English Edition
ကြာသပတေးနေ့၊ ဇူလိုင်လ ၁၀ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုး ABSDF မတက်ဟု ထုတ်ပြန်ကြေညာ
မေ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :10669
ပြည်တွင်း သတင်း
နိရဉ္စရာ၊ မေ ၈/၂၀၂၂ ( မြန်မာရေးရာ)
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး/မကဒတ( ABSDF)သည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက်ဟု ယနေ့ ထုတ်ပြန်ကြေညာသည်။
ယခုကဲ့သို့ မတက်ရောက်ရခြင်းမှာ ယခု ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွင် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေး အဖြေရှာရန် ပြည့်စုံ လုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် မကဒတအနေဖြင့် တက်ရောက်နိုင်မည်မဟုတ်ဟု ပါရှိသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KNU၊ KIO ၊ KNPP ၊ CNF ၊ ABSDF တို့က တက်ရောက်မဟုတ်ကြောင်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။
၎င်းအပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ထုတ်ပြန် ချက်ထဲတွင်လည်း “ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုသည် တနိုင်ငံ လုံးလွှမ်းခြုံသည့် တွေ့ဆုံ ဆွေးနွေးမှု မဖြစ်သကဲ့သို့ လက်ရှိဖြစ်နေသည့် နိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် ဤဖိတ်ခေါ်မှုသည် တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်ကောင်း မဟုတ်ကြောင်း” ဖော်ပြထားသည်။
လက်ရှိ တက်ရောက်မည့် အဖွဲ့မှာ ၅ ဖွဲ့သာ ရှိနေပြီး ထိုအဖွဲ့များမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ် ပါတီ(NMSP)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) တို့ဖြစ်ကြောင်း သိ၇သည်။ ( NN-15)
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.