Preview

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုဟု သတင်းဖော်ပြ

မတ် ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :646
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ် ၆/ ၂၀၂၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်းသူရဦးအောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်းယနေ့ထုတ် အစိုး၇ပိုင်သတင်းစာများတွင် ဖော်ပြသည်။


သူရဦးအောင်ကိုသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ်ရှစ်မျိုးကိုနှစ်စဉ်ချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်တွင် သက်ဆိုင်ရာလူပုဂ္ဂိုလ်များထံမှ ငွေကျပ်သိန်း ၁၀၀နှင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်တွင် ငွေကျပ်သိန်း၃၀၀ တန် Blank Cheque တစ်စောင်ကိုလက်ခံ၇ယူ၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက်တွင် ငွေသား ထုတ်ယူခဲ့ခြင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၁၈ ရက်တွင် လုပ်ငန်းရှင်တစ်ဦးမှ လုပ်ငန်းများရေရှည်အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ငွေကျပ်၁၀၀၅ သိန်းတန်ဖိုးရှိ Ford EverestTitanium မော်တော်ယာဉ်တစ်စီးကို လက်ခံ၇ယူခဲ့ခြင်းတို့ကို စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။


ထိုသို့ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်သူရဦးအောင်ကိုအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့မရဲစခန်းနှင့်မင်္ဂလာဒုံမြို့မရဲစခန်းတို့တွင် ယနေ့ရက်စွဲဖြင့် ပထမ သတင်း ပေးတိုင်ကြားချက် ဖွင့်လှစ်၍တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှသတင်းရရှိကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

#ပြည်တွင်းသတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.