မံစီရဲစခန်း ကေအိုင်အေ ဝင်ပစ်လို့ မြို့နယ် ရဲမှူးသေ


နိရဉ္စရာ၊ မေ ၄/၂၀၂၁

မန်နေ့ည ၈နာရီ ကျော်က ဗန်းမော်ခရိုင် မံစီမြို့နယ် ရဲစခန်းအား ကေအိုင်အေမှ ဝင်ရောက်ပစ်ခတ်ရာလက်နက်ကြီးထိပြီး မြို့နယ်ရဲမှူး   ဟိန်းထက်သေဆုံးသွားကြောင်း Kachinwaves  က သတင်းဖော်ပြသည်။ 

" လက်နက်ကြီးနဲ့ အိမ်ကို ထုခံရပြီး သေသွား တာတဲ့။ သူ့ကို ပဲ ဦးတည်ပြီး လာပစ် သွား တာ" ဟု ဒေသခံတစ်ဦးက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

စခန်းမှူးမင်းမင်းလည်း ဒဏ်ရာရရှိကြောင်း ဒေသခံများကပြောသည်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်ကြီးသံများ တစ်ချက်တစ်ချက် ကြားနေရသေးကြောင်းလည်း ဒေသခံများက ပြောသည်ဟု ဆိုသည်။


(ဓာတ်ပုံ- သေဆုံးသွားသည့် မြို့နယ်ရဲမှူးဟိန်းထက်)

Share: