Preview

“ ဒီလို တိုင်းပြည်ရဲ့ ဝန်ထုတ်ဝန်ပိုးကို ဖြေရှင်းဖို့ချဉ်းကပ်တဲ့အခါမှာ လုံခြုံရေးရှုထောင့်ကနေ ချဉ်းကပ်တာမျိုးမဟုတ်ဘဲ လူသားချင်း စာနာမှုထောက်ထားတဲ့အနေနဲ့ ချဉ်းကပ်ဖို့ လိုအပ်တယ်”

စက်တင်ဘာ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :1523
အင်တာဗျူး

နိ၇ဉ္စရာ (အင်တာဗျူး) စက်တင်ဘာ ၃/၂၀၂၃

၇ခိုင်ကို မိုခါတိုက်ခိုက်သွားခဲ့တာ အခုဆိုရင် လကျော်သွားပါပြီ။ လက်ရှိ မုန်တိုင်းသင့် ရခိုင်ပြည်သူတွေရဲ့ အခြေအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီးရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌဦးတင်ထူးအောင် ကိုဆက်သွယ်မေးမြန်းပြီးတင်ပြပေးလိုက်ပါတယ်။

 

မေး- ဆရာ ဦးတင်ထူးအောင် မင်္ဂလာပါခင်ဗျ။

ဖြေ-ဟုတ်ကဲ့ မင်္ဂလာပါ။

 

မေး- မေလက မိုခါမုန်တိုင်းဒဏ်ကို ရခိုင်ပြည်သူတွေ အပြင်းထန်ဆုံးကြုံတွေ့ခဲ့၇တယ်။  ဩဂုတ်လဆန်းပိုင်းကတစ်ခါ  ထပ်မံ ရေကြီး၊ ရေနစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့တယ်။ နောက်ထပ် တစ်ခါနေရပ် မပြန်နိုင်သေးတဲ့ စစ်ဘေး ဒုက္ခသည်တွေလည်း ရခိုင်မှာအများကြီး ရှိနေသေးတယ်။  စစ်ကောင်စီတပ်နဲ့  ရက္ခိုင့်တပ်တော် (AA ) တို့အကြားမှာလည်း တိုက်ပွဲတွေရပ်တန့်နေပေမယ့် နိုင်ငံရေး၊ စစ်ရေး နှစ်ဘက် အားပြိုင်မှုတွေကလည်းဆက်လက်ရှိနေတယ်။ စစ်ရေး ပဋိပက္ခရော၊ လူမူအကျပ်အတည်းတွေနဲ့ပါ ရင်ဆိုင်နေ၇တဲ့  ၇ခိုင်ဒေသကို  နိုင်ငံတကာကလည်း စိတ်ဝင်စားမှုရှိနေတယ်။  အဲဒီလို အခြေအနေမျိုးမှာ သဘာ၀ဘေးအန္တရာယ်ကို ကြုံတွေ့နေရတဲ့ ရခိုင်ဒေသခံပြည်သူတွေရဲ့အခက်အခဲတွေကို  ဖြေရှင်းဖို့နေရာမှာ အခုအချိန်ထိ ကြန့်ကြာနေ၇တာ ဘာအတားအဆီးတွေကြောင့် များပါလဲဗျ

ဖြေ-ကျွန်တော်တို့ဆိုလည်း မိုခါဖြစ်ပြီးကတည်းက အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်တည်း၊ စကစ ကရော ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးတခြားအရပ်ဖက်အဖွဲ့အစည်းတွေရော၊ နိုင်ငံရေး ပါတီတွေရော ဆောင်ရွက်ဖို့ ခက်ခဲလိမ့်မယ်လို့ မြင်တယ်ဒါကြောင့် နိုင်ငံတကာအကူအညီတွေ လာရောက်ဖို့ အမြဲဖိတ်ခေါ်ခဲ့တယ်စကစ ဖက်ကလည်း လုံခြုံရေးအ၇ စိုးရိမ်တာတွေရှိတယ် တကယ်ဒုက္ခ ရောက်၇တာက ဌာနတိုင်းရင်းသားပြည်သူတွေပဲကျွန်တော်တို့အကြိမ်ကြိမ် ပြောခဲ့တာကတော့ နိုင်ငံရေး၊ လုံခြုံရေးအ၇ မကြည့်ဘဲ လူသားချင်းစာနာ ထောက်ထားမှုအ၇ပဲကြည့်ပြီးတော့ ဆောင်ရွက်ဖို့ ကျွန်တော်တို့က တောက်လျှောက်ပြောခဲ့တယ်နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီပေးဖို့သူတို့ဝင်ချင်တာလည်းရှိတယ်။စိုးရိမ်တာက သူတို့ဘယ်လောက်အထိ လုပ်ကိုင်ခွင့်၇မလဲ။ ဘယ်လောက်လမ်းဖွင့်ပေးနိုင်မလဲဘယ် လောက်ကူညီခွင့်၇နိုင်မလဲ ပြည်သူတွေဆီ ထိထိရောက်ရောက် ရောက်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်တဲ့ အချက်တွေတော့ရှိတယ်။ဒီအပေါ်မှာဘဲ အခြေခံတယ်လို့မြင်ပါတယ်။

