Preview

ပခုက္ကူတက္ကသိုလ်ရှိ ဗကသဗဟိုဌာနချုပ် ဝင်စီးနင်းခံရပြီး ကျောင်းသား ရ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂၈/ ၂၀၂၀ | ကြည့်ရှုသူ :2616
ပြည်တွင်း သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၂၈/၂၀၂၀

မနေ့က  မွန်းလွဲ ၃ နာရီကျော်မှာ ရဲတပ်ဖွဲ့က ပခုက္ကူတက္ကသိုလ်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ အဖွဲ့ချုပ် (ဗကသ) ဗဟိုဌာနချုပ်ကို ဝင်စီးနင်းပြီး ကျောင်းသား ရ ဦးဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့  ကိုညီညီမင်းထက်ဝေ၊ ကိုအောင်ခိုင်မင်း၊ ကိုဟိန်းထက်အောင်၊ ကိုရှိုင်းဝဏ္ဏအောင်၊ ကိုလှထွန်းအောင်၊ ကိုသုတညီညီနဲက ကိုသက်မောင်မောင်တို့ ဖြစ်ကြပြီး သူတို့ဟာ ဗကသ အဖွဲ့ချုပ်က တာဝန်ရှိသူတွေ ဖြစ်ကြပါတယ်။

အဲဒီအထဲက ၆ ဦးကိုတော့ပခုက္ကူတက္ကသိုလ်ထဲက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ကျန်တစ်ဦးဖြစ်တဲ့ ကိုသက်မောင်မောင် ကိုတော့ မြို့ထဲ မုန့်စားနေစဉ် ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က  မန္တလေးမှာ ပေါ်ပေါက်ခဲတဲ့ စစ်တပ်ဆန့်ကျင်ရေးနှင့် ရခိုင်စစ်ပွဲ အဆုံးသတ်ရေး ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး သူတို့ကို ဖမ်းဆီးတာဖြစ်တယ်လို့ သိ၇ပါတယ်။

သူတို့ကို ဖမ်းဆီးပြီး ကား ၄ စီးဖြင့် မန္တလေးသို့ ခေါ်ဆောင်သွားသည်ဟု သိရှိရတယ်လို့ ဗကသ ဒုဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက မီဒီယာတွေကို ပြောဆိုပါတယ်။  ဖမ်းသွားတဲ့ ၇ ဦးကို  ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အရေးယူမယ်လို့ သိ၇သလို နောက်ပြီး ပုဒ်မ ၅၀၅ (က) (ခ) လည်းပါတယ်လို့ ကြားသိ၇တယ်လို့ သူကပြောဆိုပါတယ်။  

နောက်ထပ် ကျောင်းသား ၃၀ ကျော်လောက် တိမ်းရှောင်နေရတယ်လို့လည်း သိ၇ပါတယ်။

( Source: Yangon Khit Thit Media)

#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.