Preview

အာဏာသိမ်း (၃) နှစ်ပြည့် သူတို့အမြင် သူတို့အသံ

ဇန်နဝါရီ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :1318
အင်တာဗျူး

မအေးမြတ်ခိုင် မေးမြန်းတင်ပြသည်။

နိရဥ္စရာ၊ ဇန်နဝါရီ ၃၁/၂၀၂၄

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာဟာ မနက်ဖြန် ဖေဖော်ဝါရီ ရက်နေ့မှာဆိုရင် နှစ် တင်းတင်းပြည့်ပါပြီ။ 

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ကနေ အခုအချိန်အထိ နှစ်တာအတွင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စစ်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေးစတဲ့ ဘက်ပေါင်းစုံက အကျပ်အတည်းတွေကို ပြည်သူတွေ ဆိုးဆိုးဝါးဝါး ကြုံခဲ့ကြ၇ပါတယ်။

 

ဒီသုံးနှစ်အတွင်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခံ၇တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံ၇တာ၊ ပြည်သူတွေကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကြောင့် အရပ်သားပြည်သူ ,၄၂၃ ဦး သေဆုံးခဲ့၇ပြီး လူပေါင်း နှစ်သန်းခြောက်သိန်းဟာ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့၇တယ်လို့ AAPP ရဲ့ အချက်အလက်တွေ အ၇ သိ၇ပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ သုံးနှစ်အတွင်း လူပေါင်း နှစ်သောင်းခွဲကျော်ကို ဖမ်းခဲ့ပါတယ်။

 

ဒီလို အခက်အခဲ အကျပ်အတည်းတွေကြားမှာ ဖြတ်သန်းနေကြ၇တဲ့ ပြည်သူတွေရဲ့ လက်ရှိ ခံယူချက်တွေ၊ အတွေးအမြင်တွေကရော ဘယ်လိုတွေရှိနေပါလဲ။ ဘယ်လိုမျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်နေကြပါသလဲ။ ဒါတွေကို နိရဥ္စရာက မေးမြန်းတင်ဆက်ပေးလိုက်၇ပါတယ်။ 

 

လွေးချိုချစ်(တအာင်းအမျိုးသမီး) 

 မနက်ဖြန်ဆိုရင် အာဏာသိမ်းတာ နှစ်ပြည့်တော့မယ်ပေါ့နော်။အရင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်ဖြစ်ခဲ့တာဟာ နှစ်ပေါင်း ၇၀ ကျော် ပြီဆိုပေမယ့် အာဏာသိမ်းပြီးမှ မြန်မာနိုင်ငံမှာ နေရာအနှံ့ စစ်ရဲ့ ဒဏ်ကိုတကယ် ဆိုးဆိုးဝါးဝါးခံကြ၇တယ်။ သေကြေ၊ထိခိုက်ဒဏ်ရာတွေ၇ပြီး ဘ၀ပေါင်းများစွာ ဆုံးရှုံးကြ၇တယ် ဒါပေမယ့်လည်း တစ်ဖက်က စဥ်းစားကြည့်ရင် ကျမတို့ ပြည်သူတွေ အခက်အခဲမျိုးစုံကို ဒီ နှစ်တာအတွင်း တောင့်ခံ နိုင်ခဲ့ကြတယ်ပေါ့နော်။ အခုဆိုရင် တော်လှန်ရေးဟာလည်း အတိုင်းအတာတစ်ခုအထိ ရောက်လာပြီလို့ ပြောလို့၇ပါတယ်။ ဒါကြောင့် အားလုံး စိတ်ပျက်မသွားဘဲ ရိုင်းပင်းကူညီရင်း ကျမတို့လိုချင်တဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်ကြ၇အုံးမယ်လို့ပဲ ပြောချင်ပါတယ်။ 

 

မူးအိန်းဂျလာ(တွဲဖက်အတွင်းရေးမှူ()/ ကယန်းအမျိုးသမီးအစည်းအရုံး)

