နိရဉ္စရာ၊မေ၄/ ၂၀၂၁
ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာအနီးတွင်မေ ၃ ရက် မနက်ပိုင်းကစစ်၇ဟတ်ယာဉ်တစ်စီးကိုကချင် လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချလိုက်သဖြင့်ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က တိုက်ခိုက်ရေး၇ဟတ်ယာဉ် ကိုKIA မှပစ်ချခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
၎င်းနောက်ပိုင်း လက်နက်ကြီးကျည် ဘုန်းတော်ကြီးကျောင်းကို ထိမှန်၍ ကုန်လောကျေးရွာ မှ ဘုန်းကြီးတပါးပျံလွန်ခဲ့ပြီး၊ရပ်လူကြီး ၂ ဦးနှင့် ကလေးငယ်လည်း သေဆုံးခဲ့ကြောင်းမိုးမောက်မြို့ဒေသခံမျာကို ကိုးကားပြီးသတင်းဖော်ပြသည်။
မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်နှင့် ၇ဟတ်ယာဉ် နှစ်စီးဖြင့် လာပစ်ခဲ့ကြောင်း၊ မြန်မာစစ်တပ် တိုက်ခိုက်ရေး၇ဟတ်ယာဉ်ကို (KIA)မှ လက်နက်ကြီးဖြင့်ပစ်ချလိုက်ခြင်းမှာ မှန်ကန်ကြောင်း၊ KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောဆိုသည်။