Preview

စစ်တွေမှာ လက်ရှိအချိန်ထိ ရှိနေသေးတဲ့ အမျိုးသမီးငယ်တစ်ဦးနဲ့ လျှပ်တပြက်အင်တာဗျူး

ဖေဖော်ဝါရီ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :4714
အင်တာဗျူး

နိရဉ္စရာ (အင်တာဗျူး) ဖေဖော်ဝါရီ ၂၂/၂၀၂၄

 

မေး- လက်ရှိစစ်တွေမြို့ရဲ့အခြေအနေလေးတချက်ပြောပြပေးပါလား။

ဖြေ-စစ်တွေအခြေအနေကစစ်တပ်ဘက်က ညမထွက်၇ စာထုတ်ထားတဲ့အချိန်ကပဲအခုထိတော့ ပုံမှန်ပါ။ လက်နက်ကြီးကတော့ ရံဖန်ရံခါပစ်ပါတယ်။ လက်နက်ကြီးကအရင်ကလည်း ပစ်တယ်လေ။ ပါဒလိတ်ဘက်နဲ့ စစ်တပ်တပ်ရင်းတွေကတော့ အခုလည်း လက်နက်ကြီးတွေကတော့ပစ်ပါတယ်။

 

 မေး- စစ်တွေမြို့မှာ အခုရှိနေတယ်ဆိုတော့ စစ်ရေးအခြေအနေနဲ့လေဆိပ်မှာ ဖမ်းခံထား၇တဲ့သူတွေအခြေအနေတွေ ဘယ်လို ရှိနေလဲ။

ဖြေ-ပတ်ဝန်းကျင်မှာတော့စစ်ရေးသတင်းတွေကတော့ပုံမှန်ပါပဲ။ ဒါပေမယ့် ရန်ကုန်ကနေ စစ်တွေကို  လာတဲ့လူတွေကိုဖမ်းပါတယ်။ ဥပမာ ဒီနေ့လေယာဥ်လေးစီးဖမ်းတယ်ဆိုရင်ဖမ်းထားတဲ့ သူတွေကို တယောက်ကိုမှပြန်မလွှတ်ဘူး။လောကနန္ဒာထဲက ဗိဗ္မာန် ထဲမှာထားပါတယ်။ဖမ်းနေတာ နှစ်ရက် သုံးရက်ရှိပါပြီ။၁၉ ရက်နေ့ကပဲစပြီးဖမ်းနေတာ။ အဲဒီနေ့က ညဘက်၉ နာရီလောက်က စစ်ဆေးပြီးတာနဲ့ အမျိုးသမီးတွေကိုပြန်လွှတ်ပေးလိုက်တယ်လို့ကြားတယ်။ ယောကျာ်းတွေကိုတော့ ဖမ်းထားလိုက်တယ်။နောက်ထပ် ၂၀ ရက်နေ့လေယာဥ်နဲ့လာတဲ့လူတွေကိုလည်းဖမ်းတယ်။၂၁ ရက်နေ့လည်း ထပ်ဖမ်းတယ်။ ပြီးတော့လွှတ်လည်းမလွှတ်ပေးသေးပါ။ စုစုပေါင်းအထဲမှာ ၁၂၀ ထက်များတယ်လို့သိရပါတယ်။ပထမဖမ်းတဲ့နေ့ကဆိုရင် ထမင်းစားဖို့အပြင်ကိုထွက်လို့၇တယ်။ ညကနဲ့ ဒီနေ့မှာတော့ ဘယ်ကိုမှ ထွက်ခွင့်မပေးဘဲပိတ်ထားတယ်။ညီမတို့ ဟိုနေ့က အဲဒီဘက် ရောက်တော့ သူတို့ဆီက ငါးသောင်းစီတောင်းနေတယ်လို့လည်း ကြားတယ်။ ဒါပေမယ့်အတွင်းက လူတွေကတော့အဲလိုပြောတာမရှိပါဘူး။

 

မေး- စစ်တွေမှာအခုလက်ရှိ ပြည်နယ်စစ်ကောင်စီဌာနဆိုင်ရာရုံးတွေအခြေအနေကဘယ်လိုရှိလဲ။

ဖြေ-ရုံးတွေကတော့ပုံမှန်ပါပဲ။ သူတို့ဌာနဆိုင်ရာဝန်ထမ်းတွေကို မြို့ကထွက်ခွင့်မပေးဘူး။ဒီအတိုင်း ပုံမှန်ရုံးတက်နေကြပါတယ်။ သူတို့တွေကပုံမှန်ပါပဲ။ပြည်သူတွေသာ ကြောက်လို့နည်းနည်း နယ်ဘက်တွေကိုပြေးတယ်။ အခုကရန်ကုန်ဘက်တွေလည်းပြေးလို့မ၇တော့ဘူးဆိုတော့ နယ်ဘက်တွေကိုပြေးကြတာတွေရှိတယ်။

 

မေး- အခုရက်ပိုင်းစစ်တွေမြို့က ပြည်သူတွေအခြေအနေကရောဘယ်လိုရှိလဲ ။ ရှောင်ပြေးသူတွေများနေလား။

 ဖြေ-ရှောင်ပြေးတဲ့သူတွေက အရင်ကရန်ကုန်ဘက်ကိုပြေးပေမယ့် အခုနောက်ပိုင်း အဖမ်းဆီးတွေ ရှိလာတော့နယ်ဘက်တွေကိုပြေးတာတွေရှိတယ်။ ဒီဘက်မှာ စစ်တွေမှာစစ်ဖြစ်မယ်ဆိုတဲ့အခါကြောက်လို့နယ်ဘက်တွေကိုပြေးကြတာပေါ့။

 

မေး- စစ်တွေမြို့ဝန်းကျင်မှာ စစ်တပ်ဘက်ကဘာတွေပြင်ဆင်နေတာမျိုးရှိနေလဲ။

ဖြေ-အရင်ကဆို  ရွှေပြည်သာရပ်ကွက်ဘက်ကိုသွားရင် အဲဒီဘက်မှာ တပ်စွဲထားတာမျိုး သိပ်မရှိခဲ့ဘူး။ အခုနောက်ပိုင်း ရွှေပြည်သာ၊ ကျေးတောပိုက်ဆိပ်ဘက်တွေမှာစစ်တပ်တပ်ရင်းတွေကလာပြီးတော့ တပ်စွဲထားတယ်လို့သိ၇တယ်။

 

မေး-စစ်တွေရွှေပြားဘက်မှာ ဗုံးကွဲတယ်ဆိုတာကဘယ်လိုလဲ။

ဖြေ-အဲဒီဘက်မှာ ပေါက်ကွဲမှု ဖြစ်တာကတော့ဟုတ်ပါတယ်။ ဗုံးကွဲတာလား။ လက်နက်ကြီးကျပြီးကွဲတာလားဆိုတာတော့ မသိနိုင်ပါဘူး။ သွားလည်းမကြည့်ရဲဘူးလေ။

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.