မလေးရှားမှ မြန်မာနိုင်ငံသား ၁၆၆ ဦး ပို့ဆောင်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၁
ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၆၆ ဦးကို ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကွာလာလမ်ပူမြို့ ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။
ပြန်လည်ပို့ဆောင်သူ ၁၆၆ ဦးအထဲတွင် မလေးရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာ နိုင်ငံသား (၁၀၆)ဦး၊ ထိန်းသိမ်းရေးစခန်း၌ ကာလရှည်ကြာစွာ စောင့်ဆိုင်းနေသည့် မြန်မာ နိုင်ငံသား(၆၀)ဦးတို့ ဖြစ်ကြကြောင်း ဖော်ပြသည်။
ယခု ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပို့ဆောင်မှုသည် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများကို (၅၄)ကြိမ်မြောက် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားရှိ မြန်မာသံရုံးအနေဖြင့် ကောင်စစ်ဆိုင်ရာလုပ်ငန်းများကို ၁၈-၂-၂၀၂၁ ရက်မှစတင်၍ online appointment link- www.meklonlineappointment.com ကြိုတင်ရယူခြင်ဖြင့် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း သိရှိရသည်။