English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
၂ ရက်အတာအတွင်း မြန်မာမှ MoU အလုပ်သမား ၆၀၀ ခန့်ထိုင်းနိုင်ငံသို့ ဝင်ရောက်
မေ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :8173
ပြည်တွင်း သတင်း
နိရဉ္စရာ၊ မေ ၁၁/၂၀၂၂
MoU စနစ်ဖြင့် ထိုင်းငံသို့ မြန်မာအလုပ်သမားများ ပို့ဆောင်နေရာ ပထမ အသုတ်နှင့် ဒုတိယ အသုတ် ၂ ရက်တာ အတွင်း မြန်မာအလုပ်သမား ၆၀၀ နီးပါး ဝင်ရောက်ခွင့် ရရှိခဲ့သည်ဟု အလုပ်သမားသံရုံးအရာရှိရုံး (Myanmar Labour Attache Office) ၏ ထုတ်ပြန်ချက်အရ သိ၇သည်။
ထိုသို့ပို့ဆောင်ရာတွင် မေ ၁၀ ရက်ပထမအသုတ်တွင် ၂၈၇ ဦးနှင့် မေ ၁၁ ရက် ဒုတိယအသုတ်တွင် ၃၀၁ ဦးကို မြ၀တီ- မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး တံတားကတဆင့် မဲဆောက်နယ်စပ်စခန်းသို့ ပို့ဆောင်နိုင်ခဲ့သည်ဟု သိ၇သည်။
ပထမအသုတ် ဝင်ရောက်လာ ၂၈၇ ဦး( ကျား ၇၈ ဦးနှင့် မ ၂၀၉ ဦး) မှာ ထိုင်းနိုင်ငံ Panuspoultry Group Co., Ltd ကြက်သားစက်ရုံ၌ လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
၎င်းတို့အား မဲဆောက်နယ်စပ်စခန်း၌ ကြိုဆိုလက်ခံခဲ့ပြီး လက်ခံ ဆောင်ရွက်သည့် နည်းလမ်းများ မြန်ဆန်စေရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခက်အခဲမရှိစေရေး၊ နယ်စပ်စခန်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပိုမိုကောင်းမွန်သည့် လက်ခံမှုနည်းလမ်းများ ပေါ်ပေါက်လာနိုင်ရေးတို့အတွင် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်ဟု သိ၇သည်။
ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် ၂ နှစ်နီးပါး ပိတ်ထားခဲ့ရသည့် MoU စနစ် ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရေးကို ၂၀၂၂ ခုနှစ် မေ ၁၀ ရက် နေ့တွင် ပြန်လည်စတင်နိုင်ခဲ့သည်ဟု သိ၇သည်။
(ဓာတ်ပုံ- Myanmar Labour Attaché Office)
#အလုပ်သမားအခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.