စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အင်တာဗျူး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 918

၁၁.၁၁ရက်နေ့မှာ စစ်ဆင်ရေးစရတာကတော့  အာဏာရှင်ဖြုတ်ချရေး ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးနဲ့ က်ဒရယ်ပြည်ထောင်စုပြန်လည်တည်ထောင်နိုင်ရေးအတွက် တိုက်ပွဲဝင်ကြတာဖြစ်ပါတယ်။ 

 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ွန်ဘီထူးနှင့်အင်တာဗျူး

 

နိရဉ္စရာ၊ နိုဝင်ဘာ၁၂/ ၂၀၂၃

 

 ကရင်နီပြည်နယ်တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့ က (၁၁.၁၁) စစ်ဆင်ရေးစတင်ကိုစတင်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာဘဲ စစ်ကောင်စီ စခန်း ၇ ခုနဲ့ က်နက်မျိုးစုံ ၁၀၀ခန့်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။   

 

ဒီစစ်ဆင်ရေးကို ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့တွေ  ဖြစ်ကြတဲ့  KA KNDF KNPLF DMO PDF Loikaw PDF ၊ မိုးဗြဲ PDF ဖယ်ခုံ PDF ၊ ဖရူဆို PDF ၊ မြို့ပြပျောက်ကျားတပ် နဲ့ ရှမ်းတောင် PDF တို့ အတူ ပူးပေါင်းပါဝင်ပြီး ဆင်နွှဲနေတာဖြစ်ပါတယ်။

 

တိုက်ခိုက်နေတဲ့ စခန်းတွေ အထဲမှာတော့  ကရင်နီ (ကယားပြည်နယ်)  ဒီးမောဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ရှိ တပ်စခန်းတွေ အပါအဝင် မိုးဗြဲမြို့ နဲ့  လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းမတွေ ပါဝင်ပါတယ်။

 

တစ်ရက်တာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ စခန်းပေါင်း(၇)ခုကို အောင်မြင်စွာ သိမ်းပိုက်ယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက် အများအပြားသိမ်းဆည်းရရှိမှုဟာ လက်ရှိ ဆင်နွှဲနေတဲ့ စစ်ပွဲတွေအတွက် ကြီးမားတဲ့ အောင်မြင်မှုမျိုးဖြစ်တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)မှထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့  တပ်စခန်းတွေကို  တိုက်ခိုက်နေတဲ့ အချိန်မှာ  ဒီးမော့ဆို ၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်တွေက  လက်နက်ကြီးတွေ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော်နဲ့  ဒီးမော့ဆိုမြို့နယ်အတွင်းက တိုက်ပွဲတွေထဲကို တိုက်လေယာဥ်နှစ်စီးနဲ့  အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့သလို  တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း (၂)ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလို တိုက်ပွဲပြင်းထန်နေချိန် လာရောက်တိုက်ခိုက်တဲ့  စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့ KNDF-B01 နှင့် KA တို့က  ပွိုင့်ဖိုက(.5)တွေနဲ့  တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်ပျက်သွားခဲ့ပါတယ်။ လေယာဉ်ပေါ်က စစ်ကောင်စီ လေယာဉ်မှူးနှစ်ဦးလည်း လေထီးနဲ့ အတူ ခုန်ချလွတ်မြောက်နေတဲ့ အတွက် အခုအခါ လိုက်လံရှာဖွေမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

 နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သလို  စစ်ကောင်စီ၏ တပ်စခန်းတွေ အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး  စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူများပြားခဲ့သလို၊ လက်နက်ချ အညံ့သူတွေရှိတယ်လို့ ဆိုပါတယ်။  စခန်းစွန့်ခွာ ထွက်ပြေးတဲ့  စစ်ကောင်စီတပ်သားများလည်း အများအပြားရှိတယ်လို့ဆိုပါတယ်။

 

