Preview

DKBA စစ်ဦးစီးချုပ်စောမိုရှေးကိုဗစ်ဖြင့်ကွယ်လွန်

ဇူလိုင် ၂၉/ ၂၀၂၁ | ကြည့်ရှုသူ :1751
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၁/၂၀၂၁
ကိုဗစ်ရောဂါဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးသည် ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။
မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသနေစဥ် ယနေ့ ညနေ ၄ နာရီ ၄၀ ခန့်တွင် သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကားပြီး မီဒီယာများတွင် သတင်းဖော်ပြသည်။
စောမိုရှေးသည် ဇူလိုင်လ အစောပိုင်းကတည်းက မင်္ဂလာဒုံစစ်ဆေးရုံတွင် ကိုဗစ်ရောဂါကို တက်ရောက်ကုသနေခဲ့ပြီး ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်ဟု သိ၇သည်။
ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ်စောလားပွယ် ကွယ်လွန်ပြီး ၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စောမိုရှေးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင် ကရင်အမျိုးအသားအစည်းအရုံး-KNU မှ ခွဲထွက်ခဲ့သည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.