သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တရုတ်က လိုလားနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ဖြစ်နိုင်ပါမလားဆိုတာကို ဒေါက်တာလှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 752



နိရဉ္စရာ (အင်တာဗျူး)| မေ ၁၉၊ ၂၀၂၃

 

မြန်မာစစ်အစိုးရကို နိုင်ငံတကာက ခေါင်းဆောင်တွေ အများအပြားလာတွေ့တာတွေဟာ ခပ်စိတ်စိတ် ဖြစ်လာနေပါတယ်။ ဧပြီလအတွင်းမှာပဲ ထိုင်းကနိုင်ငံခြားရေးဝန်ကြီး မြန်မာကို လာတယ်။ ဘန်ကီမွန်းလာတယ်။ နောက်ထပ်  တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်း လာတယ်။ ဒ တရုတ်ရဲ့ ဗဟိုအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင်လာပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါတွေ့သွားခဲ့ပါတယ်။ ခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်တာနဲ့ ပတ်သက်ပြီး  တရုတ်က လိုလားနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ဖြစ်နိုင်ပါမလားဆိုတာကို တရုတ်အရေးကျွမ်းကျင်သူ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကို ဆက်သွယ်မေးမြန်းပြီးတင်ပြလိုက်ပါတယ်။  

________________________________________________________________

 မေး ဧပြီလအတွင်းမှာပဲ ထိုင်းကနိုင်ငံခြားရေးဝန်ကြီး မြန်မာကို လာတယ်။ ဘန်ကီမွန်းလာတယ်။ နောက်ထပ်  တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်း လာတယ်။ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခကလည်း ပြင်းထန်နေတယ်။  ဒီတော့ တရုတ်ရဲ့ ဗဟိုအစိုးရက လာတယ်ဆိုတော့ တရုတ်က လိုလားနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ဖြစ်နိုင်ပါမလား။ စစ်ကောင်စီကို တရုတ်က နားချလို့ ရပါ့မလား၊ နားချလို့ရရင်တောင် တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းဖြစ်လာနိုင်ပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံအဆင့်ပါဝင်သင့်တဲ့သူတွေ ပါလာနိုင်ပါ့မလား၊ ဆရာမကြီး ဘယ်လိုသုံးသပ်ချင်ပါလဲဗျ။

