Preview

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့ကွဲရဲ့ နောက်ဆုံးအခြေအနေရပ်ရပ်နဲ့ ပတ်သက်ပြီး ၎င်းအဖွဲ့ရဲ့ အတွင်းရေးမှူး ခိုင်သူရိန်ကို ဆက်သွယ်မေးမြန်းခြင်း

ဇူလိုင် ၀၇/ ၂၀၂၃ | ကြည့်ရှုသူ :2016
အင်တာဗျူး

စစ်ကောင်စီနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေတဲ့ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ၇ခိုင်ပြည် လွတ်မြောက်ရေး  ပါတီ(ALP)အဖွဲ့ကွဲဟာ စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်(Border Guard Forces - BGF) အဖြစ် အသွင်ပြောင်းဖို့ စစ်ကောင်စီနဲ့ဆွေးနွေးနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။အဲသလို သတင်းတွေ ထွက်ပေါ်နေမှုနဲ့ အတူ ဒီ ALP အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာဒီနှစ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာတွေလည်း ရှိလာပါတယ်။
မကြာသေးခင်က ဇူလိုင်၁ ရက်မှာပဲ အဲဒီအဖွဲ့ရဲ့ ပါတီဒုဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် ALA အမှတ် (၁၀၁) တပ်ရင်းကတပ်ရင်းမှူး ခိုင်ကျော်မင်းနဲ့ တပ်သား ကျော်ကျော်နိုင်တို့ဟာ စစ်တွေမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့၇ပါတယ်။ နောက်ထပ် တစ်ခါALP ဟာစစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာအခြေစိုက်ပြီး စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ ဒေသခံတွေကိုဖမ်းဆီးနှိပ်စက်တာ၊ ငွေညှစ်တောင်းခံတာတွေရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ပြီးရင်စ်တွေမြို့၊ဘုမေကျေးရွာ နားမှာလည်းစစ်ကောင်စီက  နောက်ထပ် ALP ကို နောက်ထပ်မြေကွက်တစ်ကွက်ပေးပြီး အဲဒီမှာ ပါတီ ရုံးဆောက်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ALP ရဲ့အတွင်းရေးမှူးခိုင်သူရိန်ကို နိရဥ္စရာသတင်းဌာနက ဇူလိုင် ၆ ရက် မနက်မှာ ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါတယ်။

မေး- ပထမဆုံးအနေနဲ့ ALP ကို နယ်ခြားစောင့်တပ်(BGF)အသွင်ပြောင်းဖို့စစ်ကောင်စီနဲ့ ဆရာတို့ ဆွေးနွေး နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးဆရာတို့ဘက်က ဘာများ တုံ့ပြန်ပြောချင်ပါသလဲ။
ဖြေ- အဲလိုကိစ္စမျိုးတစ်ခါမှ မရှိဖူးဘူး။ ကျနော်တို့ အဲဒီကိစ္စနဲ့ပတ်သက်လို့ တိုင်လည်း မတိုင်ပင်၊ဆွေးနွေးထားတာ စစ်ကောင်စီနဲ့ ဘာမှ မရှိဘူး။

မေး- နောက်တစ်ခုက ဟိုတစ်နေ့ကစစ်တွေမှာ ပါတီဒုဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် ဦး ပစ်ခတ်သတ်ဖြတ်ခံမှုနဲ့ပတ်သက်လို့ ဆရာတို့ လက်ရှိ ဘာတွေဆောင်ရွက်နေပါသလဲ။
ဖြေ- ဒီဟာနဲ့ပတ်သက်ပြီးတော့တရားခံတွေကို ဖမ်းဆီးဆောင်ရွက်နိုင်ရေးအတွက် ပြည်ထဲရေးနဲ့ပါတပ်ရင်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။

မေး-အဲဒီမှာ သံသယဖြစ်စရာ ဘယ်နှစ်ယောက်လောက်ကိုများ ဖမ်းဆီး ခေါ်ယူ စစ်ဆေးနေတာတွေရှိလဲ။
ဖြေ- ဒါတော့ကျနော်တို့ ပြောလို့မရဘူး။ ကျနော်ပြောပြလို့၇နိုင်တာကတော့ ကျနော်တို့ဒီဟာတွေနဲ့ပတ်သက်လို့ပြီးတော့ ဆောင်ရွက်မှုတွေရှိနေတယ်။ ဒါပဲပြောပြနိုင်ပါတယ်။

