English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် “၀” တပ်မတော်နှင့် RCSS ရှမ်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်အသေအပျောက် ၆ ဦးထိရှိ
ဧပြီ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :4864
ပြည်တွင်း သတင်း
နိရဉ္စရာ၊ ဧပြီ ၆/၂၀၂၂
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် “၀”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တို့ အကြား မတ်လ ၅ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် နှစ်ဖက်တပ်ဖွဲ့မှ အသေအပျောက် ၆ ဦးထိရှိကြောင်း သိ၇သည်။
UWSAရဲ့ ပြင်ပဆက်ဆံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက တိုက်ပွဲမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မုံးထမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး ၀"တပ်ဖွဲ့ဝင် ရဲဘော်တဦး ကျဆုံးခဲ့ကာ RCSS ဘက်က ၅ ဦး အထိ ကျဆုံး ခဲ့သည်ဟု သူ၏ ဆိုရှယ်လူမှုကွန်ယက်စာမျက်နာပေါ်တွင် ရေးသားထားသည်။
သူ၏ ရေးသားဖော်ပြချက်အ၇ ဧပြီ ၅ ရက် ယမန်နေ့ နေ့နံနက်ပိုင်းတွင် UWSA ထိန်းချုပ်နယ်မြေ မုန်းထဒေသရှိ လုံခြုံရေးတာဝန် ထမ်းဆောင် နေသော ၀တပ်ဖွဲ့ဝင်အင်အား(၁၈)ဦးစခန်းချရာ နေရာသို့ RCSS တပ်ဖွဲ့မှ အင်အား၂၀ခန့်ဖြင့် နယ်မြေကျူးကျော် ဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်လာသည်ကို "၀"တပ်ဖွဲ့မှကောင်းမွန်စွာ မေးမြန်းစဉ် RCSS အဖွဲ့မှအခွင့် ကောင်းယူကာ စတင်ပစ်ခတ်သဖြင့် "၀"တပ်ဖွဲ့ဝင်ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း၊ ၎င်းနောက် နယ်မြေ ရှင်းလင်းရေး အတွက် အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့ရာ RCSSဘက်မှ (၅)ဦး ကျဆုံးပြီး လက်နက်ငယ် ၆လက် ရရှိခဲ့ပြီး ၀တပ်ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့ သည်ဟု သိ၇သည်။
၎င်းပြင် ဖေဖေါ်ဝါရီလ ၂၀၂၂/၀၂/၀၅ နေ့ကလည်း လွယ်မန်ထုံ ကြားခံနယ်မြေ အတွင်းသို့ RCSS အဖွဲ့မှ ကျူးကျော် ဝင်ရောက်လာပြီးနောက် စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်သဖြင့်မိမိတို့"၀" တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့၇သော်လည်း အပြန်အလှန်ပစ်ခတ်မှုခဏတာသာဖြစ်ပွါးခဲ့ပြီးနောက်မိမိတို့ "၀" တပ်ဖွဲ့မှ အင်အားသုံးပြီးပြန်လည်လက်တုံ့ပြန်ခြင်းမပြုခဲ့ပါဟု ဖော်ပြထားသည်။
#တိုင်းရင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.