နိရဥ္စရာ၊ အောက်တိုဘာ ၁/၂၀၂၀
၇ခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော တက်ကြွလှုပ်ရှားသူများအနက် အရေးယူခံ၇သူ စုစုပေါင်း ၅၂ ဦးရှိကြောင်း အသံအဖွဲ့၏ ထုတ်ပြန်ချက်အရ သိ၇သည်။
စုစုပေါင်း အရေးယူခံ၇သည့် ၅၂ ဦးအနက် ၁၂ဦးမှာ ပြစ်ဒဏ်ချမှတ်ခံခဲ့၇ပြီး ၂၉ ဦးမှာ တရားရင်ဆိုင်နေ၇ဆဲ ဖြစ်ကြောင်း၊ ၉ ဦးမှာ ၀ရမ်းပြေးအဖြစ် ကြေညာခံထား၇ပြီး ၂ ဦးမှာ ခံဝန်လက်မှတ် ရေးထိုးထား၇ကြောင်း ဖော်ပြသည်။
အရေးယူခံ၇မှာမှုမှာ ၁၇ ကြိမ်ထိ ရှိခဲ့သည်ဟု အသံအဖွဲ့က ပြောကြားသည်။
၎င်းပြင် စက်တင်ဘာ တစ်လတည်းတွင်ပင် ကျောင်းသားတက်ကြွလှုပ်ရှားသူ ၃၉ ဦး အရေးယူခံခဲ့ရသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် တရားစွဲဆိုခံထားရသည့် ကျောင်းသားတက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေခြင်း၊ နေအိမ်နှင့် သမဂ္ဂရုံးခန်းများအား စီးနင်းရှာဖွေခြင်း၊ ရဲအာမခံ ပေးခွင့်ရှိသည့် ဥပဒေများနှင့် တရားစွဲဆိုရာတွင်လည်း အာမခံမပေးဘဲ ထောင်အချုပ်ဖြင့် တရား ရင်ဆိုင်စေခြင်း တို့ လုပ်ဆောင်နေလျက်ရှိသည်ဟု ဖော်ပြထားသည်။
ဓာတ်ပုံ - MPA