နိရဉ္စရာ၊ မေ ၃၁/၂၀၂၁
ရန်ကုန်မြို့မှ မြို့နယ် (၆) ခုကိုအမေရိကန်သံရုံးက အန္တရာယ်အရှိဆုံးနေရာများအဖြစ် သတ်မှတ်ကြောင်းသတင်းထုတ်ပြန်သည်။
၎င်းမြို့နယ် (၆) ခုမှာ လှိုင်သာယာ၊မြောက်ဒဂုံ၊ တောင်ဒဂုံ၊ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့ ဖြစ်သည်။
၎င်းမြို့နယ်များကိုအမေရိကန် သံရုံးက သံရုံးဝန်ထမ်းများနှင့် အမေရိကန် နိုင်ငံသားများ အနေဖြင့် သံရုံးခွင့်ပြုချက်မ၇ပဲမသွားကြရန်လည်း အမေရိကန် သံရုံးက တိုက်တွန်းထားသည်။
စမ်းချောင်း၊ အလုံနှင့် လမ်းမတော်မြို့နယ်များကို အလယ်အလတ် အန္တရာယ် ရှိသည့် နေရာများအဖြစ် သတ်မှတ်ခဲ့ပြီးကမ္ဘာအေးဘုရားလမ်းနှင့် တောင်ဘက်ကိုသွားသည့် ဗဟိုလမ်း၊ဟယ်လ်ပင်လမ်း၊ ကန်ရိပ်သာလမ်းနှင့် နတ်မောက်လမ်း တဝိုက်ကို အန္တရာယ်အနည်းဆုံးနေရာများအဖြစ် သံရုံးက သတ်မှတ်ခဲ့သည်။
၎င်းအပြင်ရန်ကုန်မြို့တွင်း သွားလာရာတွင် နိုင်ငံခြားသားများ၏ ဖုန်းနှင့် ကွန်ပျူတာများကိုလည်းအစိုး၇မထောက်ခံသည့် သက်သေအထောက်အထား ရှိမရှိ အစစ်အဆေးရှိ နေသည့်အတွက် ယူသွားသည့် ဖုန်းနှင့် ကွန်ပျူတာတွင် ပါဝင်သောအချက်အလက်များကို ကြိုတင် သတိထားရန် လည်းအမေရိကန်သံရုံးက အကြံပြုထားသည်။
အမေရိကန်အစိုး၇က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီးလုံခြုံရေး အဆင့်အမြင့်ဆုံး အဆင့်လေး သတ်မှတ်ထားပြီး အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို မဝင်ဖို့နှင့် ရောက်ရှိနေပါကလည်း လုံခြုံရေး အခြေအနေအရ ပြန်ထွက်လာကြရန်လည်း သတိပေးထားသည်ဟုသိ၇သည်။