စနေ၊ မေလ ၄ရက်၊ ၂၀၂၄

သူများတွေ ဘယ်လောက်ပဲတွေးတွေး ကိုယ့်ဘက်က မှန်ကန်နေတယ်ဆိုရင် ကျွန်မက ဂရုစိုက်စရာမလိုဘဲ အနုပညာကို ချစ်တဲ့စိတ်နဲ့ အနုပညာ ရှင် နဲ့ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 174

သူများတွေ ဘယ်လောက်ပဲတွေးတွေး ကိုယ့်ဘက်က မှန်ကန်နေတယ်ဆိုရင် ကျွန်မက ဂရုစိုက်စရာမလိုဘဲ အနုပညာကို ချစ်တဲ့စိတ်နဲ့  အနုပညာ ရှင် နဲ့ခဏတာ

 

မေး- အနုပညာလောကစဝင်ခဲ့တုန်းက ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာ သိပါရစေ။

ဖြေ- ကျွန်မတို့ ဒီလောကထဲကို စစဆုံးဝင်တုန်းကဆို အခက်အခဲတွေ အများကြီးရှိပါတယ်။ အခုခေါင်းဆောင်မဖြစ်ခင်ကဆိုရင် နှစ်ကြေးလည်း အများကြီးမရဘူး။ လုပ်ရကိုင်ရတာတွေမှာလည်း အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။ တိုက်ခိုက်ခံရတာတော့ မရှိပေမဲ့လည်း ဇာတ်သမားဆိုရင် အထင်အမြင်သေးချင်တဲ့ ပုံစံမျိုးတွေတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့က ကိုယ်နှစ်သက်တဲ့ အနုပညာအလုပ်ကို လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်မအနေနဲ့ အများကြီးသည်းခံခဲ့ရပါတယ်။ အထင်သေးတယ်ဆိုတာကတော့ အများကြီးရှိပါတယ်ပေါ့နော်။ ဇာတ်မှာလိုက်နေတဲ့သူဆိုရင် မကောင်းတဲ့မိန်းမပေါ့နော်။ မကောင်းတဲ့ အလုပ်ကိုလုပ်စားနေတယ်ဆိုပြီး အထင်ခံခဲ့ရတာတွေ ရှိပါတယ်။ အဲ့လို့အထင်အမြင်သေးတာကိုတော့ စိတ်မကောင်းဖြစ်မိတာပေါ့နော်။

 

မေး - ဒီအနုပညာဇာတ်သဘင်လောကကို အစ်မအနေနဲ့ ဘာလိုရည်ရွယ်ချက်ကြောင်း ဝင်ရောက်ဖြစ်ပါသလဲ။

ဖြေ - ဒီအနုပညာကို ချပြချင်လို့ပါ။ ဒီအနုပညာဟာမတိမ်ကော မပပျောက်ရအောင် ပိုပြီး ဒီထက်မကတိုးတက်အောင် လုပ်ပြသွားချင်ပါတယ်။ နောက်ထပ်တက်လာတဲ့ မိန်းက‌လေးတွေကိုလည်း ကိုယ်တတ်သလောက် မှတ်သလောက် ပညာ‌ေတွကိုလည် းလက်ဆင့်ကမ်းသွားမယ်။ ဒီအနုပညာဟာ ဘယ်တော့အခါမှ အတိမ်တောမပပျောက်ရအောင် အနုပညာကို ချစ်တဲ့သူမှန်သမျှ လူတွေက ထိန်းသိမ်းသွားပါမယ်။

 

မေး - ဒီဇာတ်သဘင်အနုပညာအလုပ်ကိုရော အစ်မအနေနဲ့ ဘယ်လိုခံယူထားလဲရှင့်။

ဖြေ - အမခံယူချက်တာက အနုပညာကို ချစ်တယ်။ မြတ်နိုးတယ်။ ဒီအနုပညာနဲ့ အသက်မွေးဝမ်းကြောင်းပြာဖို့ ခံယူချက်ရှိပါတယ်။ နောက်ပြီး ဒီအနုပညာကို လုပ်နေတဲ့သူတွေဟာ အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေကို ထောက်ပံ့ပေးနိုင်တယ်။ ဒီအနုပညာနဲ့ စာသင်ပေးနိုင်တယ်။ ဒီအနုပညာကို မှီခိုပြီး လုပ်စားနေတာပါ။ ‌