ရှေ့မှာတိုက်ပွဲတွေဟာ ဒီထက်မက ပြင်းထန်လာနိုင်တယ်လို့လည်း KNDPက ပြောဆိုပါတယ်။ ဒီလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအပါအဝင် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဖော်ဆောင်တဲ့ (၁၁.၁၁) စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး  KNDF ဥက္ကဋ္ဌ ွန်ဘီးထူးကို နိရဉ္စရာသတင်းဌာနက မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

 မေး- ဘာကြောင့် ၁၁.၁၁ရက်နေ့မှာစစ်ဆင်ရေးစတင်ရတာပါလဲ။

ဖြေ- ဒီ ၁၁ရက် ၁၁လ စစ်ဆင်ရေးက ကျနော်တို့ ဆင်နွှဲလာတဲ့ ွေဦးတော်လှန်ရေး တစ်လျှောက်လုံးရဲ့ စစ်ဆင်ရေး အဆက်တွေပဲပေါ့နော်။ ခုရက်ပိုင်းမှာဆိုရင်တော့ မြောက်ပိုင်းဘက်မှာဆိုရင်လည်း  ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ထားသလိုမျိုး ရှိတာပေါ့နော်။ ကျနော်တို့ဘက်ကလည်း ၁၁ရက် ၁၁လမှာ တိုက်ပွဲတိုက်တဲ့ ဖော်ဆောင်ဖို့ အတွက် ဒီနာမည်ကို ဟန်ချက်ညီညီ သုံးရခြင်းဖြစ်ပါတယ်။ စစ်ဆင်ရေးတွေအားလုံးကတော့ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေးက်ဒရယ်ပြည်ထောင်စု ပြန်လည် တည်ထောင်နိုင်ရေးတို့ အတွက်ကို ကျနော်တို့ တိုက်ပွဲဝင်ကြတာဖြစ်ပါတယ်။ 

 

မေး- ိုက်ပွဲက စတဲ့နေ့ကတည်း အပြင်းအထန်ဆိုတော့ ောက်ထပ်တိုက်ပွဲအနေအထားက ဘယ်လို့ ဖြစ်လာနိုင်ပါသလဲ။

ဖြေ- ဒီရက်ပိုင်းတိုက်ပွဲတွေကတော့ ပြင်းထန်လိမ့်မယ်ပေါ့နော်။ ကျနော်တို့စစ်ကောင်စီရဲ့ တပ်အခြေနေတွေကို ကျနော်တို့ကြည့်တယ်။ ကျနော်တို့ဘက်မှာဆိုလည်း ဒီနွေတစ်လျှောက်လုံး စစ်ကောင်စီက ကျနော်တို့ကို ထိုးစစ်တွေ လုပ်ခဲ့သလို မိုးရာသီမှာလည်း ယ်စဲ့ကိုသိမ်းယူပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က တိုက်ပွဲတွေ လုပ်လာတဲ့ဟာမျိုးတွေကို ကျနော်တို့စောင့်ကြည့် ခဲ့တာပေါ့နော်။ ခုချိန်မှာကျနော်တို့အကောင်းဆုံး တိုက်ပွဲတစ်ခုကို တစ်ခြား တော်လှန်ရေး မဟာမိတ်တွေနဲ့  လက်တွဲပြီး အတူတကွ ဖော်ဆောင်နေခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ စစ်ကောင်စီ ခိုင်ခိုင်မာမာ တပ်စွဲပြီးမှ ပြည်သူလူထုကို  စစ်ဆေး ဖိနှိပ်မှုတွေလုပ် နေတဲ့နေရာစခန်းတွေကို အဓိကဦးတည်ပြီး‌ တိုက်ခိုက် ချေမှုန်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီလိုစခန်းတွေဟာ စစ်ကောင်စီရဲ့ ရက်စက် ယုတ်မာမှုတွေ တော်လှန်ရေးအဖွဲ့အစည်းတွေကိပစ်ခတ်တိုက်ခိုက်မှုတွေ၊ အခွန်တောင်းယူမူတွေကို အများအပြားပြုလုပ်နေတဲ့ နေရာတွေဖြစ်တဲ့ အတွက် ဒီနေရာတွေကို ကျနော်တို့က အဓိကထား တိုက်ယူလိုက်ခြင်း ဖြစ်ပါတယ်။