နှစ်ပြည့်မှာတော့ လူထုရဲ့တောင့်ခံနိုင်မှုကိုတော့ ဂုဏ်အယူဆုံးပဲပေါ့နော်။ ကျမတို့ တော်လှန်ရေးဘက်တော်သားတွေလည်း စိတ်ဓာတ်မကျဘဲနဲ့ နောက်မဆုတ်ဘဲနဲ့ အသက်ခန္ဓာ၊ ဘ၀တွေရင်းပြီးတော့မှ ဆက်ပြီးတော့တိုက်နေတယ်။ အခုချိန်ထိ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကလည်း အားကောင်းနေဆဲဖြစ်တယ်။ အားအ၇ဆုံးကတော့ လူထုရဲ့တောင့်ခံနိုင်မှုပေါ့နော် လူထုရဲ့တောင့်ခံနိုင်မှုလို့ပြောတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ တောင့်ခံနိုင်မှုကလည်း အရမ်းပဲ ဂုဏ်ယူ၇တယ်။ ဒီနေ့ဒီအချိန်ထိ အခက်အခဲတွေ ဘက်ပေါင်းစုံက ရှိနေပေမယ့်လည်း စစ်အာဏာရှင် စနစ်ကျဆုံးဖို့အရေးကြီးတယ်။ ဒါမှလည်း တရားမျှတတဲ့ ဖိနှိပ်မှုမရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ပေါ့နော်။ ဘ၀တွေအများကြီးဆုံးရှုံးတယ်ဆိုပေမယ့်လည်း ဆုံးရှုံးတာထက် စနစ်တစ်ခုလုံးကြောင့် မျိုးဆက်အားလုံးပျက်သုဥ်းသွားမှာကို စိုးရိမ်ကြတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ စစ်အာဏာရှင်စနစ် ကျရှုံးမှပဲ။ ကျွန်မတို့လိုလားတဲ့ တန်းတူရေး၊ ဖက်ဒရယ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိမှာ ဖြစ်တဲ့အတွက် အခုချိန်ထိစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ စိတ်ဓာတ်ကျခဲ့ရင်တောင်မှ ဒီအချက်နဲ့ပြန်ပြီးတော့ ခွန်အားပြန်ယူတယ်။ စိတ်ဓာတ်ပြန် မြှင့်တင်တယ်။ ပြီးရင် ဘက်ပေါင်းစုံကနေ နိုင်တဲ့ဘက်ကနေ တော်လှန်ရေးမှာပါဝင်ပြီး ထောက်ပံ့မှုတွေ ပေးတယ်ပေါ့နော်။ အဲ့ဒီအတွက်ကိုလည်း အမျိုးသမီးထုရဲ့ တောင့်ခံနိုင်မှု ခွန်အား၊ အင်အားတွေကိုလည်း ကျွန်မဒီမှာ လေးစားပြီးတော့ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။

 

ELena (ဥက္ကဋ္ဌ / လူမျိုးပေါင်းစုံ အထွေထွေသပိတ်) 

