချင်တယ်လို့မြင်တယ်။
ဘာဖြစ်လို့လဲဆိုရင် ဖြစ်ပြီးမှ လူသေသွားပြီးမှ ထောက်ပံ့တာထက်
ပစ္စည်းတွေ ဆုံးရှုံးသွားပြီးမှ ကူညီထောက်ပံ့တာထက် မဖြစ်ခင် ကြိုတင်ကာကွယ်ထောက်ပံ့တာကတော့
အဓိပ္ပါယ်ရှိလို့ ကျွန်တော်မြင်တယ်ဗျာ။ ဒီအပိုင်းမှာ ပြည်နယ် နစကဘက်ကသော်လည်းကောင်း၊
ULA/AA ဘက်ကသော်လည်းကောင်း၊ အန်ဂျီအိုတွေ INGO၊ NGO ဘက်ကသော်လည်းကောင်း ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ
ပိုပြီးတော့ အားထည့်စေချင်တယ်လို့တော့ ကျွန်တော်ဖြည့်ပြောချင်တယ်ဗျာ။
မေး- ပြည်နယ်ကောင်စီအနေနဲ့ကလည်း
ဒီမုန်တိုင်းအတွက် တစ်ပတ်လောက်အလိုကတည်းက ကြိုတင်ပြင်ဆင်နေတာတွေရှိတယ်လို့
ဖြေ- ဒီနေ့အချိန်လောက်ထိတော့
သူတို့ဘက်က ဖိဖိစိစိတော့ သိပ်မမြင်ရသေးဘူးဗျာ။ မိုးလေဝသ သတင်းတွေ ထုတ်ပြန်တာလောက်တော့
ကြိုတင်ပြင်ဆင်တာလောက်တော့ သတင်းတွေလောက်ဘဲ တွေ့ရပါတယ်။
မြေပြင်မှာတော့ တကယ်ထိထိရောက်တော့ မတွေ့ရသေးဘူး။ မနေ့ကတော့
အဓိဌာန်ကျောင်းဘက်မှာတော့ ပြည်နယ်ဝန်ကြီးချုပ်ဘက်ကတော့
သူတို့လာပြီးတော့ လေ့လာသွားတဲ့ အပိုင်းကိုတော့ ကျွန်တော်တို့
ဆုံခဲ့ရတယ်။ ကျန်တဲ့အပိုင်းကတော့ ကျွန်တော်တို့ နည်းနည်းလေး လိုတယ်လိုတော့မြင်တယ်။
ပြည်နယ်အစိုးရဘက်ကလည်း ဒီအပေါ်မှာ ဖိဖိစိစိလေး လုပ်စေချင်တယ်ဗျာ။
မေး- ကုန်ဈေးနှုန်းတွေတက်တာလည်း ကျွန်မတို့ကြားရပါတယ်။
ဆန်ဈေးတွေ၊ တခြားစားသောက်ကုန်ဈေးတွေ၊ အသက်ကယ်အင်္ကျီတွေပေါ့နော်။ တကယ့်အရေးကြီးတဲ့အရာတွေမှ
ဈေးကအဆမတန်တက်နေတယ် ဆိုတာမျိုးတွေလည်း ကြားရပါတယ် ဆရာ။ ဒီတော့ ကုန်ဈေးနှုန်း အခြေအနေလည်း တစ်ချက်ပြောပေးလို့
ရနိုင်မလားဆရာ။
ဖြေ- ကုန်ဈေးနှုန်းကတော့ ကျွန်တော်တို့လည်း
တိတိကျကျတော့ မဟုတ်ဘူးပေါ့နော်။ တိုက်ရိုက်တော့ မတွေ့ရဘူး။ ဒါပေမဲ့
ကျွန်တော်တို့ ပြည်သူတွေဆီကနေ သတင်းစကားတွေ ကြားတယ်ပေါ့နော်။
တချို့ဆိုင်တွေကတော့ ဈေးအလွန်တရာကြီးပြီး တင်ရောင်းတာတော့ ကျွန်တော်တို့
တောက်လျှောက်တွေကြားနေရတယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့ ဒီလိုမျိုးတော့
မဖြစ်စေချင်ဘူးပေါ့နော်။ ဒီဘေးဒုက္ခကို မှီပြီးတော့ အမြတ်ထုတ်တဲ့
ပုံစံမျိုးကတော့ ကျွန်တော်တို့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ ဘာသာရေးအရသော်လည်းကောင်း၊