 ဖြေ - အချိန်တော့ယူရလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆူဒန်ကိစ္စမှာဆိုလည်း တောင်ဆူဒန်တို့ ဂျာဗားတို့ဆိုတာ တရုတ်က ၆နှစ် ၇နှစ်လောက်ဝင်ခဲ့တာရှိတယ်။ ဆော်ဒီအာရေဗီးယားနဲ့ အီရန်တို့တွေ့ တာတောင်မှပဲ တရုတ်ပြည်မှာ တိတ်တိတ်ခိုးတွေ့တာတောင်မှပဲ ၇ ကြိမ်လောက်တွေ့တယ်ပြောတယ်။  ထရန့်ခေတ်မှာ အီရန်က ဗိုလ်ချုပ်ကြီးတစ်ယောက်ကို ဒရုန်းနဲ့ လေယာဉ်ကွင်းမှာသတ်တာလေ။ အစက ဆော်ဒီယာရေဗီးယားနဲ့ အီရန်တို့ဆွေးနွေးတာ အီရတ်မှာဆွေးနွေးတာ။ အဲဒီမှာအသတ်ခံလိုက်ရလို့ နောင်ကျတော့ တရုတ်မှာသွားရွှေ့ရတာလို့ပြောတယ်။ အဲဒီဟာတွေက တိတ်တိတ်ဆိတ်ဆိတ် လုပ်နေတာရှိတယ်။ ဗဟိုကခေါင်းဆောင်တစ်ယောက်လာတယ်ဆိုတာ သေးတဲ့ကိစ္စမဟုတ်ဘူး။ သူ့အရင် တရုတ်ကွန် မြူနစ်ပါတီအကြီးအကဲတစ်ယောက်လာတုန်းကလည်း ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကိုပဲ တွေ့တယ်။ မင်းအောင်လှိုင်ကို မတွေ့ဘူး။ အဲဒါက သတင်းစကားပေးလိုက်တာပဲ။ မင်းအောင်လှိုင်ကို ဖိအားပေးဖို့ ဗိုလ် သန်းရွှေတို့ ဗိုလ်သိန်းစိန်တို့ကို ပြောလိုက်တာပဲ။ အခုက ခေါင်းအမာဆုံးက မင်းအောင်လှိုင်ပဲဖြစ်မယ်။ အဲ ဒါကနေတဆင့် နိုင်ငံခြားရေးဝန်ကြီးလာတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သူတို့ဖက်က မီးစိမ်းပြလို့လာတာ။ ကျွန်မတို့ဖြစ်စေချင်သလောက်တော့ ဖြစ်မလာဘူး၊။ စစ်တပ်က နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေပြီဆိုပေမယ့် စစ်ရေးအရနိုင်မယ်လို့တွက်ပုံရတယ်။ ဒါကြောင့် ရက်ရက်စက်စက်ဖိနှိပ်နေတာ။  နိုင်ငံရေးအရ ဘာ လို့ထွက်ပေါက်ရှာရလဲဆိုတော့ တရားဝင်အစိုးရတစ်ရပ်ရေရှည်ခံဖို့အတွက် နိုင်ငံရေးထွက်ပေါက်ရှာတာ။ စစ်ရေးအရ သူတို့နိုင်တယ်လို့ တွက်နေသမျှ သူတို့မလိုက်လျောဘူး။ နိုင်ငံရေးအရ တစုံတရာလိုက်လျော့လည်း လှည့်တာဖြားတာပဲ။ နွေဦးတော်လှန်ရေးဖက်က ပြတ်သားတယ်ဆိုတာမှန်တယ်။  ဒီစစ်အာဏာရှင် မရှိမှ ကျွန်မတို့တိုင်းပြည် တကယ်ပဲငြိမ်းချမ်းမယ်။ တကယ်လည်းဖွံ့ဖြိုးတိုးတက်မယ်။ ဒါကြောင့် တိုက်စရာရှိတာ ဆက်တိုက်နေရမှာပဲ။ အခုလောလောဆယ်က စကားပြောဖို့မဟုတ်ဘူး၊ အခု လောလောဆယ် သူတို့လုပ်နေတာကြည့် အကြမ်းဖက်မှုတွေရပ်ရေးပဲ။ အဲဒါတွေက ဘန်ကီမွန်းလည်း ပြောတယ်။  နိုလင်း ဟေဇာလည်း ပြောတယ်။ အခုစစ်တပ်ကိုနိုင်အောင်အရင်ကိုင်ရမှာ။ ကျွန်မတို့ဖက်က လုပ်စရာရှိတာဆက်လုပ်ရမှာပဲ။ တပ်ပေါင်းစုဖွဲ့တာဖွဲ့ရမှာပဲ။ ဒီဖက်ပိုပြီး ဟန်ချက်ညီတဲ့ လှုပ်ရှားမှုတွေလုပ်သွားရမယ်။  အဲဒါမှသာလျှင် စစ်တပ်က ဦးကျိုးမှာ။ ဟန်ဆောင် ပန်ဆောင်လုပ်နေတာ။ တစ်သက်လုံးက ဟန်ဆောင် လာတာ။ ဘယ်တုန်းကများကတိတည်ဖူးလို့လဲ။  လျှော့လို့တော့မဖြစ်ဘူး။ ကျွန်မတို့ဖက်က ပြတ်သားနေတာမှန်တယ်။ သူတို့ဖက်ကလည်း နိုင်ငံရေးထွက်ပေါက်ရှာတယ်ဆိုတာ သူတို့ကစစ်ရေးအရသာလွန်အင် အားရှိတယ်ဆိုတာမှန်တယ်။ ဒါနဲ့ ဖိပြီးတွယ်မယ်ဆိုရင်ရတယ်ဆိုတာ သူတို့တွက်နေတုန်း။  လျှော့စရာမလို ဘူးလို့တွက်နေတုန်း။ အဲဒါကိုမရဘူး စစ်အာဏာရှင်စနစ်နဲ့မသွားတော့ဘူးဆိုတာကို ပြတ်သားအောင်ပြဖို့ လိုတာပဲ၊ တရုတ်ကလည်း ထိုင်ဝမ်ကိစ္စမှာ အမေရိကန်နဲ့ထိပ်တိုက်ရင်ဆိုင်မှုမှာ ကျော်လွှားနိုင်ခဲ့ပေမယ့် တခြား အရေးကြီးကိစ္စတွေဖြစ်လာတယ်။ ဒါကြောင့်မို့အဲဒီကိစ္စတွေမဖြစ်အောင် တားဆီးတဲ့အနေနဲ့ မြန်မာပြည်အရေးဝင်ပါနေတာပေါ့လေ။ အရှေ့အလယ်ပိုင်းမှာလည်း ဆော်ဒီအာရေဗီယားနဲ့ အီရန်တို့ ငြိမ်းချမ်းသွားပြီဆိုတာနဲ့ ယီမန်ကိစ္စလည်းပြီးတော့မယ်။  ဆီးရီးယားကိစ္စလည်း ပြီးတော့မယ်။ ယူကရိန်း နဲ့ ရုရှလိုပေါ့။ သူတို့ကရောက်တဲ့နေရာမှာ ဆွေးနွေးကြတာပဲဖြစ်တယ်၊။ ဇာလန်းစကီးတို့ကတော့ ရုရှတွေ အကုန်ထွက်သွားရေးလို့ပြောတာပေါ့။  ရုရှက ဘာစကားမှ ပြန်မပြောထားဘူး။  အခုတရုတ်လုပ်နေတာက အပစ်အခတ်ရပ်စဲရေး လူတွေအသေအကြေ နည်းတယ်ပေါ့ဗျာ။  ကျွန်မတို့မြန်မာပြည်ကိုလည်း အကြမ်းဖက်မှု ရပ်ဆိုင်းရေးပြောနေတာပေါ့၊ တရုတ်ကသိပ်ပြီးတော့အသေးစိတ်တယ်၊ သူကတစ်စချင်းတက်မှာပဲ။  