 

မေး- ဆရာတို့ ရခိုင်အမျိုးသားကွန်ရက်ကရော မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တာတွေရော၊ ရေကြီး ရေနစ်မြပ်ခဲ့တာ တွေကိုရော ကူညီကယ်ဆယ်ရေးတွေ ဘယ်လောက်ထိလုပ်နိုင်ခဲ့ပါလဲ လေဘေး၊ ရေဘေး ဒုက္ခသည် တွေအနေနဲ့ ဘာတွေထပ်ပြီး လိုအပ်နေပါသေးလဲဗျ။

ဖြေ-ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်ခဲ့တာ အလွန်တရာနည်းပါတယ်ဒီတစ်ကြိမ်မှာတော့၊ ဘာ ကြောင့်လဲဆိုတော့ ကယ်ဆယ်ရေး အဖွဲ့တွေမရောက်နိုင်တဲ့ ဥပမာ ပေါက်တောမြို့နယ်ထဲက ဖရုံကာကျွန်းစုတွေဖြစ်တဲ့ မြေငူကျွန်းကိုပဲ ကူညီပေးနိုင်ခဲ့တယ် နောက် ၇သေ့တောင်မြို့နယ်နဲ့ တခြား ဒေသတွေမှာ ရေသန့်စက်တွေပေးနိုင်ခဲ့တယ်။အခုလက်ရှိ ရခိုင်မှာဒုက္ခရောက်နေတာကတော့ စစ်တွေ၊ ၇သေ့တောင်၊ ပေါက်တော အဲဒီမြို့နယ်တွေမှာဆိုရင် မိုခါမုန်တိုင်းအပြီး အတော်လေးကြာနေပြီဖြစ်တဲ့ အချိန်မှာတောင်မှ မုန်တိုင်းတိုက်တဲ့အနေအထားက မီးလောင်ပြီး တစပြင်လိုဖြစ်သွားတာမျိုးကို တွေ့ခဲ့၇ တယ်အခြေခံအဆောက်အအုံတွေ ဘာမှမရှိတော့ဘူး လမ်းပန်းဆက်သွယ်ရေးကအစ အကုန်လုံးပြတ် တောက်သွားတယ်။ မြို့ပေါ်ကလွှဲပြီးကျေးရွာတွေမှာဆိုရင်  လျှပ်စစ်ဓာတ်အားတောင်မ၇နိုင်သေးတဲ့အနေအထားမျိုးပေါ့နော် ပြန်လည်ထူထောင် ဖို့က တော်တော်လေးကိုခက်ခဲတယ် ဒီဟာကို အမြန်ဆုံး လူသားချင်းစာနာထောက်ထားပြီးတော့ တခြား စံချိန်သံညွှန်းတွေနဲ့မကြည့်ဘဲ အမြန်ဆုံးအကူအညီပေးဖို့လိုအပ်တယ်လို့ ကျွန်တော်တော့မြင်တယ် အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ရက္ခိုင့်တပ်တော်တို့ ကူညီနေပေမယ့်လည်း လိုအပ်နေဆဲပဲဖြစ်တယ်သန်းချီတဲ့လူသားတွေ ဒုက္ခရောက်နေဆဲပဲဖြစ်တယ်၊ ဒီအကူအညီတွေကိုပေးဖို့ တိုက်တွန်းချင်ပါတယ်။

