နိရဉ္စရာ၊ အောက်တိုဘာ ၃၀/ ၂၀၂၁(မြန်မာ)
NLDထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ-၁၂၄ (က) ဖြင့် ယမန်နေ့ အောက်တိုဘာ၂၉ ရက်က ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။
နေပြည်တော် သီးသန့်တရားရုံးကနိုင်ငံတော်ကို အကြည်အညိုပျက်အောင်ပြုလုပ်မှုရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) ဖြင့် အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ်အနှစ် ၂၀ ကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ရှေ့နေများက ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ဖေဖော်ဝါရီလ ၁ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံးမေးမြန်းစဉ် ဦးဝင်းထိန်က အာဏာသိမ်းမှုနှင့် ပတ်သက်လို့ဝေဖန်ပြောဆိုခဲ့မှုကြောင့်ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့၇သည်။
ဦးဝင်းထိန်အား နေပြည်တော်ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူ က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။
၎င်းနောက် ဦးဝင်းထိန်ကိုပုဒ်မ ၁၂၄ (က)ဖြင့် တရား စွဲဆိုခဲ့ပြီး လွန်ခဲ့သည့် ဇူလိုင်လ ၁၆ရက်နေ့က ၎င်းအမှုကို လက်ခံကြောင်း အမိန့်ချပြီးနောက်၊အောက်တိုဘာလ ၂၉ရက်တွင် ယခုလို ထောင်နှစ် ၂၀ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
(Photo by DW)