 

 မေး တရုတ်ခေါင်းဆောင်တွေ နေပြည်တော်လာရောက်ကြတဲ့ကိစ္စ အကောင်းဖက်ကကြည့်မယ်ဆိုရင် မြန်မာပြည်အရေးက အပေါင်းလက္ခဏာမျှော်လင့်လို့ရနိုင်မလား။

 ဖြေ - မြန်မာစစ်တပ်က အကြမ်းဖက်တာတွေရပ်အောင်ပြောနိုင်မယ်ဆိုရင်တော့ ရပါတယ်။ စစ်တပ်ကလည်း သူ့ ကိုဂရုစိုက်တာ ရုရှနဲ့တရုတ်ပဲရှိတယ်လေ။  ရုရှကလည်း ပဝါမနိုင်ဖြစ်နေတဲ့ ဘဝဖြစ်နေတယ်ဆိုတော့ သူ့ ကိုဒီလောက်ကယ်နိုင်မှာမဟုတ်ဘူး။  စီးပွားရေးအရကယ်နိုင်တာ တရုတ်ဆိုတော့ တရုတ်ကိုတော့ နဲနဲ မျက်နှာပေးဆက်ဆံရတာပေါ့။ တရုတ်ပြောတာတွေ၊ အကြံဉာဏ်ပေးတာတွေကိုတော့ တစုံတရာလိုက် နာရမယ်။ တရုတ်ကလည်း သူ့တိုင်းပြည် အကျိုးစီးပွား။  သူ့ရဲ့မဟာဗျူဟာအကျိုးစီးပွားအတွက်လုပ်တာပဲ။ သူ့မဟာဗျူဟာကြီးက မြန်မာပြည်ကြီးအေးချမ်းမှပဲ အောင်မှာဖြစ်တာကိုး။ အဲဒီအတွက်သူကြားဝင်တာပဲ။ ကြားဝင်လာတာမှာလည်း မျှမျှတတပြောတတ်ဆိုတတ်ပြီး စစ်တပ်ဆိုတာလည်း တခြားရွေးစရာလမ်း မရှိဘူးလေ။ အားကိုးစရာလည်းမရှိဘူးလေ။ တစုံတရာတော့ အကောင်းဖက်ကိုရွှေ့လာနိုင်မယ်လို့ထင် တယ်။  သို့သော် ကျွန်မတို့က တော်လှန်ရေးမှာလျော့လို့မဖြစ်ဘူး၊ စစ်တပ်ကို စစ်တန်းလျားပြန်ပို့ဖို့ ပြတ်ပြတ်သားသားလုပ်ရမယ်။ တဆင့်ပြီးတဆင့်လုပ်ရမှာပဲ လောလို့တော့မရဘူး။  စစ်တပ်ဖက်ကလည်း နိုင်ငံ ရေးအာဏာတွေ၊ စစ်ရေးအာဏာတွေ၊ နိုင်ငံရေးအခွင့်အရေးတွေ၊ စစ်ရေးအခွင့်အရေးတွေ ပြည်သူလူထု နဲ့ တန်းတူခံစားရမယ်၊ မျှဝေရမယ်ဆိုတဲ့စိတ်ဝင်သွားဖို့ ကျွန်မတို့က ဆက်တိုက်စရာရှိတာတိုက်ရမှာပဲ။

 