မေး-  ဟုတ်ကဲ့။ ဒီလုပ်ကြံသတ်ဖြတ်မှုကိစ္စနဲ့ပတ်သက်လို့ဆရာတို့ဆီမှာ တချို့ ဖမ်းဆီးခံထားရတဲ့သူတွေကို ညှဉ်းပမ်းနှိပ်စက်တာတွေရှိမှာကို မိသားစုဝင်တွေကလည်း စိုးရိမ်နေကြတယ်လို့သိ၇ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိသားစုတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ- ူတို့အပြစ်မရှိဘူးဆိုရင်တော့ပြန်လွှတ်ပေးမှာပါ။ အပြစ်လုပ်ထားရင်တော့ပြည်ထဲရေးတို့၊ စစ်တပ်က ဆက်လက်ဆောင်ရွက်တာတွေ လုပ်ပါလိမ့်မယ်။

မေး- တစ်ဆက်တည်းမှာပဲအဲဒီနေ့ဖြစ်ခဲ့တဲ့ပစ်ခတ်မှုဟာ ရက္ခိုင့်တပ်တော်(AA)လက်ချက်ဖြစ်တယ်လို့ ဆရာတို့ဘက်က ပြောထားတာတွေလည်း ရှိတယ်။ နောက်ပြီး ဇန်နဝါရီလ ၄ရက်က ဆရာတို့ဘက်က ထိပ်ပိုင်းခေါင်းဆောင်၃ ယောက်ပစ်ခတ်ခံ၇မှုမှာလည်း AA လက်ချက်လို့ပြောထားတာတွေ ရှိတယ်လေ။ ဆိုတော့ ဘာကြောင့် AAရဲ့လက်ချက်လို့ ဆရာတို့ဘက်က တိတိကျကျပြောနိုင်တာလဲ။
ဖြေ- ကျနော်တို့မှာသက်သေတွေရှိပါတယ်။သူတို့လုပ်ထားတာတွေနဲ့ပတ်သက်ပြီးတော့။ ဒါတွေက ကျနော်တို့က ပြောပြလို့မရတာတွေရှိပါတယ်။ မီဒီယာကို ပြောပြသင့်တာကိုတော့ ကျနော်တို့ ပြောပြပါ့မယ်။

မေး- ဒါနဲ့ပတ်သက်လို့ကော AA ဘက်နဲ့ တစ်စုံတရာ ပြောဆိုဆွေးနွေးသွားဖို့ရှိမလား
ဖြေ- ောလောဆယ်တော့ဆွေးနွေးဖို့တော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။

မေး- ီလိုဖြစ်ပျက်နေမှုနဲ့ တ်သက်ပြီးတော့ ဘာများ ပြောပြချင်လဲ။
ဖြေ- ကိုယ့်၇ခိုင်အချင်းချင်းဒီလိုတိုက်ခိုက်နေတာတော့ ဘယ်မှာကောင်းမလဲ။ ဒါတွေကတော့ကိုယ့်ရခိုင်သား အချင်းချင်း စဉ်းစား၇မှာပဲလေ။ ကိုယ့်ရခိုင်ပြည်ကောင်းစားစေချင်လို့၊ကိုယ့်၇ခိုင်ပြည်တိုးတက်စေချင်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ ကျနော်တို့တွေလက်နက်ကိုင်ထားကြတယ်။ တော်လှန်ရေးလုပ်ခဲ့ကြတယ်။ အခု ကိုယ့်၇ခိုင်အချင်းချင်းသတ်တာ၊ ဖြတ်တာတွေဖြစ်နေကြတယ်ဆိုတော့ လူကြားလို့လည်းမကောင်းဘူး။ ရှင်းရှင်းပြောရရင် ရှက်ဖို့ကောင်းပါတယ်။ တော်လှန်ရေးသမိုင်းမှာဒီလိုမျိုးတွေဖြစ်ပေါ်နေတာတွေလေ။ ဒါကို ပြောချင်ပါတယ်။ သူတို့တွေမှာလည်းလူကြီးပိုင်းတွေမှာ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့သူတွေ အများကြီးရှိတယ်လေ။သူတို့အနေနဲ့ စဉ်းစားဆင်ခြင်၇မဲ့ဟာတွေဖြစ်နေတယ်၊ ငါတို့လုပ်တာတွေဟာမှန်နေလား၊ မှားနေလားဆိုတာ သူတို့လူကြီးပိုင်းတွေ ဆင်ခြင်သုံးသပ်ကြပါတော့။ဒီဟာကတော့ ကျနော် ဝေဖန်စရာအကြောင်းမရှိဘူး။

