Preview

အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တာဝန်က နုတ်ထွက်

ဒီဇင်ဘာ ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :3623
ပြည်တွင်း သတင်း

နိရဥ္စရာ၊ ဒီဇင်ဘာ၂/၂၀၂၀(ပြည်တွင်း)

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ရာထူးက နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရှိ၇သည်။

နိုဝင်ဘာ ၁၆ ရက်နေ့က မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ကို သူကိုယ်တိုင် နိုင်ငံတော် သမ္မတကို သွားရောက်တင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။

ဦးအောင်ကြည် နုတ်ထွက်ခြင်းမှာ နိုင်ငံရေး၊ လူမှုရေး အခြားကိစ္စများမပါဝင်ဘဲ ကျန်းမာရေး ကောင်းမွန် နေချိန်တွင် တရားဘာ၀နာ အားထုတ်လို၍ ဖြစ်ကြောင့် ၎င်းက ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၈ အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သက်တမ်းမှာ နိုင်ငံတော်သမ္မတ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း၊ ယခု အဂတိကော်မရှင် ဥက္ကဋ္ဌ နုတ်ထွက်ခြင်းမှာ နောက်အစိုးရ မတက်မီ လပိုင်းအလိုတွင် နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးအောင်ကြည်သည် သမ္မတ ဦးသိန်းစိန် လက်ထက်တွင်  ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး သက်တမ်းမကုန်ဆုံးမီ တာဝန်မှ အနားယူခဲ့သူဖြစ်ကြောင်း သိရှိ၇သည်။


#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.