“ စစ်ကောင်စီက ULA/AA ကို ဦးတည်ပြီးတော့မှ အဲ့ဒီလိုမျိုး ရန်စမှုတွေများလာလို့ရှိရင် အခြေနေကပြောင်းသွားနိုင်တယ်”
ဦးခိုင်သုခ (ULA/AA ပြောခွင့်၇သူ)
နိရဥ္စရာ (အင်တာဗျူး) အောက်တိုဘာ ၁/၂၀၂၃
စက်တင်ဘာလ(၂၈) ရက်၊ နံနက် (၁၀) နာရီခွဲခန့်တွင် မြန်မာစစ်တပ်၏ ခါယာတောင်မှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ၊ ရက္ခိုင့်တပ်တော်(AA) မုန်လိုက်ခတ်စခန်းအတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိအရာရှိတစ်ဦး လက်နက်ကြီးကျည် ထိမှန်သ ကျဆုံးသွားခဲ့ပြီး အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူ တချို့ရှိခဲ့သည်ဟု သိ၇သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နားလည်မှုနှင့်အပစ်အခတ်ရပ်စဲထားသည့် ၇ခိုင်တွင် စစ်ကောင်စီက ရန်စမှုများဆက်လုပ်လာပါက ယုံကြည်မှုများပျက်ယွင်းသွားပြီး ယခုထက် တင်းမာသည့် အနေအထားမျိုးအထိ ရောက်သွားနိုင်ကြောင်း၊ ၎င်းပြင် “စစ်ကောင်စီက ULA/AA ကို ဦးတည်ပြီးတော့မှ အဲ့ဒီလိုမျိုး ရန်စမှုတွေများလာလို့ရှိရင် အခြေနေကပြောင်းသွားနိုင်ကြောင်း ” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်၇သူ ဦးခိုင်သုခက ပြောဆိုထားသည်။
ပစ်ခတ်ခံ၇မှုအခြေအနေအသေးစိတ်နှင့် ရခိုင်နိုင်ငံရေး၊ စစ်ရေးအပေါ် မည်သို့သက်ရောက်မှု ရှိနိုင်မည်ကို ဦးခိုင်သုခအား နိရဥ္စရာက ဆက်သွယ်မေးမြန်း တင်ဆက်ပေးလိုက်ပါသည်။ (NN-7)