 

မေး- ၁၀၂၇ စစ်ဆင်ရေးကိုဘာကြောင့်ထောက်ခံရတာပါလဲ။

ဖြေ- ကျနော်တို့နဲ့ ညီနောင်သုံးဖွဲ့နဲ့ ရင်းနှီးပြီးမှ ချိတ်ဆက်မှုအားကောင်းသလို ဒီညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကလည်း ဒီနေ့ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး စစ်ဆင်ရေးဖြစ်ပါတယ်။ ပီးတော့သူတို့  နယ်မြေတွေ အများအပြားကို ထိန်းချုပ်လာနိုင်သလို ဒီညီနောင်သုံးဖွဲ့ အနေနဲ့ လည်း  နယ်စပ်မှာ လောင်းကစားငွေကြေးလိမ်လည်တဲ့ ကိစ္စတွေကို နှိမ်နှင်းရေးတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။  နောက်ပြီး စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်ရေးနဲ့ စစ်အာဏာရှင် အမြစ်ပြုတ်ရေးတို့ကို တိုက်ပွဲဝင် လုပ်ဆောင်နေတာလည်း ဖြစ်တယ်။ အဲ့ဒါတွေကြောင့် စစ်ဆင်ရေးတွေအားလုံးကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာ အပြန်အလှန်ဆက်စပ်ပြီး ဆောင်ရွက် လုပ်ကိုင်နေကြတာ ဖြစ်တယ်။ ဒါပေမယ့် ဒီဟာက နိုင်ငံရေးအရ တချို့ လူတွေစိုးရိမ်သလိုမျိုး  တရုတ်ဩဇာအာဏာလွမ်းမိုးမှုတွေ အတွက် ဆောင်ရွက်နေတာမဟုတ်ပါဘူး။ ကျနော်တို့  တိုင်းပြည်အတွက် လိုအပ်လို့ လုပ်ဆောင် နေတာသာ ဖြစ်ပါတယ်။ ခုပြည်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ  ကျနော်တို့ရဲ့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေကြတာပါ။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး လိုချင်နေတဲ့  ကိုယ့်ရဲ့ကံကြမ္မာကိုယ ဖန်တီးခွင့်ရရရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး အတွက်ပါ။ ဒေသတိုင်း လွတ်လပ်ပြီး တရားမျှတရေး ရရှိရေးအတွက် တော်လှန် တိုက်ပွဲ ဝင်နေကြတာပါ။  မိမိဒေသ မိမိတို့ ပြန်လည်ပြီးမှထိန်းချုပ်ပေးနိုင်  အာဏာရှင်ကင်းတဲ့ ပိုလွတ်လပ်တဲ့ အသိုင်းဝိုင်းတစ်ခုကို ကျနော်တို့ တည်ဆောက်နိုင်မှာပါ။ ကျနော်တို့ ပြညနယ် အသီးသီး တိုင်းရင်းသားအသီးသီးက မိမိဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက်  တည်ဆောက်ကြရမှာ ဖြစ်တယ်ပေါ့နော်။ ဲဒါကြောင့်မို့လို့ ကျနော်တို့က ညီနောင်သုံးဖွဲ့နဲ့ အချိတ်ဆက်ရှိသလို အပြန်အလှန် စစ်ရေးပူးပေါင်း ဆောင်ရွက်မှု တွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တခြားသော PDF  အဖွဲ့တွေနဲ့လည်း အချိတ်ဆက်ရှိပြီးမှ လုပ်ကိုင်ဆောင်ရွက်နေတာပါ။ တစ်နိုင်ငံလုံးရဲ့ စစ်ဆင်ရေးနဲ့လည်း ကွန်ယက်တစ်ခုလို အမြဲတမ်းချိတ်ဆက် နေတာဖြစ်ပါတယ်။ ဒါကြောင့်မလို ကျနော်တို့ရဲ့ ချိတ်ဆက်မှုတွေက ကျယ်ပြန့်ပြီးမှ စစ်ဆင်ရေးတစ်ခုလုံးကို ဆက်ပြီးပိုပြီး အားကောင်းအောင် ပူးပေါင်းလုပ်ဆောင် ကြအုံးမှာဖြစ်ပါတယ်။

