Preview

မြို့ခံကလူတွေကကတော့အဆင်ပြေတာထက်အခက်အခဲတွေအပေါ်နေသားကျသွားပြီ

သဉ္ဇာနွယ် | အောက်တိုဘာ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :710
အင်တာဗျူး
“ မြို့ခံကလူတွေကကတော့အဆင်ပြေတာထက်အခက်အခဲတွေအပေါ်နေသားကျသွားပြီ”
တောင်ကုတ်မြို့မှ အမျိုးသမီးတစ်ဦးနဲ့ အင်တာဗျူး
သဉ္ဇာနွယ်မေးမြန်းသည်/ နိရဉ္စရာ၊အောက်တိုဘာ ၂/၂၀၂၄

ရခိုင်ပြည်က ခရိုင်မြို့တစ်ခုဖြစ်တဲ့ တောင်ကုတ်မြို့ဟာ စကခ(၅)အပါအဝင် စစ်ကောင်စီ တပ်ရင်း နှစ်ရင်း အခြေစိုက်ထားတဲ့မြို့ဖြစ်ပါတယ်။

တောင်ကုတ်မြို့ပေါ်ကို လက်ရှိ စစ်ကောင်စီက ထိန်းချုပ်ထားပြီး နယ်ကျေးရွာတွေ အကုန်လုံးကိုအာရက္ခတပ်တော်က ထိန်းချုပ်ထားပါတယ်။

အာရက္ခတပ်တော်(AA)က တောင်ကုတ်မြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့၂၀၂၄ ခုနှစ် ဩဂုတ်၁ ရက်က ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိ တောင်ကုတ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့်လည်းမြို့ကို AA က ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာမှုတွေလည်းကြီးထွားနေပါတယ်။

စစ်ကောင်စီကလည်း တောင်ကုတ်မြို့ပေါ် က စခက (၅) ဌာနချုပ်နဲ့တပ်ရင်း နှစ်ခုဖြစ်တဲ့  ခမ၇ (၅၄၄)နဲ့ မခ၇(၃၄၆) တပ်ရင်းတို့ကိုAA က ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်ပြီး AAရှိနိုင်တယ်လို့ ထင်ရတဲ့ ကျေးရွာတွေကို ရမ်းသန်း ဗုံးကြဲနေတဲ့အတွက် အရပ်သားသေဆုံးမှုတွေလည်းမြှင့်တက်နေပါတယ်။

၂၀၂၄ခုနှစ် ဩဂုတ်လကနေ ဒီလအောက်တိုဘာ ပထမပတ်အထိ စစ်ကောင်စီလေတပ်ကဗုံးကြဲခဲ့တဲ့ အတွက်သေဆုံးခဲ့ရတဲ့ အရပ်သား၁၁ ဦးရှိပြီး၂၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း မကြာခဏ ဖြတ်တောက်ခံထား၇တာကြောင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေတဲ့ မြို့နယ် တစ်ခုဖြစ်ပါတယ်။

အခုလို အခြေအနေကြားက ဖုန်းနဲ့ အင်တာနက် အဆင်ပြေနေတုန်း ဒီလ အောက်တိုဘာ၂၂ ရက်နေ့  နံနက်၁၁နာရီခွဲခန့်မှာ တောင်ကုတ်မြို့မှ အမျိုးသမီးတစ်ဦးနဲ့ ဖုန်းထဲကနေ အင်တာဗျူးမေးမြန်းခွင့်၇ခဲ့ပါတယ်။

မေး- သာလီစွပါအစ်မ။တောင်ကုတ်ဟာဆိုရင် စစ်ကောင်စီရဲ့ ဗုံးကြဲခြင်းကိုဒီလအတွင်းအခံရဆုံး မြို့နယ်တွေအထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ ဒီတော့အခုလက်ရှိ မြို့ရဲ့ အခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ-ဟုတ်ကဲ့ပါ။လက်ရှိအခြေအနေဟာဆိုရင် တောင်ကုတ်မြို့ခံလူတွေ ပိတ်မိနေတာကလွှဲလို့ မြို့ပေါ်မှာ အခြေအနေအေးဆေးပြောလို့ရတယ်။ ဒါပေမယ့်နယ်ဘက်တွေကဆက်သွယ်ရခက်ခဲလို့ သတင်းအတိအကျမသိနိုင်ဘူး။ “မြို့ခံကလူတွေကကတော့အဆင်ပြေတာထက် အခက်အခဲတွေအ ပေါ်နေသားကျသွားတယ်” လို့ပြော၇မှာပေါ့နော်။

