Preview

မြန်မာနိုင်ငံသား ၁၄၉ ဦးကို မလေးရှားမှပြန်လည်ပို့ဆောင်

မေ ၀၃/ ၂၀၂၁ | ကြည့်ရှုသူ :8524
ပြည်တွင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၃ / ၂၀၂၁

မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသား ၁၄၉ ဦးအား ယနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ခရီးစဉ်သည် မလေးရှားနိုင်ငံ မြန်မာသံရုံး၏ (၈၃) ကြိမ်မြောက်ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ဖြစ်ကြောင်းနှင့် ယနေ့လိုက်ပါလာသူများထဲတွင်  ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ ကျန်းမာရေးမကောင်းသူများလည်းပါဝင်ကြောင်း သိ၇သည်။

ယနေ့ကယ်ဆယ်ရေးလေယာဉ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ ကျန်းမာရေး မကောင်းသူများနှင့် အကြောင်းကြောင်းကြောင့်အထောက်အထားမဲ့ဖြစ်သွားသည့် မြန်မာနိုင်ငံသား များအပါအဝင် စုစုပေါင်း(၁၄၉)ဦး လိုက်ပါခဲ့ကြပါသည်ဟု MyanmarEmbassy in Kuala Lumpur, Malaysia page တွင်  ဖော်ပြထားသည်။

 မလေးရှားနိုင်ငံသို့ Social Visa ဖြင့် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများအနေဖြင့် နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်ခဲ့ပါက မလေးရှားလူဝင်မှု ကြီးကြပ် ရေးဦးစီးဌာန၌သံရုံး ထောက်ခံစာ၊ လေယာဉ်လက်မှတ်များနှင့်အတူ Online Appointment ၇ယူ၍ Check out Memo နှင့်Special Pass များလျှောက်ထားရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလေယာဉ်များဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း သတ်မှတ်ထားသည့် လေယာဉ်လက်မှတ်ဈေးနှုန်း မလေးရှား ရင်းဂစ်- ၇၅၀ ထက် ပိုမိုပေးဆောင်မှုများမဖြစ်ပေါ်စေရေးအတွက် MAI လေယာဉ်လက်မှတ်အရောင်းဌာနနှင့် မြန်မာသံရုံးတို့၌ ခရီးစဉ်များအလိုက် တိုက်ရိုက်ဝယ်ယူကြရန် သံရုံးက မေတ္တာရပ်ခံထားကြောင်း သိ၇သည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းလိုပါကဖုန်း - 60- 1172202791WhatsApp –0172341502နှင့် Email - [email protected] ဆက်သွယ်မေးမြန်းနိုင်သည်ဟုဆိုသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.