 

မေး - ဇာတ်သဘင်လောကမှာ အမတို့အနေနဲ့ ဘယ်လိုရပ်တည်နေလဲ။ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ - ဇာတ်သဘင်ထဲက အခု‌ခေတ်မှာ လူတွေက နိမ့်တာတွေမရှိဘူး။ မြင့်တင်ပေးပါတယ်။ သိပ်အခက်အခဲတော့ မရှိဘူး။ ဒီအလုပ်လုပ်စား‌နေတယ်ဆိုတာက ဝါသနာလည်းဖြစ်တယ်။ စီးပွားရေးလည်းဖြစ်တယ်။ အပြင်အလုပ်လည်း မလုပ်စားတတ်ဘူး။ ဒီအနုပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုပါတယ်။ ဒီအလုပ်ကိုချစ်လည်းရှိတယ်။ မြတ်လည်းမြတ်နိုးတယ်။ ဒီအလုပ်လုပ်နေတာကို ပြင်ပက လူတွေကတော့ ဇာတ်သဘင်လောကဆိုရင် အထင်သေးခံရတယ်။ ဒါက ပထမဆုံးအခက်အခဲပေါ့။

 

မေး - ဘယ်လို အထင်သေးခံရတာလဲဆိုတာကို အကျယ်အားဖြင့် ရှင်းရှင်းလင်းလင်း ပြောပြပေး လို့ ရနိုင်မလားရှင့်။

ဖြေ - ဇာတ်ထဲမှာလိုက်ရင် မကောင်းဘူးလို့ ထင်မြင်ချက်တွေမှားကြတယ်။ တောင်ယာသမား‌တွေလိုပေါ့။ နွေရာသီတောင်ယာလုပ်ရင် မိုးရာသီစားသလို ကျွန်မတို့အလုပ်ကလည်း အဲ့လိုပဲ အသက်မွေး ဝမ်းကျောင်း လုပ်နေတာပါ။ ဒါကို လူတွေက အပျော်တမ်းလိုက်နေကြတယ်ထင်ကြတယ်။ ရွာထဲကိုဝင်သွားရင်လည်း အထင်လွှဲချက်တွေနဲ့ မျက်စောင်းထိုးကြတယ်။ ရယ်ကြတယ်။ တစ်ခါတစ်လေဆိုရင် ဇာတ်ရုံနောက်ကိုလာပြီး မတူသလိုစကားတွေနဲ့ သိက္ခာချကြပါတယ်။ လမ်းသွားရင်လည်း လက်ကိုလှမ်း ဆွဲပြီး မကောင်းတဲ့ မိန်းမ ထင်ပြီး မတူသလို အမေးခံရပါတယ်။

 

မေး - ဒီလိုမျိုးကြုံရတဲ့အချိန်မှာ အမစိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ။

ဖြေ - ထင်လိုအထင်သေးတာတွေ၊ အ‌ေမးခံရတာတွေကြောင်း ကျွန်မတအားခံစားရတယ်။ငိုချင်တယ်။ အော် ဒီအနုပညာကို ဘာလို့အထင်ကြတာလဲ။ ဇာတ်သဘင်ဆိုတာနဲ့ပဲ အထင်သေးကြလာဆိုပြီး ငိုချင်တယ်။ ဇာတ်ထဲမှာလိုက်ရင် မိန်းမတွေကိုမှမဟုတ်ဘူး။ ယောကျာ်းတွေကိုရော အထင်‌သေးကြပါတယ်။ ဒါကြောင့် ဝမ်းနည်းရတဲ့အချိန်တွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့အခု လုပ်စားနေတာက သမ္မာအာဇီဝကျကျ လုပ်စားနေတဲ့ အလုပ်တစ်ခုဆိုတာအမှန်ပါ။ သူများမျက်ရည်စာလည်းမပါဘူး။ သူများစီးပွားရေးဖျက်တာလဲမပါဘူး။ ကိုယ်တတ်တဲ့၊ ကိုယ်ကျွမ်းကျင်တဲ့ အနုပညာနဲ့ လုပ်စားကြတာပါ။ တစ်လေတစ်‌ေလဆိုရင် စိတ်ဖြေပါတယ်။ ပြောကြပါစေလို့။ ကိုယ်က ဒီအနုပညာကို ချစ်တယ်။ မပစ်နိုင်တော့လေ။ အဲတော့သိစေချင်တာက အနုပညာလောကမှာလည်း ရိုးသားတဲ့သူလည်းသလို မရိုးတဲ့သူလည်းရှိပါတယ်။ ပြင်ပကလူတွေမှာလည်း ရိုးသားတဲ့သူလည်းသလို မရိုးတဲ့သူလည်းရှိပါတယ်။ တူတူတွေပါပဲ။

