English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်ကိုပို့ဆောင်မယ့် မောင်းပြန်ရိုင်ဖယ် လက်နက်၂၀၀ကျော်ဖမ်းမိဟုဆို
အောက်တိုဘာ ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :3707
ပြည်တွင်း သတင်း
နိရဉ္စရာ၊ အောက်တိုဘာ ၉/ ၂၀၂၁
၇ခိုင်ကို ပို့ဆောင်မဲ့ လက်နက် ၂၀၀ ကျော်ကို ဆီဘောက်ဆာ ကားတစ်စီးပေါ်က ဖမ်းမိတယ်လို့ နစက ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းမိတဲ့ လက်နက်တွေ အထဲမှာ ကေအိုင်အေထုတ် အမှတ် (၈၁)အမျိုးအစား 7.62 MM ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ် ၂၀၀ လက်၊ ကေအိုင်အေထုတ် အမှတ် (၈၁) အမျိုးအစား (7.62) အပေါ့စား စက်သေနတ် ၂၀ လက်၊ ၎င်းကျည်အိမ် ၅၄ ခု၊ ကျည် ၃၂၆၄၀ တောင့်၊ 100 MM HE တာဝေးခွင်းဗုံး ၈၉ လုံး၊ အစပျိုး စနက်အုံ ၈၉ ခုနှင့် ဆက်စပ်စ္စည်းတွေကို သိမ်းဆည်း၇မိတယ်လို့ သတင်းမှာ ထုတ်ပြန်ပါတယ်။
၎င်းလက်နက်တွေကို ဆီဘောက်ဆာယာဉ်ရဲ့ ဆီအကန့် ၅ ကန့်ရှိတဲ့ အနက် နောက်ဆုံးအကန့်မှာ အံဝှက်ပြုလုပ်ပြီး ယူဆောင်လာရာမှာ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်အနီး မြို့ပတ်ကမ်းနားလမ်းမှာ အောက်တိုဘာ ၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က သတင်းအ၇ ဖမ်းမိတယ်လို့ဆိုပါတယ်။
အဲဒီကားကို ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်နေ နေလင်းထွန်း ၄၂ နှစ်(ဘ)ဦးထွန်းနိုင်၊ မောင်းနှင်လာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.