သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အရပ်သား ၂,၃၀၀ ကျော်သေဆုံးခဲ့ဟု ISP ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

နိရဉ္စရာ၊ ဧပြီ ၈/ ၂၀၂၂ (မြန်မာ)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်အတွင်း သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံ ရပ်သားဦးရေမှာ စုစုပေါင်း ,၃၄၅ ဦး ထက်မနည်း ရှိခဲ့ကြောင်း Institute for Strategy and Policy- Myanmar ( ISP-Myanmar) ယနေ့ သတင်းထုတ်ပြန်သည်။

၎င်း အရေအတွက်မှာ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းများနှင့်  ISP-Myanmar က စုဆောင်းထားသည့် အချက်အလက်များ အရဟု ဆိုသည်။သေဆုံးခဲ့ရသည့် အရေအတွက်မှာ  ဆန္ဒပြပွဲများတွင်  စစ်ကောင်စီက အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့ပြီး နောက်ဆက်တွဲ ဖြစ်စဉ်များကြောင့် သေဆုံးခဲ့ရသူများ၊ ဖမ်းဆီးခံ ရပြီးတော့ စစ်ကြောရေးစခန်း ရောက်နေစဥ် အတွင်းမှာ သေဆုံးခဲ့ရသူများ အပြင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်စဉ်များအကြားတွင်  ဖမ်းဆီးခံရပြီး  မီးရှို့သတ်ဖြတ်ခြင်း ခံရသူများနှင့် လက်နက် ကျဉ်ထိမှန်ပြီး သေဆုံးခဲ့ရသူများ ပါဝင်သည်ဟု ဖော်ပြထားသည်။

၎င်းအပြင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဖြစ်စဉ်များကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၇၃၀ ဦးထက်မနည်းရှိခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ဆက်တွဲဖြစ်စဉ်များ ကြောင့် သေဆုံးခဲ့ရသည့် အရေအတွက် စုစုပေါင်း ၆၁၅ ဦးထက်မနည်းရှိခဲ့သည်ဟု ဆိုသည်။

စစ်အာဏာ သိမ်းမှုနောက်ပိုင်း လအလိုက် ပုံမှန်သေဆုံးမှုများ ရှိနေခဲ့ပြီး  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ဆက်တွဲဖြစ်စဉ်များကြောင့် သေဆုံးခဲ့ရသည့် အရေအတွက်ဟာ ပိုမိုများပြားခဲ့သည်ဟု ဖော်ပြသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များအကြား အရပ်သားသေဆုံးမှုဖြစ်စဥ်များထဲတွင်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် သေဆုံးခဲ့ရသည့်  Save the Children Myanmar က ဝန်ထမ်းနှစ်ဦးနှင့်  စစ်ဘေးရှောင်ဦးရေ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့်  ဖြစ်စဉ်မှာ  လူအများ အာရုံစိုက်မှုကို ရခဲ့ပြီး  နိုင်ငံတကာကလည်း ကန့်ကွက်ရှုတ်ချခဲ့သည်ဟု ဆိုသည်။

သေဆုံးသူများအထဲတွင် စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် န္တလေးတိုင်းတို့တွင် အရပ်သား အများဆုံးသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးခဲ့ရတဲ့ အရေအတွက် ၆၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။

ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း ရပ်သားသေဆုံးမှု စုစုပေါင်း ၂၈၀ ဦး ထက်မနည်း ရှိခဲ့ကြောင်း၊ ထူးခြားချက်အနေဖြင့် အရပ်သားသေဆုံးမှု အများဆုံးရှိခဲ့တဲ့ နေရာငါးခုမှာ တိုင်းဒေသကြီးများဖြစ်ကြောင်း၊ ၎င်းအပြင် သေသုံးခဲ့ရသူများအထဲတွင်  အမျိုးသား ၁,၄၈၆ ဦး၊ အမျိုးသမီး ၁၅၀ ဦးနှင့် ကျား/မ ဦးရေ အတိအကျ အတည်မပြုနိုင်ဘဲ သေဆုံးသူ ၉၄ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။

စုစုပေါင်း သေဆုံးခဲ့ရသူအားလုံး ၈၆ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြသည်ဟု ဆိုသည်။

အသက်အပိုင်းအခြားအရ ကြည့်လျှင်လည်း သေဆုံးခဲ့ရသူများထဲမှာ အသက် ၁၈ နှစ် မပြည့်သေးသည့်သူ စုစုပေါင်း ၁၃၅ ဦးထက်မနည်းရှိခဲ့ပြီး  အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အကြား သေဆုံးသူအများဆုံးဖြစ်ကာ စုစုပေါင်း ၅၅၈ ဦးထက်မနည်း ရှိခဲ့သည်ဟု အချက်အလက်များကို ထုတ်ပြန်ထားရာတွင် ISP Myanmar က ဖော်ပြထားသည်။

ဆက်စပ် သတင်းများ