Preview

မကွေးခရိုင် နတ်မောက်မြို့မဈေးမီးလောင်မှု ဆိုင်ခန်း (၂၄၀) ကျော် ဆုံးရှုံး

နိုဝင်ဘာ ၁၄/ ၂၀၂၁ | ကြည့်ရှုသူ :3523
ပြည်တွင်း သတင်း

နိရဥ္စရာ၊ နိုဝင်ဘာ ၁၄/ ၂၀၂၁

မကွေးတိုင်းဒေသကြီး၊ မကွေခရိုင်၊ နတ်မောက်မြို့တွင် ယမန်နေ့နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီလောက်က မြို့မဈေးကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်း(၂၄၂) ခန်း မီးလောင်ဆုံးရှုံးသွားသည်ဟု သတင်းရရှိသည်။

နတ်မောက်မြို့မဈေးကြီးအတွင်း ဆိုင်ခန်းပေါင်း (၇၀၀) ကျော်ရှိသည့်အနက်(၂၄၂) ခန်းမှာ မုန့်မျိုးစုံဆိုင်တစ်ခုက မီးစလောင်ရာမှ ယင်းသို့ အများအပြား ပျက်စီးဆုံးရှုံး ခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။

မီးလောင်၇သည့်အကြောင်းကို မီးသတ်တပ်ဖွဲ့က စုံးစမ်းနေကြောင်းနှင့်မီးလောင်မှုအား အချိန် (၃) နာရီနီးပါးကြာ ငြိမ်းသတ်ခဲ့ရသည်ဟု သိ၇သည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအလွန်များပြီးကာလပေါက်ဈေး သိန်းပေါင်း (၄၀၀) ကျော်ရှိကြောင်း သိ၇သည်။
#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.