မေး- တစ်ဘက်မှာလည်း ဒေါ်မြရာဇာလင်း ဦးဆောင်တဲ့  ဆရာတို့  ALP ဟာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အခြေစိုက်ပြီး စစ်တပ်နဲ့ပေါင်းပြီးတော့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ငွေညှစ်တောင်းခံတာတွေရှိတယ်လို့ ပြည်သူတွေကြားမှာပြောဆိုနေတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ဘာများပြောချင်ပါသလဲ။
ဖြေ- အဲလိုကိစ္စမျိုးတွေမရှိဘူး။အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေ။ ဒီလို တရားလက်လွှတ် ပြောဆို နေတာတွေကတော့ သူတို့ဘာသာသူတို့ ပြစ်မှုတွေကိုလုပ်ပစ်ခဲ့ပြီးတော့ သူတို့ ဖြေရှင်းလို့ မနိုင်ဘူး၊သူတို့ပြစ်မှုတွေပေါ်လာကြတဲ့အပေါ်မှာ ဒီလိုသိက္ခာကျအောင်စွပ်စွဲတာတွေက ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ALPကစစ်တပ်နဲ့ပူးပေါင်းနေတာလည်း မဟုတ်ဘူး။ ကျနော်တို့ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုဆိုတဲ့နေရာမှာတရားဝင် အစိုး၇အဖွဲ့အစည်းအားလုံးနဲ့ ကျနော်တို့ဟာစကားပြောပိုင်ခွင့်လည်း ရှိတယ်။ ပြောလို့လည်း ၇တယ်။ ဒါကြောင့်မို့ကျနော်တို့က ပြောကြ၊ ဆိုကြတာပဲရှိတယ်။ ဒီအပေါ်မှာ စစ်တပ်နဲ့ပေါင်းလို့ပြည်သူကို နှိပ်စက်တယ်ဆိုတဲ့ စကားလုံးတွေကတော့ဘယ်လိုပြော၇မလဲ။ ဘောင်မဝင်တဲ့စကားလုံးတွေပဲလို့ ကျနော်ကတော့ သုံးသပ်ချင်တယ်။

မေး- နောက်တစ်ခုကစစ်တွေမြို့နားက ဘုမေမွတ်ဆလင်ကျေးရွာနားမှာ ဆရာတို့ ALP ပါတီရုံးထပ်ဆောက်ဖို့သတင်းတွေထွက်နေပါတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်လဲ။
ဖြေ- ဲဒီဟာတွေကတော့ဒီ လုပ်သင့်လုပ်ထိုက်တာတွေတော့ လုပ်နေကြတာပဲလေ။ ဒါတွေဟာလည်းသူတို့မှာလည်း မြေပြင်ကတချို့အဖွဲ့တွေမှာလည်း ကိစ္စဝိစ္စတွေရှိလို့လုပ်နေတာတွေရှိမှာပေါ့။

မေး- ဘုမေမှာပါတီရုံးထပ်ဆောက်မဲ့ဟာ ရှိတယ်လို့ ပြောချင်တာလား။
ဖြေ- ဒါတွေကတော့ကျနော်တို့ ဒီအချိန်မှာ ဘာမှမပြောနိုင်သေးဘူး။ အဲဒီသတင်းတွေဟာလည်းဘယ်ကနေထွက်လာမှန်းလည်း မသိဘူး။ အဲဒါတွေ ပြောနေဆိုနေကြတာတွေလည်း။ဒါ့ကြောင့် တချို့ကိစ္စတွေဟာ ကျနော်တို့လည်း ဖြေရှင်းဖို့မလိုတဲ့ကိစ္စတွေကို ကျနော်တို့ကလည်း ခေါင်းထဲ အရေးတယူလုပ်လို့ ဖြေရှင်းနေမှာ မဟုတ်ဘူး။ဒါပဲ ပြောချင်ပါတယ်။