ဒီ သုံးနှစ်တာကာလက ကျွန်မတို့လူထုတော်လှန်ရေးက အဆင့်ဆင့်ကျော်လာခဲ့၇တာ ဖြစ်တယ်ပေါ့နော်။ နောက်ပြီး တော်လှန်ရေးအဆင့်တွေထဲကမှ အမြင့်ဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ကြတဲ့အခါမှာ လူထုက ဒီအပေါ်မှာ ညီမတို့ကို ထောက်ခံတဲ့ဟာ၊ ရပ်တည်တဲ့ဟာပေါ့နော်။ နောက်ပြီး လက်နက်ကိုင် တော်လှန်ပြီးတော့ တော်လှန်နေကြတဲ့သူအားလုံးကိုလည် ကျွန်မဒီနေရာကနေ လေးစားပါတယ်လို့ပြောချင်ပါတယ်။ ဒီတော်လှန်ရေးအမြစ်တွယ်ဖို့ဆိုတဲ့အခါမှာ ရှင်သန်ဖို့နဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက်ဆိုရင် အရေးကြီးတာက လူထုရဲ့အင်အားပါပေါ့နော်။ လူထုမပါဘဲနဲ့ ညီမတို့တော်လှန်ရေးကဘယ်ခရီးမှ ရောက်မှာမဟုတ်ဘူး။ အဲ့တော့လူထုရဲ့ပါဝင်မှု၊ ထောက်ခံမှုတွေနဲ့အတူ ဒီနေ့ ဒီအချိန်ကို ရောက်လာတာ ဖြစ်တယ်ပေါ့နော်။ အဲ့ဒီတော့ ကျွန်မတို့က ဒီနေရာမှာ လူထုကို ပြန်ကြည့်၇မယ်။ ကျွန်မတို့ဘာပဲဆုံးဖြတ်ဆုံးဖြတ် ဘာပဲလုပ်လုပ် ခေါင်းဆောင်တွေရော၊ ပါဝင်နေကြတဲ့သူတွေရော ဒီ နှစ်တာ ကာလမှာ ပင်ပန်းဆင်းရဲခံပြီးတော့ အိုးအိမ်တွေအကုန်လုံးပေါ့နော်။ ဒုက္ခအရောက်ခံပြီး ရှိနေတဲ့ ပြည်သူလူထုရဲ့မျက်နှာကို ကြည့်ပြီးတော့မှ ညီမတို့ တကယ်ကိုဒီတော်လှန်ရေးမှာ ညီမတို့ လိုချင်တဲ့အဖြေပေါ့နော်။ စစ်အာဏာရှင်ပြုတ်ကျတဲ့အဖြေ၇အောင်၊ ပြီးတော့ ညီမတို့လိုချင်တဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အကြောင်းအရာ တွေကို ၇အောင် ဆက်သွားသင့်တယ်ဆိုတဲ့ဟာကိုလည်း ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။ နောက်တစ်ခုက လူထုက တော်လှန်ရေး အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ကျွန်မတို့ဘက်က အနိုင်၇လာပြီလို့ မျှော်လင့်ချက်တွေ ပိုပြီးတော့ ရှိလာလေလေ၊ စစ်တပ်ဘက်ကနေပြီးတော့မှ ကျွန်မတို့ဘက်ကို ပိုပြီးတော့ ထိခိုက်အောင် လုပ်မယ်ဆိုတဲ့ အကြောင်းအရာကိုလည်း ကြိုသိထားတဲ့ အခင်းအကျင်းပဲပေါ့နော်။ ဒါက သူတစ်သက်လုံး သုံးလာတဲ့ သူရဲ့လက်နက်ပဲပေါ့။ ဒါမျိုးဆိုရင်လည်း လူထုအချင်းချင်း ကူညီဖို့ အရေးကြီးပါတယ်ပေါ့နော်။ အဲ့ဒီတော့ ညီမတို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဝေးမှာ မလာနိုင်တဲ့ကာလမှာ အနီးဆုံးမှာရှိတာက လူထုကနေ လူထုကိုပဲ ကူညီနိုင်တာပေါ့နော်။ အဲ့ဒီတော့ တော်လှန်ရေးပြည်သူလူထု အချင်းချင်း ကူညီစောင့်ရှောက်ဖို့ဆိုတဲ့ဟာကိုလည်း ဒီ၃နှစ်ပြည့်မှာပေါ့နော် ညီမတို့ နောက်ထပ်တော်လှန်ရေးအောင်မြင်ဖို့သွား၇မယ့် ခရီးလမ်းတွေအတွက် ပြည်သူလူထု အချင်းချင်း ကူညီကြဖို့ဆိုတဲ့ဟာကိုလည်းဒီနေရာကနေ တိုက်တွန်းစကားပြောချင်ပါတယ်။

 

