မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းနဲ့ဆက်သွယ်မေးမြန်းချက် …..
နိရဉ္စရာ (အင်တာဗျူး) စက်တင်ဘာ ၇ ရက်၊ ၂၀၂၃
မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ အခုနောက်ပိုင်း ARSA အဖွဲ့ရဲ့
လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိလာသလို စစ်ကောင်စီတပ်က အာဆာအဖွဲ့ ကိုလက်နက်တပ်ဆင်ပေးပြီး စစ်ရေးသင်တန်းပေးနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးလေ့လာသူအချို့က ဆိုပါတယ်။ ဒါ့အပြင် ARSA အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တချို့ကြောင့် လူမျိုးနှစ်ခုအကြား မသင့်မမြတ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဒီလို ပြဿနာတွေမဖြစ်လာစေဖို့ ၇ခိုင်တစ်မျိုးသားလုံးက သတိထားစောင့်ကြည့်၇မှာဖြစ်သလို မွတ်ဆလင်တွေ အနေနဲ့လည်း ၇ခိုင်သားတွေနဲ့ တန်းတူယှဥ်တွဲနေထိုင်ပြီး ပြဿနာတွေထဲ ဝင်မပါမိစေဖို့ လိုအပ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကဆိုပါတယ်။
(ပြီး)