Preview

ကယားပြည်နယ်တွင် စစ်ဘေးရှောင်များစီးနင်းလာသည့်ကား ချောက်ထဲကျသွား၍ ၃ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရ

မေ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :7901
ပြည်တွင်း သတင်း
နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၂ (တိုင်းရင်းသားရေးရာ)
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် စစ်ဘေး ရှောင်ဒုက္ခသည်များ စီးနင်း လာသည့်ကားတစ်စီးမှာ ယနေ့ မေလ ၁၂ရက် နံနက် ၈နာရီ အချိန်ခန့်တွင် ပေ ၄၀၀ခန့်နက်သည့် ချောက်အတွင်းသို့ ကျသွားသွားခဲ့သဖြင့် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိ၇သည်။
အဆိုပါချောက်သို့ကျသွားသည့်အတွက် ကားပေါ်၌လိုက်ပါလာသည့် စစ်ဘေးရှောင်ဒုက္ခသည် ၅ဦးအနက် ၂ဦးမှာပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန် ၃ဦးမှာ သက်ဆိုင်ရာ ကျန်းမာရေးကားဖြင့် သယ် ယူသွားရာ ဆေးပေးခန်း အရောက်တွင် ၁ဦးမှာ ထက်မံသေဆုံးခဲ့သည်ဟု ၎င်းကိစ္စအားကူညီပေးခဲ့သည့် ဒေါ်ရို့စလင်းအိက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ကျမက ခရီးသွားကြုံရင်း ကူညီပေးတာပါ။ အများကြီးတော့မသိပါဘူး။ ကားကျပြီးမှ တွေ့တာပါ။ ကားပေါ် အမျိုးသား ငါးယောက်ပါ။ နှစ်ယောက် အသက်ရှင်ကျန်ပါတယ်။ နေ့လည်ကအထိပေါ့။ ကျမ ကအဲ့နောက်ပိုင်း ခရီးဆက်သွားလို့ ဘာအသိတော့ပါဘူး။ နေရာကတော့ပြောလို့ အဆင် မပြေပါဘူး။။အဲ့နေရာ ကျမ နေနေလို့ပါ။ ကျမက ဖမ်း၀ရမ်းထိထားလို့ပါ"ဟု ပြောသည်။
သေဆုံးသွားသူများမှာ ဒီးမော့ဆိုအနီး တစ်ဝိုက် စစ်ရှောင်နေသူများ ဖြစ်သည်ဟုသိ၇သည်။ (NN-11)

#တိုင်းရင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.