တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

“အပစ်ရပ်စဲရေးဟိုင်ဂင်သဘောတူညီချက်အထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AAနဲ့ပဲ သက်ဆိုင်နေတယ်။ ရခိုင်ပြည်ဖက်မှာ ရှိတဲ့ AA ကမပါသေးဘူးဗျ"


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 958

“အပစ်ရပ်စဲရေးဟိုင်ဂင်သဘောတူညီချက်အထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AAနဲ့ပဲ သက်ဆိုင်နေတယ်။ ရခိုင်ပြည်ဖက်မှာ ရှိတဲ့ AA ကမပါသေးဘူးဗျ"

ဒေါက်တာညိုထွန်းအောင်/ဒု-စစ်ဦးစီချုပ်၊ ရက္ခိုင့်တပ်တော်

နိရဉ္စရာ၊ မတ် ၄ ရက် (အင်တာဗျူးနှင့် ရုပ်သံ)

ရက္ခိုင့်တပ်တော်( AA)နှင့် စစ်ကောင်စီတို့အကြား အပစ်ရပ်စဲရေးနှင့် ပတ်သက်ပြီး  မဟုတ်မှန်ကြောင်း ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားစဉ် ပြောကြားသွားခဲ့ပါသည်။

ဒေါက်တာညိုထွန်းအောင်နှင့် သတင်းထောက်များ၏ မေးမြန်းချက်ကို လွယ်ကူစွာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ စာအင်တာဗျူးကို မြန်မာလို ဖြေကြားထားသည့် ရုပ်သံဖိုင်နှင့် အတူ တင်ပြလိုက်ပါသည်။

သတင်းထောက်- အွင်လိုင်းမှာ ထွက်နေတဲ့ သတင်းအချက်အလက်တွေ မှန်/မမှန် ဒုစစ်ဦးစီးချုပ်အနေနဲ့ ပြောပြလို့ ရမလား။

ဖြေ-အဲ့ဒီအထဲမှာတော့တချို့အချက်အလက်တွေကမှန်ပါတယ်။ တချို့အချက်အလက်တွေက မမှန်ပါဘူး။ အမှားနဲ့အမှန်ရယ်။ ပြီးရင် သူတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒရယ်။ တချို့ကိစ္စတွေဆိုတော့ ပထမ စပြီးမှဘဲ Initiate  လုပ်တဲ့ သတင်းထုတ်လွှင့်တဲ့ သူအနေနဲ့ ဒီအချက်အလက်တွေပေါ်မှာ ဘယ်လို ရည်ရွယ်ချက်၊ ဘယ်လိုစဉ်းစားချက်၊ ဘယ်နေရာက ရရှိလဲဆိုတာ ကျနော်တို့တော့မသိဘူး။ သေသေချာချာ ပြောပြလို့ရတဲ့ဟာကတော့ ကျနော်တို့ခုနက ပြောတဲ့အထဲမှာပါပါတယ်။ ခုနက ထွက်တဲ့ အချက်အလက်နဲ့ ပြန်ပြီးမှ  hybrid ​ပေါ့၊ ချကြည့်မယ်ဆိုရင် ကျနော်တို့ အခု အစည်းအဝေးတိုင်းက    ဟိုင်ဂင်ရဲ့ အရင် သဘောတူညီချက်တွေကို  ဆက်လို့ ဆွေးနွေးနေပါတယ်။ ပြီးရင်အပစ်ခတ်ရပ်စဲရေး ပိုလို့ခိုင်မာဖို့အတွက် ဆက်လို့လုပ်နေပါတယ်။ နောက်တစ်ခုကတော့ အရင်သဘောတူညီချက်ထဲမှာ ပါခဲ့သလိုပဲ အထူးသဖြင့်တော့ ဒီတရုတ်-မြန်မာနယ်စပ်နဲ့ ဆက်စပ်တဲ့ကိစ္စရယ်၊ ကျားဖျံလုပ်ငန်းကိစ္စတွေရယ်။ ကျားဖျံလုပ်ငန်း တွေဆက်လို့ မရှိဖို့ ကိစ္စရရယ်။ ပြီးရင်နောက်ထပ် နယ်စပ်‌‌ဒေသထွက်ပေါက်တွေ ဘယ်လိုပုံစံလုပ်မလဲ အဲ့လိုမျိုးအချက်အလက်တွေပါပါတယ်။  ဆိုတော့ ဒီကိစ္စတွေထဲမှာ ရာခိုင်နူန်းကိစ္စတော့ ကျနော်တို့ဆွေးနွေးတာ မရှိသေးပါဘူး။ အဲ့ဒါကို ကျနော်တို့ပြန်ပြောလို့ရတယ်။ ကျန်တဲ့ဟာကတော့ ကျနော်ပြောတဲ့ဟာနဲ့ သတင်းမှာထွက်နေတဲ့ အချက်အလက်တွေမှာ ဘယ်ဟာကပိုနေတယ်။  ဘယ်လိုနေလဲဆိုတာမျိုးကို သတင်းထောက် အနေနဲ့ရော ကျန်တဲ့လူအနေနဲ့ရော နည်းနည်းလေးအလုပ်လုပ်ကြည့်လိုက်ပါ။ ကျနော့်အနေနဲ့ကတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်၊ အစည်းအဝေးပါ အချက်အလက်တွေကိုတော့ ပြောဖို့မရှိပေမယ့် တချို့ကိစ္စတွေကတော့ ပြောသင့်တယ်လို့ထင်တဲ့အတွက်ကြောင့် အခုလိုမျိုး ပြောရခြင်းဖြစ်တယ်။ဒီဟာအပေါ်မှာ နားလည်ပေးဖို့ ကျနော့်အနေနဲ့မေတ္တာရပ်ခံလိုပါတယ်။"

သတင်းထောက်- အေအေနဲ့ သဘောတူညီချက် တစ်စုံတစ်ရာ ဆွေးနွေးပွဲမှာရလား၊ အပစ်ရပ်စဲရေး ဖြစ်ဖို့ရှိလားအေအေနဲ့က။

ဖြေ- အဓိကကတော့ ရှမ်းမြောက်ကိစ္စကိုပဲ ဆွေးနွေတယ်။ ရှမ်းမြောက်မှာ ဇန်နဝါရီ ၁၁ ရက်နောက်ပိုင်းလောက်ကနေ အတိုင်းအတာတစ်ခုထိ အပစ်အခတ်ရပ်စဲသွားပြီဆိုတော့ လောလောဆယ် ဟိုင်ဂင် Is equal to ရှမ်းမြောက်ကိစ္စလိုဘဲ ပြောလို့ရပါတယ်။ အပစ်အခတ် ရပ်စဲ သ‌ဘောတူစာချုပ် ဟာ ရှမ်းမြောက်ကိစ္စလို့ ပြောလို့ရတယ်။ လောလောဆယ်မရှိသေးပါဘူး

သတင်းထောက်- ရက္ခိုင့်တပ်တော် စစ်ဆင်ရေးက ရခိုင်မှာ ဆက်ရှိနေမယ့် အနေအထားလို့ ပြောလို့ရပါသလား။

ဖြေ- လက်ရှိမြင်တဲ့အတိုင်းပဲ။ တွေ့နေ မြင်နေတဲ့အတိုင်းပါဘဲ။

သတင်းထောက်- အေအေနဲ့ သဘောတူညီမှု တစ်ခုနှစ်ခုရတာမျိုးရှိလား။ လုံး၀ သဘောတူညီမှု  မရှိဘူးလို့ ပြောလို့ရလား။

ဖြေ- အခုကျွန်တော်တို့ ဟိုင်ဂင်ကိစ္စကိုဘဲ ဆွေးနွေးတယ်ဆိုတော့ ဟိုင်ဂင်ထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AAနဲ့ပဲသက်ဆိုင်နေတယ်။ ဟို ရခိုင်ပြည်ဖက်မှာရှိတဲ့ AA ကမပါသေးဘူးဗျ"

သတင်းထောက်- ရခိုင်ပြည်နယ်ထဲမှာ အေအေက သိမ်းပိုက်ထားတဲ့ မြို့နယ်တွေ အကုန်လုံးကို  စစ်တပ်ကနေပြီး  စွန့်လွတ်ပြီးတော့ စစ်ယန္တရားအကုန်လုံးရပ်ဆိုင်း သွားဖို့  စစ်တပ်က အေအေနဲ့ တောင်းဆိုတဲ့ ကိစ္စကို စစ်တပ်က လိုက်လျောလိုက်တယ်လို့ အကြမ်းဖျဉ်းကျနော်တို့ သိရပါတယ်။ အဲဒါဟုတ်ပါသလား။ 

ဖြေ- လောလောဆယ်အဲဒီအကြောင်းအရာ ကျနော်ခေါင်းထဲမှာ မရှိသေးဘူး။

သတင်းထောက်- စစ်ကောင်စီဘက်ကရော နှစ်ဖက် သဘောတူညီချက်ကို ပြောနိုင်မလဲ။ အားလုံးက သိချင်မှာဘဲ။ ဘယ်အချိန်လောက် ပြောဖြစ်မလဲဗျာ။

ဖြေ- ဒီကြားထဲမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ဆက်ပြီးတိုင်ပင်လိုက်ပါမယ်။  ဒီနေ့  မေးတဲ့ မေးခွန်းတွေ၊ ကျနော်တို့ဘက်က ပြောကို ပြောရမယ့် ကိစ္စတွေကို ဒီရသတ္တပတ်အတွင်း တိုင်ပင်ပြီးတော့ အကြောင်းပြန်ပေးပါမယ်။ ဒီလောက်ဆို ကျေးဇူးပါဗျာ။ 

သတင်းထောက်များ-  Happy Birthday ပါဗျာ။

 

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး