နိရဉ္စရာ၊ မေ ၄/၂၀၂၁
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ဇီးအုပ်ကျေးရွာအုပ်စုအနီး၊ ကမ္ဘီလာရွာမှာ မေ ၃ရက်ညနေ ၅ နာရီခန့်က ပါဆယ်ဗူးဖေါက်ရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်မြို့နယ် NLD ပါတီမှ တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီးသတင်းမီဒီယာအများအပြားတွင် သတင်းဖော်ပြသည်။
ကမ္ဘီလာကျေးရွာတွင် ခေတ္တပုန်းရှောင်နေထိုင်သည့်ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အပါအဝင်CDM ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင်၂ ဦးနှင့် ခြံပိုင်ရှင် ၁ ဦးတို့မှာ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ CDM ပြုလုပ်နေသည့် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၂ဦးမှာ အပြင်အထန် ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်ခရိုင် ပြည်သူ့ဆေးရုံအရောက်တွင် တစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။
ယခုအခါဆေးရုံတွင်ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာလက်နှစ်ဖက်ပြတ်ထားပြီး စိုးရိမ်၇အခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်းခိုင်မာသည့် သတင်းရင်းမြစ်များထံမှသိ၇သည်။
အဆိုပါသေဆုံးသူ လွှတ်တော်ကိုယ်စားလှယ်ဦးသက်ဝင်းလှိုင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ခြံပိုင်ရှင်အမျိုးသားတို့၏ ရုပ်အလောင်းများကို ပြည်ခရိုင် ကုတင် ၅၀၀ ဆေးရုံကြီး၏ရင်ခွဲရုံတွင် ထားရှိကြောင်း သတင်းများတွင် ဖော်ပြသည်။