English Edition
သောကြာနေ့၊ ဇူလိုင်လ ၀၄ရက်၊ ၂၀၂၅
လှူရန်
Preview
၇ခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားနှစ်ဦးထောင်၂နှစ်ချမှတ်ခံရ၊ ကျောင်းသားတွေဖမ်းဆီးခံရပေမယ့် လှုပ်ရှားမှုဆက်လုပ်မယ်လို့ ဗကသပြောဆို
အောက်တိုဘာ ၀၄/ ၂၀၂၀ | ကြည့်ရှုသူ :6913
ပြည်တွင်း သတင်း
နိရဥ္စရာ၊ အောက်တိုဘာ ၄/၂၀၂၀
၇ခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားနှစ်ဦးထောင် ၂ နှစ်ချမှတ်ခံရတဲ့ အပြင် ကျောင်းသား တွေကို ဆက်တိုက်ဖမ်းဆီးခံရတာရှိပေမယ့် ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး ဆက်လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်မယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ကြေညာလိုက်တယ်လို့ သိ၇ပါတယ်။
ထောင် ၂ နှစ်ချမှတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကတော့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင် အဖွဲ့မှ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်နဲ့ သက်မွေးပညာရပ်ဆိုင်ရာ အတွင်းရေးမှူး ကိုစိုးလှနိုင်တို့ ဖြစ်ကြပါတယ်။
သူတို့ကို စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (က) ၊ (ခ) တို့ဖြင့် အောက်တိုဘာ ၂ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့ ဗကသ ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက မီဒီယာတွေကို ပြောဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိနေတဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ ဗကသ ကျောင်းသား အများအပြား ဖမ်းဆီးခံထားရပေမယ့် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မကြာမှီကာလအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူ ပြောဆိုပါတယ်။
“ ကျွန်တော်တို့အနေနဲ့ ဒါကိုတော့ ကြိုပြီးတွက်ထားတယ်။ အဖမ်းခံ၇မယ်။ ၀ရမ်းထုတ်ခံရမယ်။ ပြေးရမယ်လွှားရမယ်ဆိုတာ ကြိုပြီးသိတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုတွေကို တစ်နည်းမဟုတ်တစ်နည်း ဆက်လုပ်သွားမှာပါ” လို့ ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုပါတယ်။
အခု ထောင်ချခံ၇တဲ့ ကျောင်းသား ၂ ဦးအပါအဝင် ကျန်တဲ့ရဲဘော် ၁၃ ဦးကို ချမ်းအေးသာဇံ မြို့နယ်တရားရုံးမှာ ပုဒ်မ ၁၉ နဲ့ သဘာ၀ဘေးအန္တရာယ်ဥပဒေ ပုဒ်မ ၂၅ နဲ့လည်း စွဲထားတယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးထောင်ချမှုတွေ ရှိနေပေမယ့် မနေ့က အောက်တိုဘာ ၃ ရက်နေ့မှာ မန္တလေးတိုင်း လွှတ်တော်ဆိုင်းဘုတ်အပါအဝင် မန္တလေးကျုံးအနီး စစ်ပွဲဆန့်ကျင်ရေးဆန့်ကျင်ရေး စတစ်ကာများ ကပ်ပြီး ဗကသ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
(Source: Khit Thit Media)
#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.