လှုမှုရေးအရသော်လည်းကောင်း ဒါတော့ မလုပ်သင့်ဘူးလို့မြင်တယ်။
ကိုယ်တို့အတိုင်းအတာ တစ်ခုလောက်အထိ အမြတ်ယူပါ။ ခေါင်းပုံဖြတ်တဲ့
ပုံစံမျိုးဆိုရင်တော့ ဒီအပေါ်မှာတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့
ဒဏ်ခတ်မှုကိုတော့ ပြန်ခံရလိမ့်မယ်လို့ မြင်တယ်။ ဒါတော့ ကုန်သည်တွေကို
ပြန်ပြီးတော့ သတင်းစကားပေးချင်တယ်ဗျာ။
မေး- ဟုတ်ကဲ့ပါဆရာ။
စစ်တွေမြို့ပေါ်မှာဘဲ တချို့အိမ်တွေကကျတော့ အိမ်ကမခိုင်ခန့်ဘူးပေါ့နော်။
မင်းဂံဘက်ကသူတွေဆိုရင် သတ်မှတ်ထားတဲ့ မြို့နယ်၊ ရပ်ကွက်
မဟုတ်တဲ့အတွက် ခိုလှုံခွင့်မရကြဘူး။
လက်မခံဘူးဆိုတာတွေလည်း ကြားနေရပါတယ်ဆရာ။
သူတို့တွေအနေနဲ့ရော ဘယ်လိုလုပ်ရင် ရနိုင်မလဲပေါ့နော်။ ဆရာ့အနေနဲ့ တစ်ချက်ပြောပြပေးပါရှင့်။
ဖြေ- ဒီသတင်းနဲ့
ပတ်သတ်ပြီးတော့ ကျွန်တော်တို့ မကြားသေးဘူး။ မသိသေးဘူး။ ကြားခဲ့မယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့နော်။
အဓိက ကျွန်တော်တို့ဘက်မှာ လှုမှုအဖွဲ့အစည်းတွေရယ်၊ တက်ကြွလှုပ်ရှားသူတွေရယ်၊
စေတနာရှင်တွေ ပေါင်းပြီးတော့ ကျွန်တော်တို့က အဓိဌာန်ဆရာတော်ဘုရားကျောင်းရယ်၊
ဆရာတော် ဉာဏစက္ကကျောင်းရယ်၊ ဒီနေ့ဆိုရင် ကျွန်တော်တို့
ဒီအလိုတော်ပြည့်ကျောင်းကို တိုးချဲ့သွားဖို့ရှိတယ်။ အလိုတော်ပြည့်ကျောင်းနဲ့
ပတ်သတ်ပြီးတော့ မနေ့က ညနေဘက် ကျွန်တော်တို့ အစီစဉ်ချထားကြည့်ပြီးပြီ။
ကျွန်တော်တို့ဆီကို လာခဲ့ပါ။ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဘာမှ
ပြသနာမရှိဘူး။ ကျွန်တော်တို့ဆီမှာ မလာရဘူးဆိုတာလည်း မရှိဘူး။
လာသမျှလူတွေကိုလည်း ကျွန်တော်တို့ ထမင်းကျွေးနိုင်ဖို့နဲ့ လုံလုံခြုံခြုံထားနိုင်ဖို့
မေး- ဆရာ့အနေနဲ့
ဒီအပေါ်မှာ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ
ဖြေ- ပြည်သူတွေအနေနဲ့
သပ်မကြောက်ကြပါနဲ့။ ဖြစ်လာတဲ့ဘေးကို ကျွန်တော်တို့ အကောင်းဆုံးရင်ဆိုင်
ဖြတ်ကျော်ဖို့အတွက် ကျွန်တော်တို့ အားမွေးထားပါလို့ ပြောချင်ပါတယ်။
နောက်ပြီးတော့ ကုန်သည်တွေအနေနဲ့လည်း သိပ်လောဘ ဇောကပ်ပြီးတော့
ဈေးတွေ မတရားမတင်ကြပါနဲ့။ ဒီဟာတွေက ကုန်သည်တွေအပြင် တစ်မျိုးသားလုံးနဲ့
ပြည်သူအကုန်လုံးနဲ့ သက်ဆိုင်နေတဲ့အတွက် ဒီအပေါ်မှာ ဝိုင်းဝန်းပြီးတော့
ရင်ဆိုင်သွားကြဖို့အတွက်ကိုတော့ ဒီဟာလေးတစ်ချက် ကျွန်တော်တိုက်တွန်းချင်ပါတယ်။
(ပြီး)