 

မေး- သဘာ၀ဘေးဒဏ်တွေကြောင့်ထိခိုက်နေတဲ့ ၇ခိုင်ဒေသကို  နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေ ဝင်ရောက်ရေးမှာ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ဆိုရင် ဘာတွေလိုအပ်ပါမလဲ။

ဖြေ-ရခိုင်မှာရှိတဲ့ ပြည်သူတွေကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ လာရောက်မယ်ဆိုတာ ကြိုဆို တယ် ဝမ်းမြောက်တယ်၊ မျှော်လင့်နေဆဲဖြစ်တယ်အဓိကအရေးကြီးတဲ့အချက်က စကစ ဖက်ကဘယ် လောက်လမ်းဖွင့်ပေးနိုင်မလဲ ဘယ်လောက်ထိသူတို့သဘောထားကြီးမလဲ ဒီအပေါ်မှာ နိုင်ငံရေးအ၇၊ လုံ ခြုံရေးအ၇မမြင်ဘဲ တကယ်လူသားတွေဒုက္ခရောက်နေတာ ဒီနိုင်ငံကလူသားတွေဖြစ်တယ် ဌာနေတိုင်း ရင်းသားတွေဖြစ်တယ် ဒါဟာ လက်ရှိတာဝန်ယူထားတဲ့ စကစ မှာ တာဝန်အများကြီးရှိတယ်။

 

မေး- ပြီးခဲ့တဲ့ရက်ပိုင်းက UNOCHA အကြီးအကဲ စစ်တွေမြို့ကိုရောက်တယ်၊ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တာ တွေနဲ့ပတ်သက်ပြီးတော့ မြေပြင်စာရင်းကောက်ပြီး အကူအညီတွေပေးမယ်လို့ ပြောခဲ့တာ သတင်းတွေ မှာတွေ့၇ပါတယ်။ လက်ရှိစစ်ကောင်စီဟာလည်း ၇ခိုင်မှာ ကူညီကယ်ဆယ်ရေးပိုင်းတွေကို အကန့် အသတ်တွေနဲ့ဆိုတော့ UNOCHA အကြီးအကဲပြောခဲ့တဲ့ အကူအညီဆိုတာ တကယ် လက်တွေ့မှာ ရော ဖြစ်နိုင်ပါ့မလား အဲဒီအခြေအနေလေး ပြောပြပေးပါဆရာ။

ဖြေ- UNOCHAအကြီးအကဲကတော့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဩဂုတ် ၁၆ ရက်နေ့က တွေ့တယ်လို့ သိ၇တယ် UNOCHA အနေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဘယ်လိုအကူအညီတွေ ပေးမယ်ဘယ်လိုအထိ လူသားချင်း စာနာ ထောက်ထားမှုနဲ့ ဘယ်လိုချဉ်းကပ်မယ်ဆိုတာတွေ ကျွန်တော်တို့အနေနဲ့ တိတိကျကျမသိဘူး ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ အကူအညီပေးဖို့ ချဉ်းကပ်လာတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကိုယ်စား ဝမ်းသာတယ် ဝမ်းမြောက်တယ် ထို့အတူ စကစဖက်ကလည်း ဒီလိုအကူအညီပေးဖို့ လုပ်ဆောင်လာတဲ့အပေါ်မှာ တစ်ခြားအင်အားစုတွေ စိုးရိမ်သလို နိုင်ငံရေးအ၇ အမြတ်ထုတ်ဖို့မကြိုးစားဘဲ လူသားချင်း စာနာထောက်ထားမှုအ၇ မိုခါမုန်တိုင်း ဒဏ်သင့်ပြည်သူတွေကိုသဘောထားကြီးကြီးနဲ့ ကူညီသင့်ပါတယ်။ အခုဆို ရခိုင်မှာရေကြီးနေတဲ့ ပြဿနာပါ ထပ်ဖြစ်လာခဲ့တယ်။ ဒီလို တိုင်းပြည်ရဲ့ ဝန်ထုတ်ဝန်ပိုးကို ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါမှာ လုံခြုံရေးရှုထောင့်ကနေ ချဉ်းကပ်တာမျိုးမဟုတ်ဘဲ လူသားချင်း စာနာမှုထောက်ထားတဲ့အနေနဲ့ ချဉ်းကပ်ဖို့ လိုအပ်တယ်ထို့အတူ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာလည်း အတတ်နိုင်ဆုံး လူသားချင်း စာနာထောက်ထားမှုနဲ့ပတ်သက်ပြီး အပြုသဘောဆောင် အကောင်းမြင်တဲ့အနေအထားနဲ့ စာတွေထုတ်ထားတာရှိတယ်။ဒါကြောင့် UNOCHA အနေနဲ့ ကူညီမှုတွေကို ဘယ်လောက်အတိုင်းအတာထိ ကူညီနိုင်မယ်ဆိုတာ စောင့်ကြည့်၇မှာပဲဖြစ်တယ်။

