English Edition
တနင်္ဂနွေနေ့၊ ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၂၄
လှူရန်
Preview
သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းအပါအဝင် ဖမ်းဆီးထောင်ချခံထားရသည့်အနုပညာရှင်အချို့ ပြန်လွတ်
မတ် ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :10817
ပြည်တွင်း သတင်း
မင်းအဂ္ဂ
စစ်တွေ၊ မတ် ၂ / ၂၀၂၂
ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းအပါအဝင် ဖမ်းဆီးထောင်ချခံထားရသည့်အနုပညာရှင်အချို့သည် ယနေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိ၇သည်။
လွတ်မြောက်လာသူများတွင် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနှင့် ဒါရိုက်တာဝိုင်းနှင့် မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်တို့ပါဝင်သည်ဟု သိ၇သည်။
သူတို့ကို ယနေ့ မတ်လ ၂ ရက်တွင် ခံဝန်ဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု နစကကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြောင်း သတင်းများတွင်ဖော်ပြထားသည်။
လွတ်မြောက်လာသူများတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်းနှင့် ပိုင်တံခွန်တို့သည် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထား၇သူများဖြစ်သည်။
၅၀၅ (က)ဖြင့် ယနေ့လွှတ်ပေးရာတွင် Beauty Blogger မဝင်းမင်းသန်းပါဝင်ခဲ့သော်လည်း သူမသည် မတရားအသင်းဆက်သွယ်မှုပုဒ်မ ပုဒ်မ ၁၇(၁)ဖြင့်ပါ တရားစွဲဆိုထောင်ချခံခဲ့ရသူဖြစ်သည့်အတွက် လွတ်မြောက်လာခြင်းမရှိသေးဟု သိ၇သည်။
ယနေ့လွတ်မြောက်လာသူတို့အားလုံးသည် ၂၀၂၁ ခုနှစ်အတွင်းက အာဏာသိမ်းမှုဖြစ်စဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။
၄င်းတို့အနက် ဒါရိုက်တာလူမင်းသည် အစောဆုံးဖမ်းဆီးခံခဲ့၇ပြီး အခြားသူများသည် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိ၇သည်။
ဒါရိုက်တာဝိုင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။
----------------------------
#ပြည်တွင်းသတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.