ထောင်၁၁နှစ် ချခံရသည့် အမေရိကန်နိုင်ငံသားသတင်းထောက် ဒန်နီဖန်စတာကို ပြန်လွှတ်ပြီး ပြည်နှင်ဒဏ်ပေး


နိရဉ္စရာ၊ နိုဝင်ဘာ ၁၅/ ၂၀၂၁

 

ဖရွန်တီးယား (Frontier Myanmar)  သတင်းဌာန သတင်းခန်း အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရပြီးနောက် () ရက်အကြာ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်လွတ်ပေးပြီး  ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

 

ဒန်နီဖန်စတာကို  အင်စိန်အထူးတရားရုံးမှ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထောင်အတွင်း ၅ လကျော်ကြာ ထိန်သိမ်းခံရပြီးနောက် ပြည်နှင်ဒဏ်ပေးခံရခြင်း ဖြစ်သည်ဟု သိရသည်။

 

ယနေ့မှာ သူရင်ဆိုင်နေရသည့် ထောင်ဒဏ်အပါအဝင် အမှုအားလုံးကို ပြန်ရုတ်သိမ်းလိုက်ကာ

ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် လွှတ်ပေးလိုက်သည်ကို ထုတ်ပြန် ပေးသွားမည်ဟု နစကကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောဆိုထားသည်။  

 

၎င်းကို ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတရားရုံးက မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) အတွက် ထောင် () နှစ်၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇() အတွက် ထောင်ဒဏ် () နှစ်၊ လဝက အက်ဥပဒေ ပုဒ်မ ၁၃() အတွက် ထောင် () နှစ်နှင့် ငွေဒဏ် ၁ သိန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

ဒန်နီဖန်စတာသည် ပြည်နှင်ဒဏ်ပေးခံရပြီးနောက် မြန်မာနိုင်ငံသို့ ရောက်နေသည့် အမေရိကန် ပြည်ထောင်စု၏ ကုလသမဂ္ဂဆိုင်ရာ သံတမန်ဟောင်း ဘေလ်ရစ်ချက်ဆန်နှင့်အတူ   ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင်  အမေရိကန်သို့ ထွက်ခွာသွားကြောင်း သိရသည်။

 

သူ့မှာ ရင်ဆိုင်ရန် ကျန်ရှိနေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် ပုဒ်မ ၁၂၄ (က) တို့ကို ဆက်လက်ရင်ဆိုင်နေရချိန်အတွင်း  ပြည်နှင်ဒဏ်ပေးခံရခြင်းဖြစ်သည်။  

 

အသက် ၃၇ နှစ်အရွယ် ဒန်နီဖန်စတာကို စွဲဆိုထားသည့် ပုဒ်မအားလုံးသည် စစ်တပ်က  ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်း လိုင်စင်ရုပ်သိမ်းခံထားရသည့် မြန်မာနောင်းမီးဒီယာနှင့် အလုပ် လုပ်ကိုင်ခဲ့သည်ဆိုသော အချက်ကို အခြေခံကာ နစက ကောင်စီက ပုဒ်မများတပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဖရွန်တီးယားမြန်မာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

 

ဒန်နီဖန်စတာသည် မိသားစုနှင့်တွေ့ရန် အမေရိကန်ပြည်ထောင်စုကို ဖေဖော်ဝါရီ ရက်နေ့  ပြန်လည်ထွက် ခွာစဉ် ရန်ကုန်လေဆိပ်  ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

Share: