Preview

၇ခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ မန္တလေးက နောက်ထပ်ကျောင်းသား ၃ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂၆/ ၂၀၂၀ | ကြည့်ရှုသူ :4451
ပြည်တွင်း သတင်း

နိရဥ္စရာ၊ စက်တင်ဘာ ၂၆/၂၀၂၀

ရခိုင်စစ်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ မန္တလေးမြို့က နောက်ထပ် ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မနေ့ မနက် (စက်တင်ဘာ ၂၅ ရက်) နံနက် ၁၀ နာရီဝန်းကျင်က မန္တလေးမြို့မှာ ဗကသ အဖွဲ့ဝင် ကျောင်းသား သုံးဦးကနေ စစ်တပ်ဆန့်ကျင်ရေးနဲ့ ရခိုင်စစ်ပွဲ အဆုံးသတ်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြပြီးနောက် ကျောင်းသား ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်တို့ကို  ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

သူတို့ကို  စက်တင်ဘာလ ၁၀ ရက်နေ့က ဆန္ဒပြမှုအတွက် ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ ဖမ်း၀ရမ်းထုတ်ထားသလို  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) တို့ဖြင့် အမှုဖွင့်ထားတဲ့အတွက် ဖမ်းဆီးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် တစ်ဦးဖြစ်သူ ကိုရဲရင့်အောင်ကိုတော့ ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင် တို့ကို ဖမ်းဆီးပြီးနောက် နေ့လယ် ၁၂နာရီ ဝန်းကျင်ခန့်မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကိုရဲရင့်အောင်ကို ငြိမ်းစုစီ ပုဒ်မ (၁၉)ဖြင့်သာ ဖမ်းဆီးခံ၇ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ခုလို ဖမ်းဆီးခံရတာကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက မီဒီယာတွေကို အတည်ပြုပြောဆိုထားပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ ကလည်း  ကျောင်းသား ကိုမျိုးချစ်ဇော်(ခ) ကိုဘချစ်ကို ဖမ်းဆီးပြီး နေ့ချင်းပြီး တရားရုံးက ပုဒ်မ ၁၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပါသေးတယ်။

(Source: Yangon Khit Thit Media)

#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.