(စစ်ကောင်စီဘက်က အကျအဆုံးများနေ)
ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်မြို့အကြား သီတာစခန်းအနီး စစ်ကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦး CNF/CAN ၊ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF တို့ပူးပေါင်းထားတဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဇူလိုင်လ ၃ ရက်နေ့ကတည်းက တိုက်ပွဲတွေပြင်းထန်နေတာ ၇ ရက် ကြာ ရှိနေပါပြီ။
စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့နဲ့ ချင်းပြည်နယ်ထဲမှာ နယ်မြေစိုးမိုးနိုင်ဖို့ နေ့စဉ် လေကြောင်းကနေ တိုက်ခိုက်တာ၊ မြေပြင်ကနေလည်း လက်နက်ကြီးပစ်ကူတွေနဲ့အတူ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက် နေပေမယ့် သီတာစခန်း အနီးမှာတင်ပဲ ရှေ့ဆက်မတိုးနိုင်တဲ့ အနေအထားမှာရှိတယ်လို့ CNF ပြောခွင့်၇ သူ ဆလိုင်းထက်နီ က ပြောပါတယ်။
ဒီတိုက်ပွဲတွေရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်၇သူ ဆလိုင်းထက်နီကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး-ဆရာ ဆလိုင်းထက်နီခင်ဗျ။ ဟားခါးနဲ့ထန်တလန်ကြား သီတာစခန်းတိုက်ပွဲရဲ့ နောက်ဆုံးအခြေ အနေ ဘယ်လိုများရှိနေပါလဲဗျ။
ဖြေ-အခုလ ၃ ရက်နေ့ကနေ တိုက်ပွဲဖြစ်လာပြန်တာပေါ့။ နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ တော့ ရှိတယ်။ ၇ ရက် ၈ ရက်နေ့က တိုက်ပွဲက ပိုပြီးတော့ပြင်းထန်တယ်။ ၈ ရက်နေ့ဆို ၆ ဦး သူတို့ဖက် က ကျဆုံးအလောင်းတွေ့၇တယ်။ လက်နက်နဲ့ကျည်ဆန်တချို့ သိမ်းဆည်း၇မိတာတွေရှိတယ်။ ခုထက် ထိ သူတို့ဖက်က ၆ ဦးအပါအဝင် ၂၀ ကျော်လောက်တော့ ကျဆုံးတာရှိတယ်။ ၃ ရက်နေ့ကနေ ၈ ရက်နေ့ အထိပေါ့။ ၃၀ ကျော်လောက်က ထိခိုက်ဒဏ်ရာတွေ၇လို့ ဆေးရုံတွေပေါ်ရောက်သွားပြီ။ ကျွန်တော်တို့ ဖက်က ၆ ဦးလောက် ထိခိုက်ဒဏ်ရာ၇ပါတယ်။ ခုလောလောဆယ်မှာ သူတို့ဖက်က ရှေ့ဆက်ပြီး မတိုးနိုင် တဲ့အခြေအနေမှာရှိတယ်။
မေး-ဒေသခံတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲဗျ။
ဖြေ-သီတာစခန်းဆိုတာက ၁၀ အိမ်လောက်ပဲရှိတာပါ၊ အခုတိုက်ပွဲမဖြစ်ခင်ကတည်းက အရင်လက တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ လေကြောင်းကနေတိုက်ခိုက်လို့ အိမ်တွေပျက်စီးကုန်လို့ အဲဒီကတည်း က ပြည်သူတွေကမနေတော့ဘူး။
မေး-စစ်ကောင်စီတပ်ဖက်က ခုလိုလေကြောင်းကရော၊ မြေပြင်ကနေပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ် ဆင်နေတာဟာ ဘယ်လိုရည်ရွယ်ချက်မျိုးကြောင့်
ဖြေ-အဓိကတော့ ထန်တလန်မှာသူတို့အထိုင်စခန်းတစ်
မေး-စစ်ကောင်စီတပ်က ရှေ့မတိုးနိုင်သေးတဲ့အခြေအနေဆို
ဖြေ- သူတို့က မြေပြင်မှာ အင်အားကသိပ်မဟုတ်တော့ လေကြောင်းတိုက်ခိုက်မှုတလျှောက်
မေး-ချင်းပြည်နယ်ထဲက တခြားနေရာတွေမှာရော တိုက်ပွဲတွေထပ်ရှိရင်ပြောပြပေး
ဖြေ-ဇူလိုင် ၃ ရက်နေ့ကပဲ ပလက်၀ မြို့နဲ့ ရှင်းလက်၀ စခန်းပေါ့ စစ်ကောင်စီတွေနဲ့ ရဲတွေနေတဲ့စခန်းကို ချင်းအမျိုးသားတပ်မတော်က တိုက်တဲ့နေရာမှာ ရဲ ၄ ဦးကျတယ်၊ ၃ ဦးက ဒဏ်ရာ၇တယ်၊ မတူပီမြိုနဲ့ အိန္ဒိယ-မြန်မာနယ်စပ်က လိုင်လင်းပီ စစ်ကောင်စီစခန်းမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဖက်က ၄ ယောက်ကျတယ်။ ၄၊ ၅ ယောက် ဒဏ်ရာ၇တယ်။
မေး-ချင်းပြည်နယ်ထဲမှာ ပြည်သူ့စစ်တပ်တို့၊ နယ်ခြားစောင့်တပ်တို့ရော ရှိလားဗျ။
ဖြေ-ပြည်သူ့စစ်ပုံစံမျိုး ချင်းပြည်နယ်မှာတော့မရှိဘူး၊ ဒါပေမယ့်ZRO/ZIA ဆိုတဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တော့ရှိတယ်။ စစ်ကောင်စီတွေနဲ့ ပိုပြီးတော့ရင်းနှီးတဲ့ဆက်ဆံမှု
မေး-ချင်းပြည်နယ်ထဲကတိုက်ပွဲတွေ
ဖြေ-သူတို့က မိုးတွင်းစစ်ဆင်ရေးဆိုပြီးတော့
မေး-ဆရာဆလိုင်းထက်နီရေ ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ဖြေ-ဟုတ်ကဲ့ ကျေးဇူးတင်တယ်။
ဓာတ်ပုံ- Network Media Group