Preview

မွန်လက်နက်ကိုင်နယ်မြေအတွင်း မဲဆွယ်ရေး မွန်ပါတီမှလွဲ၍ မည်သည့်ပါတီမှ အဝင်မခံဟုဆို

စက်တင်ဘာ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :8105
ပြည်တွင်း သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၂၉/၂၀၂၀

မွန်လက်နက်ကိုင်နယ်မြေအတွင်း မဲဆွယ်ရေး မွန်ပါတီမှလွဲ၍ မည်သည့်ပါတီမှ အဝင်မခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ပြည်နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးသန်းနိုင်က ပြောတယ်လို့ ကရင်သတင်းစဉ် ( KIC) မှာ သတင်းဖော်ပြပါတယ်။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်၊ ကယားနှင့် ကရင်ပြည်နယ် အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌတွေ  ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်နေ့၊ နံနက်ပိုင်းက အွန်းလိုင်းမှတဆင့် ပြုလုပ်ခဲ့ရာမှာ ကရင်ပြည်နယ် အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်က အထက်ပါအတိုင်း ပြောခဲ့တယ်လို့ KIC မှာဖော်ပြပါတယ်။

“ကြာအင်းဆိပ်ကြီးလိုနေရာမျိုးမှာဆိုရင် ဘယ်လိုဖြစ်လဲ ဆိုတော့ မွန်ပြည်သစ်ဆိုရင် ကျနော်တို့ ပါတီ တွေကို အဝင်မခံပါဘူး။ ကျနော်တို့ ပါတီတင်မဟုတ်ပါဘူး။ ဘယ်ပါတီမဆိုပေါ့နော်၊ မွန်နဲ့ပတ်သက်တဲ့ ပါတီတွေ လောက်ပဲ” လို့ ဦးသန်းနိုင်က ပြောဆိုတယ်လို့ ဆိုပါတယ်။

အခုလို အဝင်မခံတာက  ကိုဗစ်ဗိုင်းရပ်စ်ကြောင့် မဲဆွယ်စည်းရုံးရေးကို အဝင်မခံဖြစ်တယ်လို့ ပြောဆိုတယ်လို့ဆိုပါတယ်။ ဒီလိုတားမြစ်တာဟာ အကြောင်းပြချက်သက်သက်သာဖြစ်တယ်လို့လည်း သူက ဆက်လက်ပြောဆိုတယ်လို့ ဆိုပါတယ်။

(Source and Photo- KIC)

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.