မေး- နောက်တစ်ခုက ALP ဘက်မှာ အခုနောက်ပိုင်း စစ်တပ်ယူနီဖောင်းတွေနဲ့ တူလာတွေရှိတယ်လေ။အဲဒီအပေါ် ဝေဖန်နေတဲ့အပေါ် ဘာတွေပြောချင်ပါလဲ။
ဖြေ- စစ်တပ်ယူနီဖောင်းနဲ့တူတာတော့မဟုတ်ဘူး။ ဒါတွေက ဘယ်လိုပြောမလဲ။ တော်လှန်ရေးမှာတော့ ယူနီဖောင်းတွေကတော့ဝတ်ကြတာပဲ။ အဆင်ပြေသလိုဝတ်ကြတာရှိတယ်။ပြီးတော့ အဲဒီယူနီဖောင်းကိစ္စကလည်း ရှင်းရှင်းပြောရရင် ကျနော်တို့ အရမ်းကြာနေပြီ။ဗိုလ်ချုပ်စောမြတို့ လုပ်ကြံခံ၇မှုမဖြစ်ခင်ကတည်းက ဒီယူနီဖောင်းကိစ္စ ဖြစ်လာတာလေ။ပြီးတော့ အခုဝတ်နေတဲ့ယူနီဖောင်းကိုပဲပြန်ဝတ်နေတာတွေရှိတယ်။ ဒါတွေကတော့ အမြင်တွေ အပေါ်မှာ စွပ်စွဲကြတာလို့ပဲပြောချင်ပါတယ်။

မေး- ဒီလိုမျိုး ALP အပေါ်မှာ ပြောဆိုဝေဖန်မှုတွေ ကြီးကြီးမားမား ရှိနေသလို အဖွဲ့အတွင်းမှာလည်း ကွဲပြဲ နေတဲ့အတွက် ALP ကို ဘယ်လိုမျိုး ရှေ့ဆက်တည်ဆောက်သွားဖို့ရှိနေလဲ
ဖြေ- ဒီလိုလုပ်ကြံမှုတွေ၊ထိုးနှက်မှုတွေအတွက်နဲ့တော့ ALP ရဲ့သွားနေတဲ့လမ်းကြောင်းအပေါ်မှာတော့ယိုင်နဲသွားတာ တစ်ခုမှမရှိဘူး။ အားလုံး ပုံမှန်အတိုင်းပဲ သွားနေပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသေးလဲ။
ဖြေ- ၇ခိုင်ပြည်သူတွေကိုပြောချင်တာကတော့ ဒီမိုခါကိစ္စတွေနဲ့လည်း ရခိုင်ပြည်ဟာအရမ်းထိခိုက်နေကြပြီ။ ရှင်းရှင်းပြောရင် နဂိုကတည်းကလည်း ကျနော်တို့ဟာဖွံ့ဖြိုးတိုးတက်မှု အရမ်းနောက်ကျတဲ့ဒေသထဲမှာ ပါတယ်။ ဒါကြောင့်မို့ရခိုင်အချင်းချင်းသွေးကွဲနေဖို့၊ ရန်ဖြစ်နေဖို့၊ အငြင်းပွားနေကြဖို့အစား၇ခိုင်အချင်းချင်း မသင့်မြတ်တာတွေကို ညှိနှိုင်းကြပါ၊ ဆွေးနွေးကြပါ။ကျနော်တို့တွေ ဘာလုပ်ပေးနိုင်မလဲ။ ပြည်သူတွေဘက်ကလည်း ကျနော်တို့ကိုပွင့်ပွင့်လင်းလင်းပြောပြီးတော့ တောင်းဆိုလို့ရတာတွေရှိတယ်။ပြောဆိုပါ။ အားလုံးဟာ ၇ခိုင်တွေဟာ ဒီအချိန်မှာ တက်ညီလက်ညီနဲ့ခရီးတစ်ခုကို သွား၇ဖို့အချိန်ဖြစ်နေပြီ။ တစ်ဘက်နဲ့တစ်ဘက် ရန်ဖြစ်ပြီးတော့ဒီလိုမျိုး ဖြစ်နေ၇မဲ့အချိန်လည်း မဟုတ်တော့ဘူးပေါ့လေ။ အဲဒါပဲပြောချင်ပါတယ်။

ဟုတ်ကဲ့။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

 

(ပြီး)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.