 

မေး-  ပြီးတော့‌မနေ့ကလည်း တိုက်လေယာဉ်တစ်စီး ပစ်ချခံရတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပက်သက်ပြီနောက်ဆုံး အခြေနေဘယ်လိုသိရပါလဲ။ စစ်ကောင်စီ လေယာဉ်မှူးနှစ်ဦးကိုရော ဘယ်လို့ အခြေအနေရှိပါသလဲ။

ဖြေ- လေယာဉ်ကိုတော့ ကျနော်တို့ KH အမျိုးအစားလို့ လို့သိရတယ်ပေါ့နော်။ ဒီစစ်ကောင်စီမှာတော့ လေ့ကျင့်ရေး လေယာဉ်တွေကို ချေမှုန်းရေးလေယာဉ်အဖြစ် ပြောင်းလဲ အသုံးပြုတဲ့ဟာတွေကတော့ များပါတယ်။ ဒီယာဉ်ပေါ်မှာ ဒီလေယာဉ်မှူးနှစ်ဦ ပါလာပြီး ဒီဗုံးနဲ့ကြဲတဲ့ချိန်မှာ ကျနော်တို့ ပစ်ချနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။ လေယာဉ်ကတော ဖရူးဆိုမြို့နယ် တွင်းတစ်နေရာမှာ ပျက်ကျအပြီး လေယာဉ်မှူးနှစ်ဦးကိုတော့ ကျနော်တို့ခုချိန်ထိရှာဖွေနေတုန်းပဲဖြစ်ပါတယ်။

 

 မေး- ဒီအခုဆင်နွှဲနေတဲ့ စစ်ဆင်ရေးနဲ့ပက်သက်ပြီး နောက်ထပ်ဖြည့်စွက်ပြီးပြောပေးပါအုံးရှင့်

ဖြေ- ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးရက်တွေက ထပ်တိုးကြလိမ်မယ်။ ပြီးရင်တော့ ပြင်းထန်လာဖို့လည်း ရှိပါတယ်။ အဲဒီတော့ စစ်ဆင်ရေးတွေ အားလုံးကို ခြုံပြီး ပြောရရင် ဒီနေ့ ဒီအချိန်မှာ ဆင်နွှဲနေတဲ့  ဒီတော်လှန်ရေးဟာ ကျနော်တို့ အင်အားစုတွေ၊  ပြည်သူတွေဘက်က အနိုင်ရလိမ်မယ်။ အခုချိန်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူလူထုနဲ့ ပူပေါင်းပါဝင်မ ရှိရင်တော့ ချေမှုန်းခံရပါလိမ်မယ်။ အသက်တွေ ဆုံးရှုံးပါးသွားတာမျိုးကို ခံရလိမ်မယ်။ သွေးထွက်သံယိုမှုနဲ့ပဲ အဆုံးသတ် သွားရပါလိမ့်မယ် စစ်အာဏာရှင်လူတစ်စုအတွက် တိုက်ပွဲပွဲရင်း အလိုလို ဒုက္ခ ရောက်သွားကြပါလိမ်မယ်။ အဲဒီတော့ ပြည်သူဘက်ကို စစ်ကောင်စီတပ်တွေ အားလုံးဘက်ပြောင်းဖို့ လိုပါတယ်။ ဒါက ပြည်သူဘက်ကို ဘက်ပြောင်းလာလို့  သူရဲ့ ဂုဏ်သိက္ခာကျဆုံးစရာမဟုတ်ဘူး။ ကျွန်တော်တို့အားလုံးရဲ့ အမှန်တရားမြတ်နိုးမှုနဲ့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်ရင်တော့ ပြည်သူတွေနဲ့ ရပ်တည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အားလုံး အမြဲတမ်းတံခါးဖွင့် ကြိုဆိုနေပါတယ်။ (NN-11)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး