Preview

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကတရားလိုစွပ်စွဲထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်၏အဂတိမှုတွင်သက်သေထွက်ဆို

အောက်တိုဘာ ၀၂/ ၂၀၂၁ | ကြည့်ရှုသူ :7163
ပြည်တွင်း သတင်း

နိရဉ္စရာ၊ အောက်တိုဘာ၂ /၂၀၂၁


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိအမှုကို မနေ့ကနေပြည်တော် အထူးတရားရုံးမှာစတင် စစ်ဆေးခဲ့ရာမှာ ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တရားလိုက စွပ်စွဲထားတဲ့ အတိုင်း သက်သေထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပေးခဲ့၇တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးရဲထက်က အဂတိပုဒ်မ - ၅၅ နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မနေ့က အမှုကို စစ်ဆေးရာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တရားလိုပြ သက်သေအဖြစ်နဲ့  တရားစွဲဆိုထားတဲ့အတိုင်း ရွှေခုနစ်ပိဿာနဲ့အမေရိကန်ဒေါ်လာ ခြောက်သိန်းကိုဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့၇တယ်လို့ ထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။

 

ဒီအဂတိအမှုကို လာမယ့် အောက်တိုဘာလ၈ ရက်နေ့ မှာ ပြန်လည် ရုံးချိန်း ရှိတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို  အမှုစုစုပေါင်း ၁၁ မှုနဲ့  တရားစွဲထားပြီး အဲဒီအမှုတွေအထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ခံရနိုင်တဲ့ အစိုး၇ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅) တို့ ပါဝင်တယ်လို့  သိရှိ၇ပါတယ်။


(ဓာတ်ပုံ- ဧရာ၀တီ)

#NLD/နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.