 

မေး- UNOCHA အကြီးအကဲက ကျွန်တော်တို့သိထားသလောက်ဆိုရင် စစ်တွေမြို့လောက်ကိုပဲ လာရောက်တဲ့အနေအထားမျိုးလို့ပဲ ရှိတယ်လို့သိထား၇ပါတယ်၊ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သူတွေ ဩဂုတ်လဆန်းပိုင်းတုန်းက ရေကြီးရေနစ်မြပ်ခံခဲ့၇တဲ့ဒေသတွေလည်း ရှိခဲ့တယ်ပေါ့။ တကယ် ဒုက္ခရောက်ရတဲ့နေရာအထိ သွားရောက်ပြီးမြေပြင်အချက်အလက်တွေကို ကောက်ယူ ရှိနိုင်ပါ့မလား။

ဖြေ-UNOCHA အနေနဲ့ ဒီအချက်အလက်တွေရရှိရေးအပေါ်မှာ သူ့အနေနဲ့ အချက်အလက်တွေ၇ယူလို စိတ်ရှိတဲ့ရှုထောင့်ကပဲ ချဉ်းကပ်ဖို့လိုပါမယ်ရက္ခိုင့်တပ်တော်ကလည်း လူတစ်သိန်းကျော် ဒုက္ခရောက် သွား၇တယ်ဆိုတဲ့ အချက်အလက်တွေကို တင်ပြထားပြီးဖြစ်တယ်ရခိုင်အမျိုးသားကွန်ရက်နဲ့ တစ်ခြား သောလူမှုရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက မုန်ခါမုန်တိုင်းနဲ့ပတ်သက်ပြီး ဘယ်ဒေသတွေကို ဘယ်လောက်အတိုင်းအတာအထိ ကူညီနိုင်ခဲ့တယ်။ ဘယ်လောက်ဒုက္ခရောက်နေဆဲ ဖြစ်တယ်၊ ဘယ်ဒေ သမှာ ဘာတွေလိုအပ်တယ်ဆိုတာကို အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Facebook Page ကနေ ယူလို့၇ပါတယ်။

 

မေး- ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦးဗျ။

ဖြေ-UNOCHA အကြီးအကဲအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအ၇ အကူအညီပေးဖို့ ကြိုးပမ်းလာ တဲ့အပေါ် ပြည်သူတွေကိုယ်စား ဝမ်းမြောက်ကြိုဆိုပါတယ်စကစ ဖက်ကလည်း လုံခြုံရေးအ၇ စိုးရိမ် တာတွေ မလုပ်လဲ လူသားချင်းစာနာမှု တိုင်းပြည်ရဲ့ ပြဿနာတစ်စုံတစ်ရာ ပြေလည်သွားမလားဆိုတဲ့ ရှု ထောင့်ကနေ အမြန်ဆုံး ညွှန်ကြားချက်တွေ လမ်းဖွင့်ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်းချင်တယ်။ UNOCHA ဖက်ကလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီအမြန်ဆုံးပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ပေးပါလို့ အဓိကတိုက်တွန်းချင်တယ်/ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့လည် အကူအညီပေး ဖို့ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲလို့ ပြောချင်ပါတယ်။

 

မေး- ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကို ကျေးဇူး အများကြီးတင်ပါတယ်။

ဖြေ- ဟုတ်ကဲ့ ကျွန်တော်ကလည်း မီဒီယာနဲ့ အခုလိုပြောခွင့်၇လို့ ကျေးဇူးတင်ပါတယ်။

(ပြီး)

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.