Preview

ဖမ်းဆီးခံထား၇သည့် သတင်းမီဒီယာသမား (၁၅) ဦးလွတ်မြောက်

အောက်တိုဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :1578
ပြည်တွင်း သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊အောက်တိုဘာ ၁/၂၀၂၁

နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးခံထား၇သည့်သတင်းမီဒီယာသမား ၁ အောက်တိုဘာ ၁၈ ရက်နှင့်၁၉ ရက်နေ့များအတွင်း အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာကြောင်း သိ၇သည်။

လွတ်မြောက်လာသူများမှာ ၁။ ကိုမင်းညို၊ DVB (ပြည်မြို့)  ၂။ ကိုအောင်ကျော်၊ DVB (မြိတ်မြို့)

၃။ ကိုဇော်ဇော်၊ အလွတ်တန်းသတင်းထောက် Mizzima (မြိတ်မြို့) ၄။ ကိုသက်နိုင်ဝင်း၊CJ DVB (မင်းလှ) ၅။ မသင်းသင်းအောင်၊ တည်ထောင်သူ ၊ Mizzima (ရန်ကုန်၊ အင်းစိန်) ၆။ မမျိုးမြတ်မြတ်ပန်၊မြစ်ကြီးနားဂျာနယ်( မြစ်ကြီးနား) ၇။ အဂျဲ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား) ၈။ ခရစ္စတိုဖာ၊မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား) ၉။ မချန်ဘူ၊ 74 Media(မြစ်ကြီးနား)  ၁၀။ ကိုလရော်၊ Kachin Wave(မြစ်ကြီးနား) ၁၁။ ထက်မြက်သူ၊The Voice ofTanbuzayat (မွန်ပြည်နယ်) ၁၂။ မတူးတူးသာ၊ The Thanlyin Post (ရန်ကုန်၊ အင်းစိန်)    ၁၃။ ကိုနိုင်လင်းထွန်း၊Dakhina Insight Media ၁၄။ ကိုအောင်ကျော်ဦး၊ Tomorrow ၁၅။ ဂျိမ်းပူထောင်းMizzima တို့ဖြစ်ကြသည်။

ပုဒ်မ ၅၀၅(ခ)ဖြင့်တရားစွဲခံခဲ့၇ပြီးလွတ်မြောက်လာသည့် မြိတ်မြို့နယ်မှ Mizzima သတင်းထောက်ကိုဇော်ဇော်က ထောင်ထဲမှာတော့ရိုက်နှက်စစ်ဆေးခံရတာမရှိဘူး။ သူတို့ဖမ်းဆီးတဲ့အချိန်မှာရိုက်နှက်ခံရတာရှိခဲ့ပါတယ်။ မီဒီယာသမားတစ်ယောက်အနေနဲ့ မီဒီယာကျင့်ဝတ်နဲ့အညီ ကျွန်တော်တို့ရေးသားတယ်။ သူတို့ဘက် မဟုတ်မမှန်ရေးသားတယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါဟုနိရဥ္စရာကို ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးမတည်ငြိမ်မှုများအတွင်း အကျဉ်းထောင် အချုပ်ထောင်/စခန်းအသီးသီးမှာအကျဉ်းကျခံနေကြ၇သည့် အကျဉ်းသား/ အကျဉ်းသူ (၁၃၁၆) ဦးနှင့် အကြမ်းဖက်မှုပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထား၇သူ၄၃၂၀ ဦးတို့၏အမှုများကိုနစက ကောင်စီက အောက်တိုဘာ ၁၈ ရက်နေ့တွင် အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီးနောက်ယခုကဲ့သို့ လွတ်မြောက်လာခြင်းဖြစ်သည်။

၇ခိုင်အခြေစိုက်သတင်းသမားတစ်ဦးဖြစ်သူ ကိုသန်းလှိုင်ကလွတ်လာကြတာကိုကြိုဆိုပါတယ်။ သတင်းသမားတွေကို ဖမ်းတာကိုတော့ သဘောမကျချင်ပါဘူး။ နောက်ထပ်ဖမ်းဆီးခံထား၇တဲ့ သတင်းသမားတွေကိုလည်းပြန်လွှတ်ပေးစေချင်ပါတယ်ဟုပြောသည်။

တပ်မတော်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖေဖော်ဝါရီ၁ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖမ်းဆီးခံသတင်းသမား ၅၀ ဦးခန့်ဖမ်းဆီးခံထား၇ကြောင်းMyanmar Press Freedom In- Depth ကထုတ်ပြန်ထားသည်။

 

#သတင်းမီဒီယာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.