ဦးသောင်းဟန် (ရမ်းဗြဲဒေသခံ) 

အာဏာသိမ်းတာ နှစ်အထိ ဖြစ်လာတဲ့အပေါ်မှာတော့ အာဏာသိမ်းတာကို ကောင်းတယ်လို့ မပြောလိုပေမယ့် ပြောင်းလဲသင့်တဲ့အရာတွေ ပြောင်းလဲ လာတာတွေ့၇လို့တော့ ကောင်းဖို့ ဖြစ်လာတယ်လို့ပဲ ပြောချင်တယ်။ ဥပမာပြောရရင် အာဏာရှင်တွေရဲ့ ယုတ်မာမှုတွေကို လက်ရည် တပြင်တည်း ခံစားကြ၇တယ်။ ထင်းထင်းလင်းလင်း တစ်ပြည်လုံးက မြင်သွားကြတဲ့အတွက် မြေပြန့်က လူတွေရဲ့ တိုင်းရင်းသားတွေအပေါ် အမြင်က ပြုပြင်နေစရာမလိုဘဲ နားလည်သွားတယ်။ နောက် အာဏာရှင်ဆီကနေ ရုန်းကိုရုန်းထွက်၇မယ်ဆိုပြီး တိုက်ကြရင်းနဲ့ ၇ခိုင်မှ မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ဒီ နှစ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဟာ အားရစရာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။

 

အမည်မဖော်လိုသူ(စစ်တွေမှ လူမှုရေးလှုပ်ရှားသူ) 

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကတော့ ကျနော့အမြင်  ၇ခိုင်အပေါ် သိပ်သက်ရောက်မှု မရှိခဲ့ဘူးဗျ။ အခုထိပဲ။ အေအေကတော့ သူ့ Plan နဲ့ သူ လုပ်စရာရှိတာ ဆက်လုပ်လာတယ်လို့ပဲမြင်တယ်။ဒါက စစ်ရေးပေါ့နော်။ ဒါပေမယ့် တစ်နိုင်ငံတည်း ဖြစ်တဲ့အတွက် အာဏာသိမ်းပြီးနောက်ရိုက်ခတ်လာတဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု၊စီးပွားရေးရိုက်ခတ်မှု၊ အလုပ်အကိုင်ပိုရှားလာတဲ့ပြဿနာတွေကိုတော့ အနည်းအများ ခံစားကြ၇ပါတယ်။ အခုထိလည်း စစ်အာဏာရှင်စနစ်အောက်မှာ ခံနေကြ၇ဆဲဖြစ်တဲ့ အတွက် ကျနော်တို့ ခက်ခဲနေကြအုံးမှာပဲ။ ဒါပေမယ့် အခု နှစ်ပြည့်မှာတော့ ၂၀၂၁ အာဏာသိမ်းစ ကာလနဲ့တော့ မတူတော့ဘူး။ စစ်တပ်ဟာ အာမကျယ်ရဲတော့ဘူး။ ဒါကြောင့် ကျနော်ပြောနိုင်တာက စစ်တပ်ကျရှုံးမယ့် အချိန်ဟာသိပ်မဝေးတော့ပါဘူး။ ဒါကို အခု နှစ်ပြည့်တော့မယ့်ကာလတွေမှာ ပိုပြီး ထင်ထင်ရှားရှား တွေ့လာ၇တယ်။ ဒါကြောင့် အရှိန်မလျော့ဘဲ ဆက်လက်တိုက်ပွဲဝင်ကြရင်း ကျနော်တို့တွေ မကြာသော ကာလမှာ ၇ခိုင်သော်လည်းကောင်း၊ ရှမ်းမြောက်၊ ကရင်နီ စတဲ့ဒေသတွေအပြင် တဖြည်းဖြည်း နယ်မြေစိုးမိုးမှု ပို၇လာနိုင်တယ်လို့ ကျနော်မြင်မိပါတယ်။ (ပြီး)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.