 မေး တရုတ်နဲ့အမေရိကန်တို့ မြန်မာ့အရေးချဉ်းကပ်ကြတဲ့ အပေါ် ယှဉ်ကြည့်တဲ့အခါ မတူညီတာလေးတွေကို တွေ့ရပါတယ်။ ဒါပေမယ့် တရုတ်က မြန်မာနိုင်ငံရေးမှာ သူ့ရဲ့ အကျိုးစီးပွားရေးအတွက်ဘဲလို့ နိုင်ငံရေးလေ့လာသူတစ်ချို့က သုံးသပ်ကြတယ်။ တရုတ်က လက် တွေ့ကျရတဲ့ရည်ရွယ်ချက်က သူ့ရဲ့ BRI စီမံကိန်းအကောင်အထည်ဖော်ဖို့ အိမ်နီးချင်း မြန်မာပြည်က အချက်အခြာကျလို့ လက်တွေ့ကျကျလုပ်ဆောင်နေတယ်လို့ဆိုကြတယ်။ ဆရာမကြီး ဘယ်လိုမြင်မိလဲ။

 ဖြေ - အမေရိကန်တို့ တရုတ်တို့ကမတူဘူး၊ အမေရိကန်က စူပါပါဝါဖြစ်တာကိုး၊ ဘာမဆို အနိုင်ရရေးကိုပဲ သူစဉ်းစားတယ်။  တချို့က ကြာလာတဲ့အခါကျတော့မခံမရပ်နိုင်ဖြစ်လာတာပဲ။  တရုတ်က အစကတည်း က Win Win လို့ပြောတယ်။  ခင်ဗျားတို့လည်း တစ်စုံတစ်ရာယူ ကျွန်တော်လည်း တစ်စုံတစ်ရာယူမယ်။ ဒါ မျိုးပြောထားတာ၊ တရုတ်နဲ့ဆက်ဆံတဲ့အခါကျတော့ ပိုပြီးတော့မျှတသလိုဖြစ်တာပေါ့နော်။  အမေရိကန်က ဥပမာ အာဖကန်နစ္စတန်ကိစ္စဖြစ်ဖြစ်၊ အီရတ်ကိစ္စဖြစ်ဖြစ် ပုံပျက်ပန်းပျက်ထွက်ရသလိုဖြစ်တယ်။ အီရတ်ရော အာဖဂန်နစ္စတန်မှာရော ဒီမိုကရေစီ တင်သွင်းပေးပါမယ်ဆိုပြီးတော့ တိုင်းပြည်ကို ပြာပုံဖြစ် အောင်လုပ်ခဲ့တာပဲ။ အထူးသဖြင့် အာဖဂန်ကနေ ကသုတ်ကရက်ဆုတ်ရတဲ့အခြေအနေဆိုတော့ ကမ္ဘာမှာ မျက်နှာပျက်ရတယ်။ အဲဒီမှာ တရုတ်ကလည်း တအားတက်လာကာ စီးပွားရေးအရလည်းကောင်းလာတော့ သူနဲ့ ဆက်ဆံတဲ့ နိုင်ငံတွေက တစုံတရာချောင်လည်သွားတယ်။  တောင်ဆူဒန်က ငြိမ်းချမ်းရေးရပြီး တဲ့နောက် သူပုန်တွေကို လယ်ယာမြေတွေဖော်ပေးတယ်။ ရေကာတာတွေဆောက်ပေးတယ်။  တော်လှန် ရေးသမားတွေကို လယ်သမားတွေပြန်ဖြစ်အောင်ပေါ့။  ဝ ဒေသတို့၊ မိုင်းလား ဒေသတို့ဆို ဒီလိုပဲ လုပ်ပေးနေတာပဲ။ သူကအရင်းအနှီးလည်းတတ်နိုင်တာကိုး။  အဲဒီအရင်းအနှီးနဲ့ဝင်လာပြီး လမ်းတွေ တံတားတွေ ဆောက်တယ်၊ အဲတော့သွားလာရေးချောင်ချိသွားရင် အလိုလို ချမ်းသာလာတာပဲလေ။  ကမ္ဘောဒီယားမှာ တရုတ်ငြိမ်းချမ်းရေးစောင့်တပ်သားတွေက ဒီလိုပဲ လုပ်သွားတာပဲလေ။ လမ်းတွေလည်း ဖောက်ပြီးတော့ ကုန်သွယ်ရေးပိုင်းစီးဆင်းသွားနိုင်ပြီပေါ့။ ရေကာတာတွေ ဆောက်ပေးတယ်။ လယ်ယာလုပ်ငန်းအတွက် မျိုးစေ့တွေကလည်း ပေးပြီး စိုက်ပျိုးလုပ်ကိုင်တော့ စီးပွားရေးတက်လာတော့ ဘယ်သူက သူပုန်လုပ် တော့မှာလဲ။

 

 မေး ကျေးဇူးတင်ပါတယ် ဆရာမကြီး။

 ဖြေ - ကျေးဇူးတင်ပါတယ်။  

 

__________________NN-   ______ နိရဉ္စရာသတင်းဌာန__________________

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး