တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့က အမျိုးသမီးတစ်ဦးနဲ့ လျှပ်တစ်ပြက် အင်တာဗျူး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

စောရှင်မေ(အင်တာဗျူး) နိရဉ္စရာ/မေ ၉/၂၀၄

 ရခိုင်ပြည် မြို့တော်စစ်တွေရဲ့ က်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မြို့ပြင်ကို ထွက်ပြေးလို့ မရောက်ဘဲ မြို့ထဲမှ ပိတ်ကျန်နေခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ မေးမြန်းပြီး အခြေအနေကို တင်ပြပေးလိုက်ပါတယ်။  

 

မေး- လက်ရှိ စစ်တွေမြို့အခြေအနေတွေ ဘယ်လိုရှိလဲရှင့်။

ဖြေ- စစ်ကောင်စီက တစ်ခါတစ်လေ မြို့ထဲဘက်က  သေနတ်ဖောက်သံတွေကို ကြားရတယ်။ ပြီးတော့ ဒီရက်ပိုင်းတွေမှာ လေယာဥ်က ၁၁ နာရီ ၁၂ နာရီကျော်ထိပျံတဲ့ အသံကို ကြားရတယ်။ ညအချိန် ဆိုတော့ ဘယ်ကိုသွားတာလည်းတော့ မသိဘူး။ နေ့ဘက်တွေလည်း လေယာဉ်ပျံတယ်။ တခါတလေဆို အနိမ့်တွေကလည်း ပျံတယ်။ နေဗီကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွ ပစ်တာတွေရှိတယ်။ ပြီးရင် ဘယ်ဘက်တွေက လက်နက်ကြီးပစ်မှန်းမသိဘူး။ လက်နက်ကြီး အသံတွေက မကြာမကြာ ကြားနေရတယ်။ ဘယ်ကိုပစ်တာည်းတော့ သေချာမသိဘူး။ စစ်တွေမြို့ရဲ့ ပတ်ပတ်လည်မှာ  စစ်ကောင်စီတပ်က မြေမြုပ်မိုင်းတွေ မြုပ်ထားတယ်လို့လည်း ကြားပါတယ်။ အဘက်ဘက်က စိုးရိမ်းရတဲ့အပြင် စားဝတ်နေရေးတွေလည်း အခက်အခဲပါပဲ။

 

မေး- အစ်မတို့က ဘာကြောင့် စစ်တွေမြို့မှာ ပိတ်မိနေတာပါလဲ။ ှောင်တိမ်းဖို့ကော အစီအစဉ် ရှိလားရှင့်။

ဖြေ။ ကျွန်မတို့လည်း စစ်တွေက တခြားနယ်ဘက်တွေကို ထွက်ဖို့ နှစ်ခါတောင် ကြိုးစားပါသေးတယ်။ ဒါပေမဲ့ လမ်းခရီးက ကလေးတွေနဲ့ သွားရမှာဆိုတော့ အဆင်မပြေဘူး။ စစ်ကောင်စီက လမ်းတွေကို ပိတ်ဆို့ထားတယ်။ အရဲစွန့်ပြီးသွားတဲ့သူတွေကို ပစ်သတ်တယ်။ ဖမ်းတယ်။ ပါလာတဲ့ငွေကြေးတွေ၊ ပစ္စည်းတွေလည်း အကုန်သိမ်းတယ်ဆိုပြီးကြားရတယ်။ ြီးရင် မိုင်းထောင်ထားတာတွေလည်း ရှိတယ်ဆိုတော့ ထွက်မရောက်လိုက်ဘူး။ အိမ်မှာနေတော့ အကောင်းထသွားမှ ပြသနာတက်သွားတယ် ဆိုသလိုမျိုး ဖြစ်မလားဆိုပြီး အဘက်ဘက်က စဥ်းစားပြီး ထွက်မရောက် လိုက်ဘူးပေါ့။ ကလေးတွေနဲ့ ဆိုတော့ အကုန်စဥ်းစားရတယ်။ ထွက်မရောက်လိုက်တာကိုတော့ စိတ်မကောင်းဘူးပေါ့လေ။  

 

မေး- စစ်တွေမြို့မှာ တိုက်လေယာဉ်သံတွေလည်း ကြားရတယ်။ လက်နက်ကြီး ပစ်သံတွေ၊ လက်နက်ငယ်သံတွေလည်း မကြာခဏ ကြားရတော့ ယ်လောက်အတိုင်းအတာထိ  စိုးရိမ်မှုတွေရှိနေပါသလဲရှင့်။

ဖြေ-အစစအရာရာ စိုးရိမ်ကြောင့်ကြတာပေါ့။ ဘယ်သူကမှ ကိုယ့်အသက်ကို အသေမခံချင်ဘူး။ သားသမီးအနာဂတ်တွေရှိတယ်။ သားသမီးအနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့နေကြတာကိုး။ ထွက်ပြေးလို့လည်း မလွတ်လိုက်ဘူးဆိုတော့ မျှော်လင့်ချက်မဲ့သွားတာပေါ့။ ဗြုန်းစားကြီး ဖြစ်လာရင်တော့ လက်နက်ကြီးနဲ့ ပစ်တာပဲဖြစ်ဖြစ်၊ လေယာဥ်နဲ့ဗုံးချတာပဲဖြစ်ဖြစ် ကြောင့်ကြ

စိုးရိမ်မှုတွေ ရှိတာပေါ့။ စစ်တွေကတော့ ဘယ်အချိန်ဖြစ်လာမလဲဘဲ ရင်တထိတ်ထိတ်နဲ့စိုးရိမ် ပူပင်နေတာက အပြည့်ပါပဲ။

 

မေး- စစ်တွေ လက်ရှိကုန်ဈေးနှုန်းအခြေအနေတွေကော ဘယ်လိုရှိလဲရှင့်။

ဖြေ-ကုန်ဈေးနှုန်း အခြေအနေတွေက ကြက်ဥတလုံးကို ၁၂၀၀ ကျပ် ရှိတယ်။ ငါးဟင်းတွေလည်း မစားရဘူး။ တစ်ခါတစ်လေဆို ငါးဟင်းတွေ အိတ်စွက်ပြီး သင်္ဘောနဲ့ဝင်တာတော့ ရှိတယ်။ အမြဲတမ်းတော့ ငါးခြောက်နဲ့ ကြက်ဥကို တစ်လှည့်စီ နှစ်ပါးသွားရတာပေါ့။  ဝက်သား တစ်ပိဿ ၆၀၀၀၀ ကျပ်။ ကကတစ်ကောင် သောင်း၊ ၅သောင်း ကျပ်။ ဒီလိုဈေးကြီးနေတာ အလုပ်အကိုင်တွေ အဆင်ပြေတာလည်း မဟုတ်ဘူး။ ဟင်းသီး၊ ဟင်းရွက်တွေလည်း စွန့်စားပြီးယူရောင်းနေကြလို့ စားရတာ။ အကုန်ဈေးကြီးတယ်။ တန်တာဆိုလို့ ကြက်သွန်ရယ်။ စားဆီလောက်ပဲရှိတယ်။ ဒီဒဏ်တွေကို တာရှည်ဘယ်သူက ခံစားနိုင်မလဲ။ လက်လုပ်လက်စားတွေဆိုရင် ငတ်နေတဲ့သူတွေ တောင်ရှိတယ်။ 

 

မေး- အစ်မတို့အပါအဝင် စစ်တွေကလူတွေရော စားဝတ်နေရေးတွေကို ဘယ်လိုဖြေရှင်း နေကြလဲရှင့်။

ဖြေ- စားတ်နေရေးက အခုထိလည်းဈေးဖွင့်တော့ ဈေးရောင်းသူတွေက ဈေးရောင်းကြတယ်။ နွေရာသီဆို အအေးရောင်း။ ကုန်စုံတွေလည်းရောင်းကြတဲ့သူတွေရှိတယ်။ တစ်နိုင်တစ်ပိုင် တတ်နိုင်သလောက် လုပ်စားကြတာပေါ့။ ရှိတာတွေလည်း ထုခွဲရောင်းစားကြတယ်။ တချို့တွေဆို ထွက်ပြေးသွားတဲ့အိမ်တွေမှာ အိမ်ပိုင်ရှင်တွေမရှိတော့ အိမ်တွေကို ဖြိုဖျက်ပြီး ရောင်းစားကြတယ်။ ထင်းအဖြစ်သုံးကြတယ်။ အဲ့ဒီထင်းတွေ ရောင်းတာတွေလည်း တွေ့ရတယ်။ ကြုံရာကျပန်း လက်လုပ်လက်စားတွေကတော့ ငတ်နေကြပြီ။ အခုဆိုရင် အဲ့ဒီလူတွေကို ပိုက်ဆံတတ်နိုင်တဲ့ သူတွေစုပြီး ထမင်းချက်ပြီးတော့ လှူဒါန်းနေတာတွေတွေ့ရတယ်။ နာမည်စာရင်းပေးထားပြီးတော့ လက်မှတ်တွေနဲ့ ထုတ်ယူရတယ်။ စစ်တွေက ထွက်မပြေးဘဲ ကျန်ခဲ့တဲ့သူတွေကတော့ များသောအားဖြင့် ပိုက်ဆံ မတတ်နိုင်လို့ပါ။ နေရစ်ခဲ့ရင်း လမ်းပိတ်သွားကြတာများပါတယ်။ ပိုက်ဆံရှိတဲ့သူတွေက အနည်းအကျဥ်းလောက်ပဲ ကျန်တာပါ။ အခုခေတ်အနေအထားအရ တစ်နေရာနဲ့ တစ်နေရာသွားဖို့က လွယ်တာမှ မဟုတ်တာ။ ပြီးတော့ နယ်ဘက်ကိုရောက်ရင်စားသောက်ဖို့က လိုသေးတယ်လေ။

(ပြီး)

 

------

 

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး