နိရဉ္စရာ၊ နိုဝင်ဘာ ၂၈/ ၂၀၂၁
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှယနေ့ အချိန်ထိ လက်နက် ၆၀၀၀ ကျော် ဖမ်းဆီးမိသည်ဟု နစက ကောင်စီ ပြောခွင့်၇သူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုသည်။
နိုဝင်ဘာ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖမ်းမိသောခေတ်မီ လက်နက်များမှာ ၁၄၁၂ လက်ဖြစ်ပြီး ကျန် လုပ်သေနတ်၊ တူမီးသေနတ်၊ ဘောပင်သေနတ်များ အရေအတွက်မှာ ၄၆၇၅ လက်ဖြစ်ကြောင်း ပြောဆိုသည်။
သိမ်းဆည်း၇မိသည့်ကျည်မျိုးစုံမှာ ၁ သောင်းခွဲဖြစ်ပြီး ထိုအထဲတွင် လက်ပစ်ဗုံးမျိုးစုံ၂၄၅၉ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၃၀၀၀ ကျော်ပါဝင်ပြီး ပြင်းအားမြင့်ဖောက်ခွဲရေးယမ်းအမျိုးစားဖြစ်သည့် TNT မိုင်းများလည်းပါဝင်သည်ဟု ပြောဆိုသွားသည်။
၎င်းသေနတ်များကို အောက်စီဂျင်အိုးထဲတွင် ထည့်ပြီး လျို့ဝှက်စွာရန်ကုန်မြို့သို့ သွင်းယူလာခဲ့သည်ဟုလည်း ပြောဆိုသွားခဲ့သည်။