Preview

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်မြန်မာနိုင်ငံသားများတင်ဆောင်လာသည့်ကား သေနတ်ဖြင့်ပစ်ခံ၇၍ တစ်ဦးသေပြီး ၃ ဦးဒဏ်ရာရ

မေ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :7048
ပြည်တွင်း သတင်း
နိရဉ္စရာ၊ မေ ၈/ ၂၀၂၂ (မြန်မာရေးရာ)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံသားမှ တရားမဝင် အလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် တစ်ဦးသေပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းဖြစ်စဉ်သည် မေ ၆ ရက် နံနက် ရ ခန့်တွင်ဖြစ်ပွားခဲ့ပြီး ကားသည် သေနတ်အချက်ပေါင်းများစွာ ထိမှန်ခဲ့သည်ဟု သိ၇သည်။
သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သေနတ် ဒဏ်ရာမှာ ဦးခေါင်းတွင် တစ်ချက်၊ နောက်ကျော၌ တစ်ချက်ထိမှန် ခဲ့သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ပြောသည်။
ဒဏ်ရာသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကိုတို့ကိုလည်း ပရာကျွတ်ခီရီခန်ဆေးရုံကို ပို့ဆောင်ခဲ့၇သည်ဟု ဆိုသည်။
အခင်းဖြစ်ပွားရာ နေရာအနီးမှာ ပုန်းခိုနေသည့် မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦးကိုလည်း ထပ်မံတွေ့ရှိရပြီး စုံစမ်းစစ်ဆေးမှုအရ ၎င်းတို့ ပုန်းခိုနေသော နေရာ၌ ၃ ရက်ခန့် ကြာပြီဖြစ်သည်ဟု သိ၇သည်။
အထောက်အထားမဲ့ မြန်မာသားများကို တင်ဆောင်လာသည့် ၎င်းကားသည် ထိုင်း-မြန်မာ နယ်စပ် ပရာကျွတ်ခီရီကန် ပြည်နယ်ထဲတွင် လုံခြုံရေး စစ်ဆေးရေးဂိတ်၌ အစစ်ဆေးမခံဘဲ မောင်းပြေးပြီးတဲ့နောက် သေနတ် ပစ်ခတ်ခံ၇ခြင်းဖြစ်သည်ဟု ဗွီအိုအေသတင်းက ဖော်ပြထားသည်။ ( NN-15)
( ဓာတ်ပုံ - VOA နှင့် Burma VJ)

#လူမှောင်ခို
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.