မေး-မြို့ပေါ်ကနေရောတခြားနေရာတွေကိုသွားလို့၇လား။
ဖြေ- မရပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်လို့ရတဲ့ လူက အပြင်ထွက်ကြတယ်။ ဟိုတလောက၊ဒီလ ပထမ အပတ်လောက်က သင်္ဘောနဲ့ ပြည်မဖက်ကို သွားခွင့်ရတယ်ဆိုပြီးစီမံဆီမှာစာတင်ကြတာ။ လူ အယောက် (၇၀၀)ကျော်ဖြစ်သွားလို့ သင်္ဘောလည်းမထွက်တော့ဘူး။ထွက်ခွင့်မပေးတော့ မြို့ကနေ ဘယ်ကိုမှ သွားလို့မရပါဘူး။ တောင့်ခံနေကြ၇ပါတယ်။

မေး- လက်ရှိအစ်မတို့အနေနဲ့ စားဝတ်နေရေးဘယ်လိုဖြတ်သန်းနေကြရပါလဲ။ကျန်းမာရေးနဲ့ ပက်သက်ရင်ကောဘယ်လိုရင်ဆိုင်နေကြ၇ပါလဲ။
ဖြေ-ဆေးရုံမှာဒေါက်တာဟေမာန်ဦး ဆရာဝန်အမျိုးသမီးနဲ့ သူနာပြုဆရာမတစ်ယောက်။ နှစ်ယောက်ပဲ ရှိပါတယ်။ ကျန်တဲ့အရိုးခွဲစိပ်၊ OG အကုန်လုံးက ပြည်မဖက်ကိုသွားတာကြာပြီ။ဒီဆရာဝန်မကြီး တစ်ယောက်ရှိနေလို့ တော်သေးတယ်လို့ပြောရမှာပါ။ ကလေးမွေးလည်းသူ၊ ခွဲစိပ်လည်းသူ။ကိုယ်ဝန်ဆောင်တွေ၊ကလေးတွေကလည်း အစားအသောက်ကောင်းကောင်း မစားရဘူး။ အသီးအနှံ ဆိုရင် မမြင်ဖူးဘူး။ အဟာရတွေလည်းချို့တဲ့နေကြပါပြီ။သက်ကြီးရွယ်အို နာမကျန်းဖြစ်ရင်တောင်ဖြစ်သလိုကုသနေကြရတယ်။ပြည်မဖက်ကိုသွားလို့မှမ၇တော့တာ။

မေး- လက်ရှိမြို့ပေါ်မှာနေရတာစိတ်လုံခြုံမှုရှိပါရဲ့လား။
ဖြေ- စိတ်ကလုံခြုံလားဆိုတော့သတိဝိရိယနဲ့နေရတယ်။ နယ်ဖက်တွေမှာဗုံးကြဲတယ်။ မိသားစု ဆွေမျိုးတွေရှိတယ်။ စိတ်ပူရတယ်။ မြို့ပေါ်မှာလည်း ဘယ်နေ့ဖြစ်မှန်းမှန်းဆလို့မရဘူး။ထွက်ပြေး စရာနေရာလည်းမရှိဘူး။နောက်တစ်ခုက ဖုန်းလိုင်းအင်တာနက် အဆက်အသွယ်မရတာ ပိုဆိုးတယ်။တခုခုဆိုဘာတွေဖြစ်နေမှန်းမသိ၇ဘူး။

မေး- မြို့ပေါ်မှာဘာတွေထူးခြားတာတွေ ရှိပါသေးလဲ။
ဖြေ-အရင်လတွေကလောက် အစစ်အဆေးသိပ်မရှိဘူး။ ဒါပေမယ့် လျှပ်စစ်မီတာခ လာမကောက်တာ ၂လရှိနေပြီ။ မီတာခတိုးမြှင့်ကောက်မယ်ဆိုကတည်းက လာမကောက်တော့ဘူး။ ပြီးတော့လျှပ်စစ်မီး ဖြတ်တောက်တော့မယ်လို့လဲကြားနေတယ်။ ဒီလျှပ်စစ်မီးကလည်း ကျမတို့ အတွက် အရေးပါလို့ဖြတ်တောက်ခံ၇မှာလည်းကြောက်တယ်။ 

မေး-စားသောက်နေထိုင်ရေးရောအဆင်ပြေကြပါလား။
ဖြေ-အခြေခံလူတန်းစားတွေက ဘယ်လိုအဆင်ပြေပါ့မလဲ။တောထဲကနေဖြတ်ပြီး ကုန်ပစ္စည်း အထုပ်သယ်တဲ့ သူက သူကသယ်။ ကြုံရာကျဗန်းလုပ်တဲ့သူက လုပ်စားနေကြရတယ်။ ကုန်ပစ္စည်းက မရှားပေမယ့် ကုန်ဈေးနူန်းဈေးတွေကမကျတော့လက်လုပ်လက်စားတွေအတွက်အရမ်းခက်ခဲကြပါတယ်။ အခက်အခဲကတော့ ဘက်ပေါင်းစုံရှိပါတယ်။
(ပြီး) 


#တောင်ကုတ်#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.