နိရဉ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၁(မြန်မာ)
မြန်မာပြည်သူထက်ဝက်ခန့်သည် တစ်ရက်ဝင်ငွေ တစ်ဒေါ်လာအောက်ဖြင့်ရှင်သန်နေ၇ဟု UNDP က ပြောကြောင်း BETV စီးပွားရေးသတင်းတွင် ဖော်ပြသည်။
UNDP ကသတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှုမျဉ်းအောက်နေထိုင်သူရာခိုင်နှုန်း၏ တစ်ရက်ဝင်ငွေမှာ ၁၅၉၀ ကျပ် (၀ ဒဿမ ၉၀ ဒေါ်လာ)ရှိပြီး၂၀၁၇ ခုနှစ်မှာ ၂၄ဒဿမ ၈ရာခိုင်နှုန်းရှိခဲ့သော်လည်း ယခုအခါ ၄၆ ဒဿမ ၃ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာသည်ဟု ဆိုသည်။
မြို့ပြဒေသများတွင် ဆင်းရဲမွဲတေမှုက ၂၀၁၇ ခုနှစ်တွင် ၁၁ ဒဿမ ၃ရာခိုင်နှုန်းရှိခဲ့သော်လည်း ယခုအခါ တုန်လှုပ်ဖွယ်ဖြစ်လာပြီး ၃၇ ဒဿမ ၂ ရာခိုင်နှုန်းခန့် အထိရှိလာပြီး ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ဆင်းရဲခြင်းကို ကျရောက်သွားမည်ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။
‘‘ဒီအတိုင်းအတာကဆင်းရဲမွဲတေမှုထဲ လျှောကျသွားခြင်းက လူလတ်တန်းစားတွေရဲ့ပျောက်ဆုံးမှုကို ဆိုလိုတာပါ’’ဟု UNDP အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာဗျူရိုရဲ့ ဒါရိုက်တာ Kanni Wignaraja က Nikkei Asia ကို အင်္ဂါနေ့၌ ပြောကြားခဲ့သည်ဟုဆိုသည်။
တချိန်ကမြန်မာနိုင်ငံမှာ တိုးတက်စေခဲ့သည့် အထည်ချုပ်၊ ခရီးသွားလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့မှာ ကိုဗစ်-၁၉ နှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် အပြင်းအထန်ထိခိုက်ခဲ့၇သည်ဟုပြောသည်။
မြန်မာနိုင်ငံရှိလူဦး၇ ထက်ဝက်ခန့်ကလာမယ့်နှစ်အစောပိုင်းတွင် ဆင်းရဲနွမ်းပါးစွာ နေထိုင်၇မည်ဖြစ်ပြီးကိုဗစ်-၁၉ ကပ်ရောဂါဂယက်နှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လွန်ခဲ့သည့် ၅ နှစ်ကထက် ဆင်းရဲနွမ်းပါးသူ အကြမ်းဖျင်းအားဖြင့်နှစ်ဆတိုးလာကြောင်း UNDP ကို ကိုးကားပြီး၎င်းသတင်းတွင် ဖော်ပြထားသည်။စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ခန့်မှန်းချက်အ၇မြန်မာနိုင်ငံ၏ GDP က ယခုနှစ်အတွင်း ၁၈ ဒဿမ ၄ ရာခိုင်နှုန်းကျုံ့သွားနိုင်ကြောင်း ခန့်မှန်းထားပြီး ဧပြီလခန့်မှန်းချက်ဖြစ်သည့် ၉.၈ ရာခိုင်နှုန်းထက် မြင့်တက်လာခဲ့သည်။
ကိုဗစ်-၁၉ကပ်ရောဂါအပြင် ဖေဖော်ဝါရီနောက်ပိုင်း အပြောင်းအလဲများ ကြောင့် လယ်ယာမဟုတ်သည့် စီးပွားရေးလုပ်ငန်းများကဝင်ငွေ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး လုပ်ခနှင့် စိုက်ပျိုးရေးဝင်ငွေများလည်း၂၅ ရာခိုင်နှုန်း လျော့ကျသွားကာ ငွေလွှဲမှုများကလည်း ၁၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း UNDP ၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
၎င်း၇လဒ်များကြောင့်ယခုအခါ နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးက အမှန်တကယ် ခက်ခဲသည့် အချိန်များနှင့် ရင်ဆိုင်နေ၇သည်ဟု UNDP က ပြောသည်။