မေး - အမက ဒီအနုပညာဇာတ်သဘင်အလုပ်ကို လုပ်နေတဲ့အတွက် သွားလာနေထိုင်ရတဲ့‌ေဒသအပိုင်းတွေမှာရော ခွဲခြားဆက်ဆံမှုတွေရောရှိလားရှင့်။

ဖြေ - ခွဲခြားတာပါပဲ။ ရွာကလူနဲ့ အနုပညာကလူတွေဆိုတာ မတူမတန်သလို ခွဲခြားတယ်။ ဇာတ်သဘင်ကလူဆိုတာနဲ့ အထင်သေး အမြင်နဲ့ပေါ့။ ပြောရမယ်ဆိုရင် ရေတောင်မတိုက်ချင်တဲ့ နေရာဒေသတွေ ရှိပါသေးတယ်။

မေး - ဒီအလုပ်အပေါ်မှာရော အစ်မအနေနဲ့ နောင်တရတာတွေရော ရှိပါသလား။

ဖြေ - နောင်တရတာ မရှိဘူး။ ဘာကိုယ်လုပ်တဲ့အလုပ်က ရိုးသားတဲ့အတွက် သည်းခံစိတ်နှလုံးသွင်းထားပါတယ်။ ပြောရင်လည်း ပြောကြပါတော။

 

အသက် ၁၉ နှစ်ကတည်းကနေ  အနုပညာလောကကို စတဲ့ဝင်ရောက်လာတဲ့သူမ၊ ဒီအနုပညာအလုပ်ကို ချစ်လည်းချစ်သလို ဝါသနာလည်း ပါတယ်ဆိုတဲ့သူမ၊

ကိုယ်ကတော့ အနုပညာကို ချစ်တယ်ဆိုတော့ သူများတွေ ဘယ်လောက်ပဲတွေးတွေး ကိုယ့်ဘက်က မှန်ကန်နေတယ်ဆိုရင် ကျွန်မက ဂရုစိုက်စရာမလိုဘူးလို့ထင်တဲ့သူမ၊ ကြုံတွေ့ရတဲ့အခက်အခဲကတော့ အနုပညာအလုပ်နဲ့ စားဝတ်နေရေးကတော့ ဖူလုံမယ်လို့ထင်မယ်လို့ ထင်တဲ့သူမ…….

အရင်နှစ်တွေက ဇာတ်ဆရာတွေကငွေမရှင်းနိုင်တာတွေကြုံခဲ့ရလို့ အဆင်မပြေတာတွေလည်း သူမ.. ဒီအလုပ်နဲ့ မိဘကို လုပ်ကျွေးနေတာပါဆိုတဲ့သူမ…

 ဒီနှစ်မှာရော သူမတစ်ယောက် ဘယ်လိုတွေများ ဝမ်းရေးကို ဖြေရှင်းနေမလဲ၊ သူမ ချစ်တဲ့ ဝါသနာပါတဲ့ အနုပညာဇာတ်သဘင်တွေကို ဘယ်အချိန်မှာ ပြန်လုပ်ခွင့်ရပါ့မလဲ ဆိုတာကတော့ ….

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး